Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 13:46 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

46 ထို​သူ​သည် အလွန်​အဖိုးတန်သော ပုလဲ​တစ်လုံး​ကို တွေ့​သောအခါ မိမိ​၌ ရှိသော​အရာ​အားလုံး​ကို ရောင်းချပြီး ထို​ပုလဲ​ကို ဝယ်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

46 ထို​သူ​သည်​များ​စွာ​အ​ဖိုး​တန်​သည့်​ပု​လဲ​ကို​တွေ့ သော​အ​ခါ​သွား​ပြီး​လျှင်​ရှိ​သ​မျှ​ကို​ရောင်း​ချ​၍ ထို​ပု​လဲ​ကို​ဝယ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

46 ထို သူ သည် အ လွန် အ ဖိုး ထိုက် သော ပု လဲ တစ် လုံး ကို တွေ့ သော် သွား ပြီး လျှင် ရှိ သ မျှ ကို ရောင်း ချ၍ ထို ပု လဲ ကို ဝယ် ယူ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

46 ထို​ကုန်​သည်​သည် အ​လွန်​အ​ဖိုး​ထိုက်​သော ပု​လဲ​ကို တွေ့​သော​အ​ခါ၊ သွား၍ မိ​မိ၌​ရ​တတ်​သ​မျှ​ကို ရောင်း​ပြီး​လျှင် ထို​ပု​လဲ​ကို ဝယ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

46 သူ​သည် အလွန်​အဖိုးတန်​သော​ပုလဲ​တစ်​လုံး​ကို​တွေ့​သောအခါ သွား​၍ သူ​၌​ရှိ​သမျှ​တို့​ကို​ရောင်း​ပြီးလျှင် ထို​ပုလဲ​ကို​ဝယ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

46 ထို​ကုန်​သည်​သည် အ​လွန်​အ​ဖိုး​ထိုက်​သော ပု​လဲ​ကို တွေ့​သော​အ​ခါ၊ သွား၍ မိ​မိ၌​ရ​တတ်​သ​မျှ​ကို ရောင်း​ပြီး​လျှင် ထို​ပု​လဲ​ကို ဝယ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 13:46
15 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​နိုင်ငံတော်​သည် လယ်​ထဲ၌ ဝှက်ထားသော​ဘဏ္ဍာ​နှင့်​တူ၏။ တစ်စုံတစ်ဦး​သည် ထို​ဘဏ္ဍာ​ကို တွေ့​သောအခါ တစ်ဖန်​ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်​စွာ သွား​လျက် မိမိ​၌​ရှိသော​အရာ​အားလုံး​ကို​ရောင်း​၍ ထို​လယ်​ကို​ဝယ်လေ၏။


တစ်ဖန် ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ ကုန်သည်​တစ်ဦး​သည် အရည်အသွေး​ကောင်းသော​ပုလဲ​ကို ရှာဖွေနေ၏။


တစ်ဖန် ကောင်းကင်​နိုင်ငံတော်​သည် ပင်လယ်​ထဲသို့​ချ​၍ ငါး​မျိုးစုံ​ကို ဖမ်းမိသော​ပိုက်ကွန်​နှင့် တူ၏။


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူးတော်​နှင့်​ဆိုင်သည့် သတင်းကောင်း​ကို သက်သေခံ​ရန်​အတွက် သခင်​ယေရှု​ထံမှ လက်ခံရရှိ​သည့် အလုပ်​တာဝန်​နှင့် အမှုတော်​ကို ပြီးစီးနိုင်မည်​ဆိုလျှင် ကျွန်ုပ်​သည် မိမိ​အသက်​ကိုပင် မနှမြောပါ။


ကျွန်ုပ်​မှာမူ သခင်​ယေရှု​ခရစ်တော်​၏ လက်ဝါးကပ်တိုင်​အတွက်​မှလွဲ၍ အခြား မည်သည့်​အရာ​အတွက်​မျှ ကြွားဝါ​လိမ့်မည်​မဟုတ်။ ထို​လက်ဝါးကပ်တိုင်​ကြောင့် ဤ​လောက​နှင့်​ဆိုင်သော​အရာတို့​သည် ကျွန်ုပ်​နှင့် အဆက်ပြတ်​၍ ကျွန်ုပ်​သည်လည်း ဤ​လောက​နှင့်​ဆိုင်သော အရာတို့​နှင့် အဆက်ပြတ်ပြီ။


ကျွန်ုပ်​သည် ယုံကြည်သူများ​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်​သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း​သည် လူမျိုးခြားတို့​ကို ခရစ်တော်​၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း​အကြောင်း ဟောပြော​ရန်​နှင့်


ထို​ခရစ်တော်​ထံ၌ ဉာဏ်ပညာ​နှင့် အသိပညာတို့​သည် ရတနာသိုက်​သဖွယ် ဖုံးကွယ်​လျက် ရှိကြ၏။


သူတို့​၏​ကုန်ပစ္စည်းများ​မှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်​အထည်၊ ပိုးထည်၊ ဖဲနီထည်၊ သစ်မွှေး​အမျိုးမျိုး၊ ဆင်စွယ်​တန်ဆာ​အမျိုးမျိုး၊ အဖိုးတန်​သစ်​အမျိုးမျိုး၊ ကြေး၊ သံ၊ စကျင်ကျောက်၊


မြို့တံခါး​တစ်ခုစီ​ကို ပုလဲ​တစ်လုံးစီ​ဖြင့် ပြုလုပ်ထား​၍ တံခါး​ဆယ့်နှစ်ပေါက်​တွင် ပုလဲ​ဆယ့်နှစ်လုံး​ရှိ၏။ မြို့တော်​၏​လမ်းမကြီး​ကို ဖောက်ထွင်း​မြင်ရသည့်​ဖန်​ကဲ့သို့ သန့်စင်သော​ရွှေ​ဖြင့် ပြုလုပ်ထား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ