ထို့နောက် ယေရှုသည် လူထုပရိသတ်ကို ခေါ်၍ “ငါ့စကားကို သင်တို့နားထောင်၍ နားလည်ရန်ကြိုးစားကြလော့။
မဿဲ 15:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် လူ့စည်းမျဉ်းတို့ကို ဘုရားသခင်ထံမှလာသော သွန်သင်ချက်များအဖြစ် သွန်သင်ကြ၏။ သို့ဖြစ်၍ ငါ့ကို သူတို့ကိုးကွယ်ကြသည်မှာ အချည်းနှီးဖြစ်၏’ ဟူ၍ ကြိုတင်ဟောသည်မှာ မှန်လှ၏” ဟု မိန့်တော်မူ၏။ Common Language Bible သို့ဖြစ်၍ငါ့အားသူတို့ဝတ်ပြုကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်၏' ဟုမိန့်ကြားခဲ့သည်မှာမှန်လှ၏'' ဟုမိန့်တော်မူ၏။ Judson Bible နောက်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် လူတို့၏ပညတ်ချက်များကို ဩဝါဒများအဖြစ်သွန်သင်လျက် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏’ဟူ၍ ပရောဖက်ပြုဟောပြောခဲ့သည်မှာ မှန်လှပေ၏”ဟု မိန့်တော်မူ၏။ မြန်မာ နောက်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍မိန့်တော်မူ၏။- |
ထို့နောက် ယေရှုသည် လူထုပရိသတ်ကို ခေါ်၍ “ငါ့စကားကို သင်တို့နားထောင်၍ နားလည်ရန်ကြိုးစားကြလော့။
သူတို့သည် လူ့စည်းမျဉ်းတို့ကို ဘုရားသခင်ထံမှလာသော သွန်သင်ချက်များအဖြစ် သွန်သင်ကြ၏။ သို့ဖြစ်၍ ငါ့ကို သူတို့ကိုးကွယ်ကြသည်မှာ အချည်းနှီးဖြစ်၏’ ဟူ၍ ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း
ကျွန်ုပ်ဟောပြောခဲ့သော ထိုသတင်းကောင်းတရားကို သင်တို့ဆက်လက်၍ စွဲမြဲစွာ ယုံကြည်လျှင် ထိုသတင်းကောင်းအားဖြင့် သင်တို့သည် ကယ်တင်ခံကြရ၏။ ထိုသို့ မယုံကြည်လျှင် သင်တို့ ယုံကြည်ခဲ့သည်မှာ အချည်းနှီးဖြစ်၏။
ဒဏ္ဍာရီများ၊ မဆုံးနိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို ဆွေးနွေးရာတွင် အချိန်မပေးကြရန် ညွှန်ကြားလော့။ ထိုအရာများသည် အငြင်းအခုံများကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်းဖြင့် လုပ်ဆောင်သော ဘုရားသခင်၏ အမှုတော်ကို အထောက်အကူမဖြစ်စေပါ။
သမ္မာတရားကို ဆန့်ကျင်သူတို့၏ ပညတ်ချက်များနှင့် ဂျူးလူမျိုးတို့၏ ဒဏ္ဍာရီများကို သူတို့သည် ဂရုမစိုက်ဘဲ နေရမည်။
ထူးဆန်းသည့် အယူဝါဒအမျိုးမျိုး ဆွဲဆောင်ရာ နောက်သို့ မလိုက်ကြနှင့်။ စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေရာတွင် အစားအစာအားဖြင့် မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံစေလျှင် အကျိုးရှိ၏။ အစားအစာနှင့် ပတ်သက်သောပညတ်များကို လိုက်နာသောသူတို့မှာမူ မည်သည့်အကျိုးကိုမျှ မရရှိ။
အို လူမိုက်… လုပ်ဆောင်ခြင်းမရှိသော ယုံကြည်ခြင်းသည် အသုံးမဝင်ကြောင်း အထောက်အထား လိုအပ်သလော။
ဤစာစောင်၌ ပါသော ပရောဖက်ပြုဟောပြောချက်များကို ကြားနာသောသူတိုင်းအား ငါသတိပေး၏။ မည်သူမဆို ဤစာစောင်တွင် တစ်စုံတစ်ရာ ထပ်လောင်းဖြည့်စွက်ပါက ဘုရားသခင်သည် ဤစာစောင်ပါ ဘေးဒဏ်များကို ထိုသူအပေါ် ကျရောက်စေတော်မူလိမ့်မည်။