လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
မဿဲ 12:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ စာတန်သည် စာတန်ကို နှင်ထုတ်လျှင် သူသည် မိမိကိုယ်မိမိ ပြိုကွဲရန် တိုက်ခိုက်ခြင်းဖြစ်၏။ သူ၏ နိုင်ငံသည်လည်း တည်တံ့ခိုင်မြဲမည်မဟုတ်။ Common Language Bible သို့ဖြစ်၍စာတန်၏အုပ်စိုးမှုကိုဝန်ခံသူတို့ သည်အချင်းချင်းတိုက်ခိုက်လျက်နေပါလျှင် သူ၏နိုင်ငံသည်အဘယ်သို့တည်တံ့နိုင်ပါ မည်နည်း။- Garrad Bible ထို နည်း တူ စာ တန် သည် စာ တန် ကို နှင် ထုတ် လျှင် အ တွင်း၌ ကွဲ ပြား လျက် ရှိ သော ကြောင့် သူ့ နိုင် ငံ သည် မည် သို့ တည် မြဲ မည် နည်း။ Judson Bible စာတန်သည်လည်း စာတန်ကိုနှင်ထုတ်သည်မှန်လျှင်၊ သူသည် မိမိနှင့် ကွဲပြား၏။ သူ၏နိုင်ငံသည် အဘယ်သို့ တည်နိုင်မည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း စာတန်သည် စာတန်ကိုနှင်ထုတ်လျှင် မိမိအတွင်း၌ ဆန့်ကျင်ကွဲပြား၏။ သို့ဖြစ်လျှင် သူ၏နိုင်ငံသည် မည်သို့တည်မြဲမည်နည်း။ မြန်မာ စာတန်သည်လည်း စာတန်ကိုနှင်ထုတ်သည်မှန်လျှင်၊ သူသည် မိမိနှင့် ကွဲပြား၏။ သူ၏နိုင်ငံသည် အဘယ်သို့ တည်နိုင်မည်နည်း။- |
လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
သို့သော် ဖာရိရှဲတို့က “သူသည် နတ်ဆိုးများကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်း၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ပြောဆိုကြ၏။
ယခုအချိန်သည် ဤလောကကို တရားစီရင်သည့်အချိန်ဖြစ်၏။ ဤလောက၏ မင်းဖြစ်သော စာတန်မာရ်နတ်သည် နှင်ထုတ်ခြင်းခံရလိမ့်မည်။
ဤလောကီကို အုပ်ချုပ်သောမင်း ရောက်လာတော့မည်ဖြစ်သောကြောင့် ငါသည် သင်တို့နှင့် ပြောဆိုရန် အချိန်များစွာ မရှိတော့ပေ။ ထိုမင်းသည် ငါ့အပေါ် ကြီးစိုးရန် မည်သည့်အာဏာမျှ မရှိ။
တရားစီရင်တော်မူခြင်းအကြောင်းကို ဖော်ပြရခြင်းမှာ လောကကို အုပ်စိုးသောမင်းသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့်ပင်။
ဤလောက၏ ဘုရားဖြစ်သော စာတန်သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေခဲ့၏။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့် ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း၏အလင်းကို မမြင်နိုင်ခြင်းဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှောင်၏ အုပ်စိုးမှုထဲမှ ကယ်တင်၍ မိမိချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းနှင့် လောကီသားအပေါင်းတို့သည် မာရ်နတ်၏ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့သိကြ၏။
ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။
ထို့နောက် ပဉ္စမကောင်းကင်တမန်သည် သူ၏ ဖလားကို သားရဲ၏ ရာဇပလ္လင်ပေါ်သို့ သွန်းလောင်းလိုက်သောအခါ သားရဲ၏ နိုင်ငံသည် မှောင်မိုက်သွား၏။ လူတို့သည် ပြင်းထန်သောဝေဒနာကြောင့် လျှာကို ကိုက်ထားကြရ၏။
သူတို့၏ရှင်ဘုရင်မှာ တွင်းနက်ကြီး၏ကောင်းကင်တမန်ဖြစ်၏။ သူ၏ အမည်မှာ ဟေဗြဲဘာသာဖြင့် အာဗဒ္ဒုန်၊ ဂရိဘာသာဖြင့် အပေါလျုန် ဖြစ်၏။