သို့သော် ထိုကျွန်သည် ထွက်သွားပြီးနောက် သူ့အား ငွေဒင်္ဂါးပြားတစ်ရာ အကြွေးတင်နေသော ကျွန်ဖော်ချင်းတစ်ဦးကို တွေ့လျှင် ထိုသူ၏ လည်ကိုညှစ်၍ ‘သင်ချေးယူထားသောအကြွေးကို ဆပ်လော့’ ဟု ဆိုလေ၏။
မဿဲ 24:49 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားသောအစေခံယောက်ျား၊ အစေခံမိန်းမတို့အား ရိုက်နှက်ကာ သောက်စားမူးယစ်လျက်နေလျှင် Common Language Bible ကျွန်ယောကျာ်း၊ ကျွန်မိန်းမတို့အားရိုက်နှက်လျက် သေသောက်ကြူးသူတို့နှင့်သောက်စားမူးယစ်လျက် နေလိမ့်မည်။- Garrad Bible ကျွန် ချင်း တို့ ကို ရိုက် ပုတ်၍ သောက် ကြူး သော သူ တို့ နှင့် စား သောက် ရှိ နေ လျှင် Judson Bible ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသော သူတို့နှင့်တကွ စားသောက်လျက်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း အစေအပါးချင်းတို့ကို ရိုက်နှက်ကာ ယစ်မူးသောသူများနှင့်အတူ စားသောက်လျက်နေလျှင် မြန်မာ ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသော သူတို့နှင့်တကွ စားသောက်လျက်နေ၏။- |
သို့သော် ထိုကျွန်သည် ထွက်သွားပြီးနောက် သူ့အား ငွေဒင်္ဂါးပြားတစ်ရာ အကြွေးတင်နေသော ကျွန်ဖော်ချင်းတစ်ဦးကို တွေ့လျှင် ထိုသူ၏ လည်ကိုညှစ်၍ ‘သင်ချေးယူထားသောအကြွေးကို ဆပ်လော့’ ဟု ဆိုလေ၏။
သို့ရာတွင် အစေခံသည် ဆိုးသွမ်း၍ ‘ငါ၏သခင်သည် အိမ်ပြန်နောက်ကျလိမ့်မည်’ ဟု စိတ်တွင်ထင်မှတ်ပြီး
သူ၏သခင်သည် သူမျှော်လင့်မထားသောအချိန်နှင့် သူမသိသောနေ့ရက်တွင် ရောက်လာလိမ့်မည်။
ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။
“လူတိုင်းသည် ကောင်းသောစပျစ်ဝိုင်ဖြင့် ဦးစွာဧည့်ခံပြီး လူတို့သောက်၍ ယစ်မူးသောအခါ၌သာ အရည်အသွေးညံ့သော စပျစ်ဝိုင်ဖြင့် ဧည့်ခံလေ့ရှိ၏။ သင်ကမူ ကောင်းသောစပျစ်ဝိုင်ကို ယခုထိတိုင် သိမ်းထားပါပြီ” ဟု ဆို၏။
ထိုသူတို့သည် ကျွန်ုပ်တို့သခင်ခရစ်တော်၏ အမှုကို မဆောင်ရွက်ဘဲ ကိုယ်ကျိုးကိုသာ ဆောင်ရွက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့သည် ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတို့၏ စိတ်ကို လှည့်ဖြားတတ်ကြ၏။
တစ်စုံတစ်ယောက်က သင်တို့ကို ကျွန်ခံစေသည်ဖြစ်စေ၊ ခေါင်းပုံဖြတ်သည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။
ထိုသူတို့၏ နိဂုံးသည် ပျက်စီးခြင်း ဖြစ်၏။ သူတို့၏ ဘုရားသည် သူတို့၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့ပြုသော ရှက်ဖွယ်အရာကို ဂုဏ်ယူဝင့်ကြွားကြ၏။ သူတို့သည် လောကီရေးရာကိုသာ စွဲလမ်းကြ၏။
ထိုသို့ သင်တို့အား အပ်ထားသောသူတို့ကို အုပ်ထိန်းရာတွင် အုပ်စိုးခြယ်လှယ်မှုမပြုဘဲ သိုးစုကဲ့သို့သော လူတို့အတွက် စံနမူနာဖြစ်စေကြလော့။
သူတို့သည် သင်တို့၏ ချစ်ခြင်းမေတ္တာပွဲတွင် သင်တို့နှင့်အတူ စားသောက်သောအခါ မရှက်ကြောက်ဘဲ ကိုယ့်အဖို့သာ ဂရုစိုက်၍ ပွဲ၌ အန္တရာယ်ရှိသောငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့သည် လေတိုက်၍ လွင့်သည့် မိုးရေမပါသော တိမ်များနှင့်တူ၏။ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါပြန်သေရသော အသီးမသီးသည့်ဆောင်းဦးသစ်ပင်နှင့်တူ၏။
ထိုသားရဲသည် ဘုရားသခင်၏ သန့်ရှင်းသူတို့ကို တိုက်၍ အောင်နိုင်ခွင့်ရ၏။ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို အုပ်စိုးခွင့်လည်း ရ၏။
ထိုသူတို့သည် သန့်ရှင်းသူတို့နှင့် ပရောဖက်တို့၏ သွေးကို သွန်းခဲ့ကြသဖြင့် ထိုသူတို့နှင့် ထိုက်တန်သည့်အတိုင်း ကိုယ်တော်သည် ထိုသွေးကို သူတို့အား တိုက်တော်မူ၏” ဟုပြောသည်ကို ကျွန်ုပ်ကြားရ၏။
ထိုအမျိုးသမီးသည် ယေရှုအကြောင်း သက်သေခံသောသန့်ရှင်းသူတို့၏သွေးကို သောက်၍ ယစ်မူးနေသည်ကို ကျွန်ုပ်မြင်ရ၏။ သူ့ကို မြင်ရသောအခါ ကျွန်ုပ်သည် အလွန်အံ့ဩလျက်နေ၏။