ရှင်မာကု 6:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ယေရှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြားလေ၏။ လူတချို့က “ဤသူသည် သေရာမှပြန်ရှင်လာသော နှစ်ခြင်းဆရာယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 သခင်ယေရှုအကြောင်းသတင်းတော်သည်ကျော် ကြားလာသဖြင့် ဟေရုဒ်ဘုရင်၏နားတော်သို့ပင် ရောက်ရှိလေသည်။ လူအချို့တို့က ``သေရာမှ ပြန်ရှင်လာသောဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သို့ဖြစ်၍သူသည်နိမိတ်လက္ခဏာများကိုပြ လျက်ရှိ၏'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible14-15 နာ မ တော် ကျော် စော သည့် အ တိုင်း အ ချို့ တို့ က ဗ တ္တိ ဇံ ဆ ရာ ယော ဟန် သည် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် လေ ပြီ။ ထို့ ကြောင့် သူ၌ အ မှု ကြီး များ ထင် ရှား သည် ဟူ၍ လည်း ကောင်း၊ အ ချို့ တို့ က ဧ လိ ယ ဖြစ် သည် ဟူ၍ လည်း ကောင်း၊ အ ချို့ တို့ က ရှေး ပ ရော ဖက် တစ် ပါး ပါး ကဲ့ သို့ ပ ရော ဖက် ဖြစ် သည် ဟူ၍ လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible14 ထိုအခါ သတင်းတော်ကျော်စောသည် ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံဆရာယောဟန်သည် သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု ဆို၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ကိုယ်တော်၏နာမတော်သည် ထင်ပေါ်ကျော်ကြားလာသဖြင့် ဟေရုဒ်မင်း၏နားတော်သို့ရောက်လေ၏။ လူအချို့တို့က “ဗတ္တိဇံဆရာယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌ တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ14 ထိုအခါ သတင်းတော်ကျော်စောသည် ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံဆရာယောဟန်သည် သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု ဆို၏။- အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ သတင်းကောင်းသည် သင်တို့ထံမှ မာကေဒေါနိပြည်၊ အခါယပြည်သို့ ပျံ့သွားသည်သာမက ဘုရားသခင်ကို သင်တို့ယုံကြည်သည့်အကြောင်းသည်လည်း နေရာတိုင်းသို့ ပျံ့နှံ့သွားသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့ယုံကြည်သည့်အကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ ကျွန်ုပ်တို့ပြောစရာမရှိ။