Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 9:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ပဉ္စမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ ကြယ်​တစ်လုံး​သည် ကောင်းကင်​မှ ကမ္ဘာမြေ​ပေါ်​သို့ ကြွေကျသည်​ကို ကျွန်ုပ်​မြင်ရ၏။ ထို​ကြယ်​အား တွင်းနက်ကြီး​၏​သော့​ကို ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထို​နောက်​ပဉ္စမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​မှ​ကမ္ဘာ​မြေ ပေါ်​သို့​ကြယ်​တစ်​လုံး​ကြွေ​ကျ​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား​တွင်း​နက်​ကြီး​၏ တံ​ခါး​သော့​ကို​ပေး​အပ်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ပ ဥ္စ မ စေ တ မန် တော် တံ ပိုး မှုတ် သည့် ကာ လ ငါ မျှော် ကြည့် ရာ ကောင်း ကင် မှ မြေ သို့ ကျ သော ကြယ် ဖြစ် သူ သည် င ရဲ တွင်း သော့ ကို ခံ ရ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ပ​ဥ္စ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကြယ်​တစ်​လုံး​သည် ကောင်း​ကင်​က မြေ​ကြီး​ပေါ်​သို့ ကျ​သည်​ကို ငါ​မြင်၏။ သူ၌ အ​နက်​ဆုံး​သော​တွင်း၏ သော့​ကို အပ်​ပေး​သည်​ဖြစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ပဉ္စမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​မှ​မြေကြီး​ပေါ်သို့​ကျ​လာ​သော ကြယ်​တစ်​လုံး​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား အတိုင်းမသိ​နက်ရှိုင်း​သော​တွင်း​၏​သော့​ကို ပေးအပ်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 9:1
20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​က “စာတန်မာရ်နတ်​သည် လျှပ်စီး​လက်​သကဲ့သို့ ကောင်းကင်​မှ ကျလာသည်​ကို ငါ​မြင်၏။


ထို့နောက် နတ်ဆိုးတို့​က တွင်းနက်ကြီး​ထဲသို့ မချသေး​ရန် ယေရှု​အား ထပ်​၍ တောင်းပန်ကြ၏။


သို့မဟုတ် ‘ခရစ်တော်​ကို သေခြင်း​မှ ထမြောက်​စေတော်မူ​ရန် တွင်းနက်ကြီး​ထဲသို့ မည်သူ​ဆင်းမည်နည်း’ ဟူ၍ မပြောဆိုနှင့်” ဟု ဆိုထား၏။


ငါ​သည် အသက်ရှင်သော​သူ​ဖြစ်၏။ ငါ​သည် သေခဲ့၏။ ယခု​တွင်မူ အစဉ်​ထာဝရ​အသက်ရှင်၏။ ငါ​သည် သေခြင်းတရား​နှင့် မရဏ​နိုင်ငံ​ကို အစိုးရ၏။


ငါ​၏​လက်ယာ​လက်​၌ သင်​မြင်တွေ့ရသော ကြယ်​ခုနစ်လုံး​နှင့် ရွှေ​ဆီမီးတိုင် ခုနစ်တိုင်တို့​၏ လျှို့ဝှက်​နက်နဲသော​အရာ​မှာ ကြယ်​ခုနစ်လုံး​သည် အသင်းတော်​ခုနစ်ပါး​၏ ကောင်းကင်တမန်များ​ဖြစ်ပြီး ရွှေ​ဆီမီးတိုင်​ခုနစ်တိုင်​သည် အသင်းတော်​ခုနစ်ပါး​ဖြစ်၏။


သူတို့​သက်သေခံ​ပြီး​သောအခါ တွင်းနက်ကြီး​ထဲမှ တက်လာသော သားရဲ​သည် သူတို့​ကို တိုက်ခိုက်​အောင်နိုင်​၍ သတ်ဖြတ်​လိမ့်မည်။


သင်​မြင်ရသော​သားရဲ​သည် ယခင်က အသက်ရှင်​သော်လည်း ယခု​မရှင်တော့ပေ။ သို့သော် မကြာမီ သူ​သည် တွင်းနက်ကြီး​ထဲမှ တက်လာပြီး ဖျက်ဆီးခြင်း​ကို ခံရ​လိမ့်မည်။ ကမ္ဘာလောက​၌ နေထိုင်ကြသော​သူတို့​တွင် ကမ္ဘာဦး​အစ​ကပင် အသက်​စာစောင်​၌ စာရင်း​မဝင်သူများ​က ထို​သားရဲ​ကို မြင်ရ​သောအခါ အလွန်​အံ့ဩကြ​လိမ့်မည်။ အကြောင်းမှာ ယခင်​အသက်ရှင်ခဲ့သည့် ထို​သားရဲ​သည် ယခု​မရှင်တော့​သော်လည်း မကြာမီ​ပြန်ပေါ်လာ​ဦးမည့်​အတွက်ကြောင့် ဖြစ်၏။


ထို့နောက် ကောင်းကင်တမန်​တစ်ပါး​သည် တွင်းနက်ကြီး​၏​သော့​နှင့် သံကြိုးကြီး​ကို ကိုင်​လျက် ကောင်းကင်ဘုံ​မှ ဆင်းသက်လာသည်​ကို ကျွန်ုပ်​မြင်ရ၏။


သူတို့​ကို လှည့်ဖြားသော​မာရ်နတ်​သည်လည်း သားရဲ​နှင့် ပရောဖက်​အတုအယောင်တို့ ပစ်ချခံရသည့် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခံရ၏။ သူတို့​သည် နေ့ည​မပြတ် အစဉ်​ထာဝရ ညှဉ်းဆဲခြင်း​ကို ခံကြရ​လိမ့်မည်။


လေပြင်း​ကြောင့် အချိန်​မတန်ဘဲ သဖန်းသီးစိမ်းများ သဖန်းပင်​မှ ကြွေကျလာ​သကဲ့သို့ ကောင်းကင်​မှ ကြယ်များ​သည် မြေ​ပေါ်သို့ ကြွေကျလာ၏။


တတိယ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ မီးတုတ်​ကဲ့သို့ တောက်လောင်နေသော ကြယ်ကြီး​တစ်လုံး​သည် ကောင်းကင်​မှ ကြွေကျ​၍ မြစ်​သုံးပုံ​တစ်ပုံ​နှင့် စမ်းရေတွင်းများ​ပေါ်သို့ ကျလေ၏။


စတုတ္ထ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ နေ၊ လ၊ ကြယ်တို့​၏ သုံးပုံ​တစ်ပုံ​သည် ထိခိုက်​ပျက်စီးသွား​သဖြင့် ၎င်းတို့​၏​အလင်း​သည် သုံးပုံ​တစ်ပုံ လျော့နည်းသွား၏။ နေ့​၏​သုံးပုံ​တစ်ပုံ​နှင့် ည​၏​သုံးပုံ​တစ်ပုံ​သည် အလင်းရောင်​မရကြ။


ထို့နောက် ဘုရားသခင်​၏​ရှေ့တော်​၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါး​ကို ကျွန်ုပ်​မြင်ရ၏။ ဘုရားသခင်​သည် သူတို့​အား​တံပိုးခရာ​ခုနစ်ခု​ကို ပေးတော်မူ၏။


သူ​သည် တွင်းနက်ကြီး​ကို ဖွင့်လိုက်​သောအခါ မီးခိုး​သည် မီးဖိုကြီး​မှ ထွက်သည့်​အလား တွင်း​ထဲမှ ထွက်လာ၏။ ထို​မီးခိုး​ကြောင့် နေ​နှင့် အာကာသ​မိုးကောင်းကင်​သည် မှောင်မိုက်​သွားလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ