ထိုဘုရင်သည် မင်္ဂလာဧည့်ခံပွဲသို့ ဖိတ်ခေါ်ခံထားရသောသူများကို ခေါ်ရန် အစေအပါးတို့အား စေလွှတ်၏။ သို့သော် ထိုသူတို့သည် လာရန်ငြင်းဆိုကြ၏။
မဿဲ 10:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုတမန်တော် ဆယ့်နှစ်ပါးတို့အား စေလွှတ်တော်မူ၍ “လူမျိုးခြားများထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့၏မြို့ရွာများသို့ မသွားကြနှင့်။ Common Language Bible တမန်တော်တစ်ကျိပ်နှစ်ပါးတို့အားသခင်ယေရှု သည်အောက်ပါသြဝါဒများကိုပေး၍စေလွှတ် တော်မူ၏။ ``သင်တို့သည်လူမျိုးခြားများနေထိုင် ရာဒေသများနှင့်ရှမာရိမြို့များသို့မသွား ကြဘဲ၊- Garrad Bible ယေ ရှု သည် ထို တစ် ဆယ့် နှစ် ပါး ကို စေ လွှတ် လျက် မှာ လိုက် တော် မူ သည် မှာ၊ Judson Bible ထိုတစ်ကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တစ်ပါးအမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဤတစ်ဆယ့်နှစ်ပါးတို့ကိုစေလွှတ်၍ မိန့်မှာတော်မူသည်ကား“လူမျိုးခြားတို့ရှိရာလမ်းသို့ မသွားကြနှင့်။ ရှမာရိနယ်သားတို့၏မြို့ထဲသို့လည်း မဝင်ကြနှင့်။ မြန်မာ ထိုတစ်ကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တစ်ပါးအမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။- |
ထိုဘုရင်သည် မင်္ဂလာဧည့်ခံပွဲသို့ ဖိတ်ခေါ်ခံထားရသောသူများကို ခေါ်ရန် အစေအပါးတို့အား စေလွှတ်၏။ သို့သော် ထိုသူတို့သည် လာရန်ငြင်းဆိုကြ၏။
“ဂျော်ဒန်မြစ်တစ်ဖက် အိုင်နံဘေးတစ်လျှောက်၌ တည်ရှိသည့် ဇာဗုလုန်နှင့် နဿလိနယ်မြေဖြစ်သော လူမျိုးခြားများနေထိုင်ရာ ဂါလိလဲပြည်
တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာကို ပေးလျက် နှစ်ယောက်စီ စေလွှတ်တော်မူ၏။
ထို့နောက် သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ဆယ့်နှစ်ယောက်ကို ရွေးချယ်ပြီးလျှင် မိမိကြွတော်မူမည့် မြို့၊ ရွာအသီးသီးသို့ ကြိုတင်၍ နှစ်ဦးစီ စေလွှတ်လေ၏။
သို့ရာတွင် ရှမာရိလူမျိုးတစ်ဦးသည် ထိုနေရာသို့ ရောက်လာ၍ ထိုလူနာကို မြင်လေသော် သနားစိတ်ရှိလေ၏။
သူသည် ယေရှု၏ခြေတော်ရင်း၌ ဝပ်တွားခယလျက် ကျေးဇူးတင်လေ၏။ ထိုသူသည် ရှမာရိလူမျိုးဖြစ်၏။
တစ်နေ့၌ ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူပြီးလျှင် နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာနှင့် အနာရောဂါတို့ကို ပျောက်ကင်းစေနိုင်သောတန်ခိုးကို ပေးတော်မူ၏။
ထို့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောစေရန်နှင့် ဖျားနာသောသူများအား ကျန်းမာစေရန် တပည့်တော်တို့ကို စေလွှတ်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်သကဲ့သို့ အကျွန်ုပ်သည်လည်း သူတို့ကို ဤလောကသို့ စေလွှတ်ပါ၏။
တစ်ဖန်ယေရှုက “ငြိမ်းချမ်းပါစေ။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို စေလွှတ်၏” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ကျွန်မတို့၏ ဘိုးဘေးများသည် ဤတောင်ပေါ်တွင် ဘုရားသခင်ကို ကိုးကွယ်ခဲ့ကြ၏။ သို့သော် ဂျူးလူမျိုးဖြစ်သောသခင်တို့က ဂျေရုဆလင်မြို့၌သာ ဘုရားသခင်ကို ကိုးကွယ်ရမည်ဟူ၍ ပြောဆိုကြ၏” ဟု လျှောက်၏။
ဤသို့ဖြင့် ရှမာရိပြည်ရှိ ရှုခါမြို့သို့ ရောက်တော်မူ၏။ ထိုမြို့သည် ယာကုပ်က သားဖြစ်သူယောသပ်အား ပေးခဲ့သောမြေကွက်အနီးတွင် တည်ရှိ၏။
ထိုရှမာရိအမျိုးသမီးက “သင်သည် ဂျူးလူမျိုးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးဖြစ်သော ကျွန်မထံမှ သောက်ရေကို အဘယ်ကြောင့်တောင်းသနည်း” ဟု အံ့အားသင့်စွာ မေးလေ၏။ ထိုသို့မေးရခြင်းမှာ ဂျူးလူမျိုးတို့သည် ရှမာရိလူမျိုးတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းမပြုကြသောကြောင့်ဖြစ်၏။
ဂျူးခေါင်းဆောင်များက “ငါတို့ မတွေ့နိုင်အောင် သူသည် မည်သည့်အရပ်သို့ သွားရန် ကြံစည်နေပါသနည်း။ ဂရိလူမျိုးများကြားတွင် ပျံ့နှံ့နေထိုင်လျက်ရှိသော ငါတို့ဂျူးလူမျိုးများထံသို့ သွား၍ ဂရိလူမျိုးတို့ကိုပင် သွန်သင်ရန် ကြံစည်နေသလော။
ဂျူးလူမျိုးတို့က “သင်သည် ရှမာရိလူမျိုးဖြစ်ပြီး နတ်ဆိုးပူးသောသူလည်းဖြစ်သည်ဟူ၍ ငါတို့ပြောဆိုကြသည်မှာ မှန်သည်မဟုတ်လော” ဟု ဆိုကြ၏။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်သည် လူမျိုးခြားများအပေါ်တွင်ပင် သွန်းလောင်းသည်ကို ပေတရုနှင့်ပါလာသော အရေပြားလှီးခြင်းမင်္ဂလာကို ခံယူကြသည့် ယုံကြည်သူတို့သည် အံ့ဩကြ၏။
သတေဖန်ကို သတ်သည့်အမှုတွင် ရှောလုသည်လည်း အလိုတူအလိုပါဖြစ်ခဲ့၏။ ထိုနေ့တွင် ဂျေရုဆလင်မြို့ရှိ အသင်းတော်အား ပြင်းထန်သောညှဉ်းပန်းနှိပ်စက်ခြင်းများ စတင်လာသဖြင့် တမန်တော်တို့မှလွဲ၍ ယုံကြည်သူများသည် ယုဒပြည်နှင့် ရှမာရိပြည်တစ်လျှောက်သို့ ကွဲလွင့်ပျံ့နှံ့သွားကြလေ၏။
လူမျိုးခြားများ ကယ်တင်ခံရရန် ကျွန်ုပ်တို့ဟောပြောသည်ကို သူတို့တားမြစ်ကြ၏။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သူတို့သည် မိမိတို့၏ အပြစ်များကို အစဉ်ပွားများစေကြ၏။ နောက်ဆုံးတွင် ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ်သို့ သက်ရောက်လေ၏။