Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 14:3 - မြန်မာ

3 အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ​ဖိ​လိ​ပ္ပု၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​ကြောင့်၊ ယော​ဟန်​ကို ဖမ်း​ဆီး​ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး​ဟေ​ရော​ဒိ နှင့်​ပတ်​သက်​၍​ယော​ဟန်​ကို​ဖမ်း​ဆီး​ချုပ်​နှောင် ကာ​ထောင်​တွင်​အ​ကျဉ်း​ထား​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3-4 ယော ဟန် က ထို မိန်း မ ကို မ သိမ်း မ ယူ အပ် ဟု ကန့် ကွက် သည် ကို ထောက်၍ ဟေ ရုဒ် မင်း သည် နောင် တော် ဖိ လိ ပ္ပု ကြင် ရာ ဟေ ရော ဒိ အ တွက် ကြောင့် ယော ဟန် ကို ဖမ်း ဆီး ချည် နှောင်၍ ထောင် ချ ခဲ့ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ​ဖိ​လိ​ပ္ပု၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​ကြောင့်၊ ယော​ဟန်​ကို ဖမ်း​ဆီး​ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အကြောင်းမူကား ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် ယောဟန်​ကို ဖမ်းဆီး​ချုပ်နှောင်​၍ ထောင်​ထဲ၌​ချ​ထား​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3-4 ယခင်​က ဟေရုဒ်မင်း​သည် ညီဖြစ်သူ ဖိလိပ္ပု​၏​ဇနီး​ဟေရောဒိ​ကို သိမ်းယူ​သောကြောင့် ယောဟန်​က “ဟေရောဒိ​ကို အရှင်မင်းကြီး​သိမ်းယူခြင်း​သည် ဘုရားသခင်​၏ ပညတ်တော်​နှင့်​မညီ” ဟူ၍ ဖော်ပြ​ဆုံးမခဲ့၏။ ထို့ကြောင့် ဟေရုဒ်မင်း​သည် ယောဟန်​ကို​ဖမ်းဆီးချုပ်နှောင်​၍ ထောင်​ထဲသို့ ထည့်ထားခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 14:3
18 ပူးပေါင်းရင်းမြစ်များ  

အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ ဖိ​လိ​ပ္ပု၏ ခင်​ပွန်း​ဟေ​ရော​ဒိ​ကို သိမ်း​ယူ​သ​ဖြင့်၊ ထို​မိန်း​မ​အ​ကြောင်း​ကြောင့် စေ​လွှတ်၍ ယော​ဟန်​ကို ဖမ်း​ဆီး​ပြီး​လျှင် ထောင်​ထဲ​မှာ ချုပ်​နှောင်​လေ၏။-


ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​ကြောင်း​ကို ယေ​ရှု​သည်​ကြား​လျှင်၊ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ၍၊-


ဟေ​ရော​ဒိ၏​သ​မီး​သည် ဝင်၍ က​သ​ဖြင့်၊ ဟေ​ရုဒ်​မှ​စ၍ အ​ပေါင်း​အ​ဖော်​တို့​အား နူး​ညွတ်​သော​စိတ်​ကို ဖြစ်​စေ၏။ ထို​အ​ခါ မင်း​ကြီး​က၊ သင်​သည် အ​လို​ရှိ​သ​မျှ​ကို တောင်း​လော့၊ ငါ​ပေး​မည်​ဟု ထို​မိန်း​မ​ငယ်​အား ဆို​လေ၏။-


ထို​ကြောင့်၊ ဟေ​ရော​ဒိ​သည် ယော​ဟန်​ကို ရန်​ငြိုး​ဖွဲ့​သ​ဖြင့် သတ်​ခြင်း​ငှာ အ​လို​ရှိ၏။-


ခ​ရစ်​တော်​ပြု​တော်​မူ​သော အ​မှု​တို့​ကို ယော​ဟန်​သည် ထောင်​ထဲ​မှာ ကြား​သော​အ​ခါ၊ မိ​မိ​တ​ပည့်​နှစ်​ယောက်​ကို စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ မှန်​သ​လော။


ထို​အ​ခါ လူ​အ​ချို့​တို့​သည်​လာ၍၊ ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​လူ​အ​ချို့​တို့၏ အ​သွေး​ကို မိ​မိ​တို့​ပူ​ဇော်​သော ယဇ်​ကောင်​တို့​နှင့် ရော​နှော​ကြောင်း​ကို လျှောက်​ကြ​လျှင်၊-


ထို​နောက်​မှ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ခံ​စဉ်​တွင်၊ ဟေ​ရော​ဒိ၏​သ​မီး​သည် ပွဲ​သ​ဘင်၌ က​သ​ဖြင့် ဟေ​ရုဒ်​သည် နူး​ညွတ်​သော​စိတ်​ရှိ​လျှင်၊-


ထို​အ​ခါ သ​တင်း​တော်​ကျော်​စော​သည် ဖြစ်၍၊ ဟေ​ရုဒ်​မင်း​ကြီး​သည် ကြား​လျှင်၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု ဆို၏။-


ကိုယ်​တော်​က​လည်း၊ ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို​လည်း​ကောင်း၊ ဟေ​ရုဒ်၏ တ​ဆေး​ကို​လည်း​ကောင်း၊ သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​ဟု ပ​ညတ်​တော်​မူ၏။-


ကဲ​သာ​ဘု​ရင် တိ​ဗေ​ရိ​နန်း​စံ တစ်​ဆယ်​ငါး​နှစ်​တွင်၊ ယု​ဒ​ပြည်၌ ပု​န္တိ​ပိ​လတ်​သည် မြို့​ဝန်​အ​ရာ၊ ဂါ​လိ​လဲ​ပြည်၌ ဟေ​ရုဒ်​သည် စော်​ဘွား​အ​ရာ၊ ဣ​တု​ရဲ​ပြည်​နှင့် တ​ရာ​ခေါ​နိတ်​ပြည်၌ ဟေ​ရုဒ်​ညီ​ဖိ​လိ​ပ္ပု​သည် စော်​ဘွား​အ​ရာ၊ အ​ဘိ​လင်​ပြည်၌ လု​သာ​နိ​သည် စော်​ဘွား​အ​ရာ၊-


ဟေ​ရုဒ်​မင်း၏​စား​တော်​ကဲ ခု​ဇ၏​မ​ယား​ယော​ဟ​န္န​နှင့် ရှု​ရှ​န္န​မှ​စ၍ မိ​မိ​ဥ​စ္စာ​ကို​လှူ၍ ကိုယ်​တော်​ကို လုပ်​ကျွေး​သော အ​ခြား​မိန်း​မ​အ​များ ပါ​ကြ၏။


ထို​အ​ခါ ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ ဤ​အ​ရပ်​မှ ထွက်​သွား​ပါ။ ဟေ​ရုဒ်​မင်း​သည် ကိုယ်​တော်​ကို​သတ်​မည် အ​ကြံ​ရှိ​ပါ​သည်​ဟု လျှောက်​ကြ​လျှင်၊ ကိုယ်​တော်​က၊ သင်​တို့​သွား​ကြ​လော့။-


ဟေ​ရုဒ်​မင်း​ပိုင်​သော သူ​ဖြစ်​သည်​ကို သိ​သော​အ​ခါ ထို​မင်း​ထံ​သို့ ပို့​စေ၏။ ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌ ရှိ​သ​တည်း။


ဟေ​ရုဒ်​မင်း​သည် စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ ကိုယ်​တော်​ကို မ​ခန့်​မ​ညား​ဘဲ ပြက်​ရယ်​ပြု၍ တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​စေ​ပြီး​မှ ပိ​လတ်​မင်း​ထံ​သို့ ပို့​ပြန်​စေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ