ကောင်းကင်နိုင်ငံတော်သည် လယ်ထဲ၌ ဝှက်ထားသောဘဏ္ဍာနှင့်တူ၏။ တစ်စုံတစ်ဦးသည် ထိုဘဏ္ဍာကို တွေ့သောအခါ တစ်ဖန်ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်စွာ သွားလျက် မိမိ၌ရှိသောအရာအားလုံးကိုရောင်း၍ ထိုလယ်ကိုဝယ်လေ၏။
မဿဲ 13:47 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲသို့ချ၍ ငါးမျိုးစုံကို ဖမ်းမိသောပိုက်ကွန်နှင့် တူ၏။ Common Language Bible ``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည်ဤ အဖြစ်အပျက်နှင့်တူ၏။ တံငါသည်တို့သည်အိုင် တွင်ပိုက်ကွန်ကိုချ၍ငါးအမျိုးမျိုးကိုအုပ်မိ၏။- Garrad Bible တစ် ဖန် တုံ ကောင်း ကင် နိုင် ငံ တော် သည် ရေ၌ ချ၍ ငါး အ မျိုး မျိုး မိ သော ပိုက် နှင့် တူ၏။ Judson Bible တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသော ပိုက်ကွန်နှင့်တူ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲ၌ချ၍ ငါးအမျိုးစုံကိုဖမ်းမိသော ပိုက်ကွန်နှင့်တူ၏။ မြန်မာ တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသော ပိုက်ကွန်နှင့်တူ၏။- |
ကောင်းကင်နိုင်ငံတော်သည် လယ်ထဲ၌ ဝှက်ထားသောဘဏ္ဍာနှင့်တူ၏။ တစ်စုံတစ်ဦးသည် ထိုဘဏ္ဍာကို တွေ့သောအခါ တစ်ဖန်ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်စွာ သွားလျက် မိမိ၌ရှိသောအရာအားလုံးကိုရောင်း၍ ထိုလယ်ကိုဝယ်လေ၏။
ထိုသူသည် အလွန်အဖိုးတန်သော ပုလဲတစ်လုံးကို တွေ့သောအခါ မိမိ၌ ရှိသောအရာအားလုံးကို ရောင်းချပြီး ထိုပုလဲကို ဝယ်လေ၏။
ထိုပိုက်ကွန်တွင် ငါးများပြည့်သောအခါ တံငါတို့သည် ကမ်းသို့ ဆွဲတင်ကြ၏။ ထို့နောက် ထိုင်လျက် ကောင်းသောငါးများကို ခြင်းထဲသို့ရွေးထည့်ကာ မကောင်းသောငါးများကို အပြင်သို့ပစ်လိုက်ကြ၏။
ယေရှုက “ငါ့နောက်သို့ လိုက်ကြလော့။ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါဖြစ်စေမည်” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက “ငါ့နောက်သို့လိုက်ကြလော့။ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါဖြစ်စေမည်” ဟု မိန့်တော်မူ၏။
ရှိမုန်နှင့်လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဇေဗေဒဲ၏သားနှစ်ဦး ယာကုပ်နှင့် ယောဟန်တို့သည်လည်း အံ့ဩကြ၏။ ယေရှုက “မကြောက်နှင့်။ ယခုမှစ၍ သင်သည် လူများကိုဖမ်းသောတံငါ ဖြစ်လိမ့်မည်” ဟု ရှိမုန်အား မိန့်တော်မူ၏။
ခမည်းတော်သည် စပျစ်ပင်ဖြစ်သော ငါ၌ အသီးမသီးသည့်အကိုင်းအခက်ရှိသမျှကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍ အသီးသီးစေနိုင်ရန် ဖြတ်ညှပ်ရှင်းလင်းတော်မူ၏။
ငါ၌ မတည်သောသူသည် အကိုင်းအခက်ကဲ့သို့ အပြင်သို့ လွှင့်ပစ်ခြင်းကို ခံရ၍ ခြောက်သွေ့သွားရ၏။ ထိုကဲ့သို့ အသုံးမဝင်သောအကိုင်းအခက်များကို လူတို့သည် စုပုံ၍ မီးရှို့တတ်ကြ၏။
လွဲမှားစေသောအရာများကို ပြောဆို၍ တပည့်တော်များအား သူတို့နောက်သို့ လိုက်စေရန် ဆွဲခေါ်သွားမည့်လူတို့သည် သင်တို့အထဲမှလည်း ပေါ်ပေါက်လာလိမ့်မည်။
သင်တို့ထဲ၌ ဂိုဏ်းကွဲမှုမျိုး ရှိရသည်မှာ ကျိုးကြောင်းဆီလျော်၏။ သို့မှသာလျှင် စစ်မှန်သောသူများသည် ပေါ်လွင်ထင်ရှားမည်ဖြစ်၏။
မကြာခဏ ခရီးသွားခဲ့ရာတွင် မြစ်၌ ကြုံတွေ့ရသော ဘေး၊ ဓားပြဘေး၊ ကိုယ့်လူမျိုးချင်းပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့၌ ကြုံတွေ့ရသောဘေး၊ တောကန္တာရ၌ ကြုံတွေ့ရသောဘေး၊ ပင်လယ်၌ ကြုံတွေ့ရသောဘေး၊ ယုံကြည်သူအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။
သာဒိမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူက ဤသို့မိန့်တော်မူ၏။ သင်၏အပြုအမူကို ငါသိ၏။ သင်သည် အသက်ရှင်သည်ဟု နာမည်ခံထားသော်လည်း သေလျက်နေ၏။