Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 17:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သူ​သည် ယေရှု​၏​ခြေတော်ရင်း​၌ ဝပ်တွားခယ​လျက် ကျေးဇူးတင်လေ၏။ ထို​သူ​သည် ရှမာရိ​လူမျိုး​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ထို​နောက်​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​လျက် ကိုယ်​တော် ၏​ကျေး​ဇူး​တော်​ကြီး​လှ​ကြောင်း​ကို​လျှောက်​ထား​၏။ ထို​သူ​ကား​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ခြေ တော် ရင်း တွင် ပျပ် ဝပ်၍ ကျေး ဇူး တော် ကို ချီး မွမ်း၏။ ထို သူ ကား ရှ မာ ရိ လူ မျိုး တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍ ကျေး​ဇူး​တော်​ကြီး​လှ​ပါ​သည်​ဟု ဝန်​ခံ​လေ၏။ ထို​သူ​သည် ရှ​မာ​ရိ​လူ ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ကိုယ်တော်​၏​ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​၍ ကိုယ်တော်​ကို​ကျေးဇူးတင်​၏။ ထို​သူ​သည် ရှမာရိ​နယ်သား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

16 ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍ ကျေး​ဇူး​တော်​ကြီး​လှ​ပါ​သည်​ဟု ဝန်​ခံ​လေ၏။ ထို​သူ​သည် ရှ​မာ​ရိ​လူ ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 17:16
21 ပူးပေါင်းရင်းမြစ်များ  

ယေရှု​သည် ထို​တမန်တော် ဆယ့်နှစ်ပါးတို့​အား စေလွှတ်တော်မူ​၍ “လူမျိုးခြားများ​ထံသို့ မသွားကြနှင့်။ ရှမာရိလူမျိုးတို့​၏​မြို့ရွာများ​သို့ မသွားကြနှင့်။


သူတို့​သည် အိမ်​ထဲသို့ ဝင်​၍ မယ်တော်​မာရိ​နှင့်အတူ သူငယ်တော်​ကို တွေ့မြင်​သော် ဝပ်တွားခယ​လျက် သူငယ်တော်​ကို ရှိခိုးကြပြီး​လျှင် မိမိတို့​၏ ရတနာ​သေတ္တာများ​ကို ဖွင့်​ကာ ရွှေ၊ လောဗန်​နှင့် မုရန်​ဟူသော လက်ဆောင်များ​ကို ဆက်သကြ၏။


ထိုအခါ ထို​အမျိုးသမီး​သည် မိမိ​၌ မည်သို့​ဖြစ်သည်​ကို သိ​သဖြင့် ကြောက်ရွံ့တုန်လှုပ်​ကာ ကိုယ်တော်​ရှေ့တော်​သို့ လာ​၍ ဝပ်တွားခယ​လျက် အဖြစ်မှန်​အကုန်အစင်​ကို လျှောက်လေ၏။


ထိုအခါ ယေရှု​က “လူ​ဆယ်ယောက်​အား သန့်ရှင်းစင်ကြယ်​စေခဲ့သည်​မဟုတ်ပါလော။ အခြားသော​ကိုးယောက်​သည် အဘယ်မှာနည်း။


ထို​အဖြစ်အပျက်​ကို မြင်​သောအခါ ရှိမုန်​ပေတရု​သည် ယေရှု​၏​ခြေတော်ရင်း​၌ ဒူးထောက်​ပြီးလျှင် “သခင်… အကျွန်ုပ်​သည် အပြစ်များသော​သူ​ဖြစ်​သောကြောင့် အကျွန်ုပ်​ထံမှ ထွက်ခွာသွားတော်မူပါ” ဟု လျှောက်လေ၏။


ထို​ရှမာရိ​အမျိုးသမီး​က “သင်​သည် ဂျူးလူမျိုး​ဖြစ်​လျက်နှင့် ရှမာရိ​အမျိုးသမီး​ဖြစ်သော ကျွန်မ​ထံမှ သောက်ရေ​ကို အဘယ်ကြောင့်​တောင်းသနည်း” ဟု အံ့အားသင့်​စွာ မေးလေ၏။ ထိုသို့​မေးရခြင်း​မှာ ဂျူးလူမျိုးတို့​သည် ရှမာရိလူမျိုးတို့​နှင့် ပေါင်းသင်းဆက်ဆံခြင်း​မပြုကြ​သောကြောင့်​ဖြစ်၏။


ဂျူးလူမျိုးတို့​က “သင်​သည် ရှမာရိလူမျိုး​ဖြစ်ပြီး နတ်ဆိုးပူးသော​သူ​လည်း​ဖြစ်သည်​ဟူ၍ ငါတို့​ပြောဆိုကြသည်​မှာ မှန်သည်​မဟုတ်လော” ဟု ဆိုကြ၏။


သို့ရာတွင် သင်တို့​အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်တော်​ဆင်းသက်​သောအခါ သင်တို့​သည် တန်ခိုး​ကို​ရရှိ​၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံး​တိုင်အောင် ငါ​၏​သက်သေခံများ​ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သူတို့​၏ စိတ်နှလုံး​ထဲမှ လျှို့ဝှက်သော​အတွေးအခေါ်များ​သည် ပေါ်လွင်​လာ​သဖြင့် သူတို့​သည် ဝပ်တွားခယ​ကာ “ဘုရားသခင်​သည် သင်တို့​နှင့်အတူ အမှန်တကယ်​ရှိတော်မူ၏” ဟု ကြွေးကြော်​လျက် ဘုရားသခင်​ကို ကိုးကွယ်ကြ​လိမ့်မည်။


ထိုအခါ ကျွန်ုပ်​သည် ထို​ကောင်းကင်တမန်​ကို ရှိခိုး​ရန် သူ​၏​ခြေရင်း​၌ ဝပ်တွား၏။ သို့သော် သူ​က “ထိုသို့​မပြုနှင့်။ ငါ​သည် သင်​မှစ၍ ယေရှု​အကြောင်း သက်သေခံချက်​ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်​ညီအစ်ကို​မောင်နှမများ​၏ အစေခံချင်း​လည်း ဖြစ်၏။ ဘုရားသခင်​ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်​၏​အနှစ်သာရ​သည် ယေရှု​အကြောင်း သက်သေခံချက်​ပင် ဖြစ်၏” ဟု ဆို၏။


အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် ရာဇပလ္လင်တော်​ပေါ်တွင် ထိုင်တော်မူသော​အရှင်​ရှေ့၌ ဝပ်တွားခယ​၍ အစဉ်​ထာဝရ​အသက်ရှင်တော်မူသော​အရှင်​ကို ကိုးကွယ်ကြ၏။ ထို​အကြီးအကဲ​နှစ်ဆယ့်လေးပါးတို့​သည် မိမိတို့​၏​သရဖူများ​ကို ရာဇပလ္လင်တော်​ရှေ့​၌ ချထား​လျက်


ထိုအခါ သတ္တဝါ​လေးပါး​က “အာမင်” ဟု​ဆိုကြ၏။ အကြီးအကဲတို့​သည်​လည်း ဘုရားသခင်​နှင့် သိုးသငယ်တော်​ကို ဝပ်တွားခယ​လျက် ကိုးကွယ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ