ငါအမှန်ဆိုရလျှင် ကမ္ဘာလောကတွင် သင်တို့တားမြစ်သမျှသည် ကောင်းကင်ဘုံ၌လည်း တားမြစ်ခံရမည်။ ကမ္ဘာလောကတွင် သင်တို့ခွင့်ပြုသမျှသည် ကောင်းကင်ဘုံ၌လည်း ခွင့်ပြုခံရမည်။
မဿဲ 16:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်နိုင်ငံ၏ သော့များကို သင့်အား ငါပေးမည်။ ကမ္ဘာလောကတွင် သင်တားမြစ်သမျှသည် ကောင်းကင်ဘုံ၌လည်း တားမြစ်ခံရမည်။ ကမ္ဘာလောကတွင် သင်ခွင့်ပြုသမျှသည် ကောင်းကင်ဘုံ၌လည်း ခွင့်ပြုခံရမည်” ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်သင့်အားကောင်းကင်နိုင်ငံတော်၏သော့ များကိုပေးအပ်မည်။ လောကတွင်သင်တားမြစ် သမျှကိုဘုရားသခင်သည်ကောင်းကင်ဘုံတွင် လည်းတားမြစ်တော်မူမည်။ လောကတွင်သင်ခွင့် ပြုသမျှကိုကောင်းကင်ဘုံတွင်လည်းခွင့်ပြု တော်မူမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ကောင်း ကင် နိုင် ငံ တော်၏ သော့ များ ကို သင့် အား ငါ ပေး သည့် ပြင် မြေ ကြီး ပေါ် တွင် မည် သည့် အ ရာ ကို မ ဆို သင် မြစ် တား လျှင် ကောင်း ကင် ဘုံ တွင် မြစ် တား လျက် ရှိ လိမ့် မည်။ မြေ ကြီး ပေါ် တွင် မည် သည့် အ ရာ ကို မ ဆို သင် ခွင့် ပြု လျှင် ကောင်း ကင် ဘုံ တွင် ခွင့် ပြု လျက် ရှိ လိမ့် မည် ဟု မိန့် တော် မူ၏။ Judson Bible ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်နိုင်ငံတော်၏သော့များကို သင့်အား ငါပေးမည်။ မြေကြီးပေါ်၌ သင်ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်ခြင်းခံရလျက်ရှိလိမ့်မည်။ မြေကြီးပေါ်၌ သင်ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ ဖြေလွှတ်ခြင်းခံရလျက်ရှိလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ မြန်မာ ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊- |
ငါအမှန်ဆိုရလျှင် ကမ္ဘာလောကတွင် သင်တို့တားမြစ်သမျှသည် ကောင်းကင်ဘုံ၌လည်း တားမြစ်ခံရမည်။ ကမ္ဘာလောကတွင် သင်တို့ခွင့်ပြုသမျှသည် ကောင်းကင်ဘုံ၌လည်း ခွင့်ပြုခံရမည်။
တစ်စုံတစ်ဦး၏ အပြစ်ကို သင်တို့ခွင့်လွှတ်လျှင် ထိုသူသည် အပြစ်လွှတ်ခြင်းကို ခံရ၏။ သင်တို့ခွင့်မလွှတ်လျှင် ထိုသူသည် အပြစ်လွှတ်ခြင်းကို မခံရ” ဟု မိန့်တော်မူ၏။
များစွာငြင်းခုံဆွေးနွေးကြပြီးနောက် ပေတရုသည်ထ၍ “ညီအစ်ကိုတို့… ကျွန်ုပ်ဟောပြောသော သတင်းကောင်းကို လူမျိုးခြားတို့ကြား၍ ယုံကြည်နိုင်ရန် ဘုရားသခင်သည် အစောပိုင်းကာလတွင် သင်တို့အထဲမှ ကျွန်ုပ်ကို ရွေးချယ်တော်မူကြောင်း သင်တို့သိကြ၏။
သင်တို့ ခွင့်လွှတ်သောသူကို ကျွန်ုပ်လည်း ခွင့်လွှတ်၏။ ကျွန်ုပ်သည် တစ်စုံတစ်ယောက်ကို ခွင့်လွှတ်စရာရှိ၍ ခွင့်လွှတ်လျှင် သင်တို့အကျိုးအတွက် ခရစ်တော်၏ရှေ့တော်၌ ခွင့်လွှတ်၏။
ထို့ကြောင့် ဤညွှန်ကြားချက်များကို ငြင်းပယ်သော သူတို့သည် လူကို ငြင်းပယ်သည်မဟုတ်ဘဲ သင်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။
ထိုသူတို့၌ ပရောဖက်ပြုဟောပြောသည့်အချိန်ကာလအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သော အခွင့်အာဏာရှိ၏။ ထိုသူတို့၌ ရေကို သွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သော အခွင့်အာဏာနှင့် မိမိတို့အလိုရှိသည့်အချိန်တိုင်း ကမ္ဘာလောကကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်အာဏာလည်းရှိ၏။
ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ သန့်ရှင်း၍ မှန်သောစကားကိုပြောသူ၊ ဒါဝိဒ်မင်း၏အခွင့်အာဏာသော့ကို ရရှိထားသူ၊ မည်သူမျှမပိတ်နိုင်အောင် ဖွင့်၍ မည်သူမျှမဖွင့်နိုင်အောင် ပိတ်သူက ဤသို့မိန့်တော်မူ၏။
ပဉ္စမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ ကြယ်တစ်လုံးသည် ကောင်းကင်မှ ကမ္ဘာမြေပေါ်သို့ ကြွေကျသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုကြယ်အား တွင်းနက်ကြီး၏သော့ကို ပေးတော်မူ၏။