ထိုသူတို့က ‘ကျွန်ုပ်တို့အား ငှားမည့်သူမရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်က ထိုသူတို့အား ‘သင်တို့သည်လည်း ငါ့စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ’ ဟု ဆို၏။
မဿဲ 20:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်သည် သူ၏စီမံခန့်ခွဲရေးမှူးအား ‘လုပ်သားများကို ခေါ်ကာ နောက်ဆုံးအလုပ်ဝင်သူမှစ၍ အဦးဆုံးအလုပ်ဝင်သူအထိ လုပ်အားခကိုပေးလော့’ ဟု ဆို၏။ Common Language Bible ``ညချမ်းအချိန်ကျသောအခါဥယျာဉ်ရှင်သည် မိမိ၏စီမံခန့်ခွဲရေးမှူးအား `အလုပ်သမားများ ကိုခေါ်လော့။ နောက်ဆုံးအလုပ်ဝင်သူများမှအစပြု ၍ပထမဆုံးအလုပ်ဝင်သူများတိုင်အောင်လုပ် အားခများကိုပေးလော့' ဟုဆို၏။- Garrad Bible ည နေ ချမ်း အ ချိန် ရောက် သော် ဥ ယျာဉ့် ရှင် က လုပ် သား တို့ ကို ခေါ် လျက် နောက် ဆုံး လုပ် သူ မှ စ၍ အ ဦး ဆုံး လုပ် သူ တိုင် အ ခ ပေး လော့ ဟု ဘ ဏ္ဍာ စိုး အား ဆို သည့် အ တိုင်း Judson Bible ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က လုပ်ဆောင်သော သူတို့ကို ခေါ်ခဲ့လော့။ နောက်ဝင်သော သူမှစ၍ အရင်အဦးဝင်သော သူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကို မှာလိုက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ညနေချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်က သူ၏အိမ်မှုကိစ္စစီမံကွပ်ကဲသူအား ‘အလုပ်သမားများကိုခေါ်၍ နောက်ဆုံးလာသောသူတို့ကစပြီး ပထမဦးဆုံးလာသောသူတို့အထိ သူတို့၏လုပ်အားခကိုပေးလော့’ဟု ဆိုလေ၏။ မြန်မာ ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က လုပ်ဆောင်သော သူတို့ကို ခေါ်ခဲ့လော့။ နောက်ဝင်သော သူမှစ၍ အရင်အဦးဝင်သော သူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကို မှာလိုက်လေ၏။- |
ထိုသူတို့က ‘ကျွန်ုပ်တို့အား ငှားမည့်သူမရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်က ထိုသူတို့အား ‘သင်တို့သည်လည်း ငါ့စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ’ ဟု ဆို၏။
ညနေငါးနာရီခန့်တွင် အလုပ်ဝင်သည့်သူများ ရောက်လာသော် စီမံခန့်ခွဲရေးမှူးသည် ထိုသူတို့အား ငွေဒင်္ဂါးတစ်ပြားစီ ပေးလေ၏။
ကာလအတန်ကြာသော် ထိုအစေခံတို့၏ သခင်သည် ခရီးမှ ပြန်ရောက်လာ၍ သူတို့နှင့် စာရင်းရှင်းလေ၏။
လူသားသည် မိမိ၏ဘုန်းအသရေကို ဆောင်၍ ကောင်းကင်တမန်များခြံရံလျက် ကြွလာသောအခါ ဘုန်းအသရေနှင့် ပြည့်စုံသော သူ၏ ရာဇပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။
တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းရွှေ့ကြဘဲ အိမ်တစ်အိမ်တည်း၌သာ တည်းခို၍ အိမ်ရှင်ကျွေးမွေးဧည့်ခံသမျှကို စားသောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် အခကြေးငွေကို ရထိုက်သောကြောင့်ဖြစ်၏။
ထိုအခါ သခင်ဘုရားက “သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောစီမံခန့်ခွဲသူသည် မည်သူနည်း။ ထိုသူသည် အစေခံများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူဖြစ်၏။
ဟေရုဒ်၏အိမ်တော်ထိန်းခုဇ၏ဇနီး ယောဟန္နနှင့် ရှုရှန္နအပါအဝင် ယေရှုနှင့် တပည့်တော်တို့အား မိမိတို့ဥစ္စာများဖြင့် ကူညီထောက်ပံ့သော အခြားအမျိုးသမီးများလည်း ပါကြ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ခန္ဓာ၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသောအမှုအတွက်ဖြစ်စေ၊ မကောင်းသောအမှုအတွက်ဖြစ်စေ ထိုက်သင့်ရာအကျိုးအပြစ် အသီးသီးကို ခံစားရန် ခရစ်တော်၏ တရားပလ္လင်ရှေ့မှောက်သို့ ရောက်ရှိလာကြရမည်ဖြစ်သောကြောင့်ဖြစ်၏။
သင်းအုပ်သည် ဘုရားသခင်၏ အမှုတော်တွင် စီမံခန့်ခွဲသူဖြစ်၏။ ထို့ကြောင့် သူသည် အပြစ်ကင်းသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စားမူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်းဖြင့် ငွေရှာသူ မဖြစ်ရ။
ခရစ်တော်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန် မိမိကိုယ်ကိုယ် တစ်ကြိမ်တည်းသာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များကို ဖယ်ရှားရန် မဟုတ်ဘဲ ကိုယ်တော်ကို စောင့်မျှော်နေသူတို့အား ကယ်တင်ရန် ဒုတိယအကြိမ်ပေါ်ထွန်းတော်မူလိမ့်မည်။
သင်တို့တစ်ဦးစီသည် ဘုရားသခင်ထံမှ ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်းအဖြစ် ထိုဆုကျေးဇူးတို့ကို အသုံးပြု၍ အချင်းချင်း ကူညီဆောင်ရွက်ကြလော့။