ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
မဿဲ 14:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခင်က ဟေရုဒ်မင်းသည် ညီဖြစ်သူ ဖိလိပ္ပု၏ဇနီးဟေရောဒိကို သိမ်းယူသောကြောင့် ယောဟန်က “ဟေရောဒိကို အရှင်မင်းကြီးသိမ်းယူခြင်းသည် ဘုရားသခင်၏ ပညတ်တော်နှင့်မညီ” ဟူ၍ ဖော်ပြဆုံးမခဲ့၏။ ထို့ကြောင့် ဟေရုဒ်မင်းသည် ယောဟန်ကိုဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲသို့ ထည့်ထားခဲ့၏။ Common Language Bible ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီးဟေရောဒိ နှင့်ပတ်သက်၍ယောဟန်ကိုဖမ်းဆီးချုပ်နှောင် ကာထောင်တွင်အကျဉ်းထားခဲ့၏။- Garrad Bible ယော ဟန် က ထို မိန်း မ ကို မ သိမ်း မ ယူ အပ် ဟု ကန့် ကွက် သည် ကို ထောက်၍ ဟေ ရုဒ် မင်း သည် နောင် တော် ဖိ လိ ပ္ပု ကြင် ရာ ဟေ ရော ဒိ အ တွက် ကြောင့် ယော ဟန် ကို ဖမ်း ဆီး ချည် နှောင်၍ ထောင် ချ ခဲ့ ပြီ။ Judson Bible အထက်က ဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကို ဖမ်းဆီးချည်နှောင်၍ ထောင်ထဲမှာ လှောင်ထား၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲ၌ချထားခဲ့၏။ မြန်မာ အထက်က ဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကို ဖမ်းဆီးချည်နှောင်၍ ထောင်ထဲမှာ လှောင်ထား၏။- |
ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
ထို့နောက် ဟေရုဒ်မင်း၏ မွေးနေ့ပွဲတွင် ဟေရောဒိ၏ သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြဖျော်ဖြေရာ ဟေရုဒ်မင်းသည် အလွန်နှစ်သက်လေ၏။
ယောဟန်ထောင်ချခံရကြောင်းကို ကြားတော်မူသောအခါ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူ၏။
ယေရှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြားလေ၏။ လူတချို့က “ဤသူသည် သေရာမှပြန်ရှင်လာသော နှစ်ခြင်းဆရာယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
ယခင်က ဟေရုဒ်မင်းသည် ဟေရောဒိအတွက်ကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲသို့ထည့်ထားခဲ့၏။ ထိုဟေရောဒိမှာ ဟေရုဒ်မင်း၏ ညီဖြစ်သူဖိလိပ္ပု၏ ဇနီးဖြစ်သော်လည်း ဟေရုဒ်မင်းသည် သိမ်းပိုက်လေ၏။
ထို့ကြောင့် ဟေရောဒိသည် ယောဟန်ကို အငြိုးထား၍ သတ်လို၏။ သို့သော်လည်း သတ်ခွင့်မရနိုင်ဘဲရှိ၏။
ထိုအခါ ဟေရောဒိ၏ သမီးသည် ဝင်၍ ကပြဖျော်ဖြေရာ ဟေရုဒ်မင်းနှင့် ဧည့်သည်တော်များသည် အလွန်နှစ်သက်ကြ၏။ ဟေရုဒ်မင်းက ထိုမိန်းကလေးအား “သင်လိုချင်သမျှကို တောင်းလော့။ ငါပေးမည်” ဟု ဆို၏။
ကိုယ်တော်က “ဖာရိရှဲတို့၏ တဆေးနှင့် ဟေရုဒ်မင်း၏ တဆေးကိုသတိထားကြလော့” ဟု သတိပေးတော်မူ၏။
ထိုအချိန်၌ပင် လူတချို့သည် ယေရှုထံတော်သို့ လာ၍ ပိလတ်မင်းသည် ဂါလိလဲပြည်သားတချို့ကို သတ်၍ ထိုသူတို့၏သွေးကို သူတို့ပူဇော်သောယဇ်များနှင့် ရောနှောကြောင်း ပြောပြကြ၏။
ထိုအချိန်တွင် ဖာရိရှဲတချို့သည် ယေရှုထံတော်သို့ လာ၍ “ဤနေရာမှ ထွက်သွားပါလော့။ ဟေရုဒ်သည် သင့်ကို သတ်ရန် ကြံစည်လျက်ရှိသည်” ဟု လျှောက်ကြ၏။
ဟေရုဒ်နှင့် သူ၏စစ်သည်တော်များကလည်း ကိုယ်တော်ကို မထီလေးစားဆက်ဆံ၍ ပြက်ရယ်ပြုကာ အလွန်တင့်တယ်သောဝတ်ရုံကို ဝတ်စေလျက် ပိလတ်မင်းထံသို့ ပြန်ပို့လိုက်၏။
ယေရှုသည် ဟေရုဒ်စီရင်ပိုင်သောနယ်မြေ၏ပြည်သားဖြစ်ကြောင်း သိရသောအခါ ပိလတ်မင်းသည် ကိုယ်တော်ကို ဟေရုဒ်ထံသို့ ပို့လိုက်၏။ ထိုအချိန်တွင် ဟေရုဒ်သည် ဂျေရုဆလင်မြို့တွင် ရှိလေ၏။
ရောမဘုရင် တိဗေရိဆီဇာ နန်းစံနှစ် ဆယ့်ငါးနှစ်တွင် ပုန္တိပိလတ်မင်းသည် ယုဒပြည်၏ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်တွင် ဟေရုဒ်၊ ဣကုရဲပြည်နှင့် တရားခေါနိတ်ပြည်တွင် ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင် လုသာနိ စသဖြင့်အသီးသီးအုပ်ချုပ်လျက်ရှိ၏။
ဟေရုဒ်၏အိမ်တော်ထိန်းခုဇ၏ဇနီး ယောဟန္နနှင့် ရှုရှန္နအပါအဝင် ယေရှုနှင့် တပည့်တော်တို့အား မိမိတို့ဥစ္စာများဖြင့် ကူညီထောက်ပံ့သော အခြားအမျိုးသမီးများလည်း ပါကြ၏။
ထိုအချိန်တွင် ဟေရုဒ်မင်းသည် အသင်းတော်မှ လူတချို့ကို ညှဉ်းပန်းနှိပ်စက်ရန် စီစဉ်လေ၏။
ဤမြို့၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်းနှင့်တကွ လူမျိုးခြားများနှင့် အစ္စရေးလူမျိုးတို့သည် အရှင်ဘိသိက်ပေးတော်မူသောသူ၊ အရှင်၏သန့်ရှင်းတော်မူသောအစေခံယေရှုကို အတူတကွစုရုံးလျက် ဧကန်အမှန် ဆန့်ကျင်ဘက်ပြုခဲ့ကြ၏။