ယောသပ်သည် အိပ်ပျော်ရာမှ နိုးသောအခါ ထာဝရဘုရား၏ ကောင်းကင်တမန် မှာထားသည့်အတိုင်း မာရိကို လက်ထပ်လေ၏။
မဿဲ 1:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။ Common Language Bible ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။ Judson Bible ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း “ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟု ခေါ်ကြလိမ့်မည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသည့်အရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ (ဧမာနွေလ၏အဓိပ္ပာယ်မှာ “ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်”ဟူ၍ ဖြစ်၏။) မြန်မာ ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတ္တံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။- |
ယောသပ်သည် အိပ်ပျော်ရာမှ နိုးသောအခါ ထာဝရဘုရား၏ ကောင်းကင်တမန် မှာထားသည့်အတိုင်း မာရိကို လက်ထပ်လေ၏။
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ထို့ကြောင့် ဒါဝိဒ်မင်းသည် ခရစ်တော်ကို ‘သခင်’ ဟူ၍ ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ ဒါဝိဒ်မင်း၏သား ဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
တစ်ညတွင် သခင်ဘုရားသည် ရူပါရုံထဲ၌ ပေါလုအား ဖော်ပြသည်မှာ “မကြောက်နှင့်။ တိတ်ဆိတ်စွာမနေဘဲ ဆက်၍ဟောပြောလော့။
သို့ဖြစ်လျှင် ဤသို့သော အံ့ဖွယ်အကြောင်းအရာများကို ထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့ဘက်၌ ရှိတော်မူလျှင် မည်သူသည် ကျွန်ုပ်တို့ကို ဆန့်ကျင်နိုင်မည်နည်း။
အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် သူတို့၏ ဘိုးဘေးများဖြစ်၏။ ခရစ်တော်ကိုယ်တိုင်သည်လည်း လူသားအနေဖြင့် သူတို့၏ အမျိုးဖြစ်၏။ ခရစ်တော်သည် အရာခပ်သိမ်းကို အုပ်စိုး၍ ထာဝရမင်္ဂလာရှိသော ဘုရားသခင်လည်း ဖြစ်တော်မူ၏။ အာမင်။
ဤသို့ဖြင့် ဘုရားသခင်သည် လူအပေါင်းတို့၏ အပြစ်များကို မှတ်တော်မမူဘဲ ခရစ်တော်အားဖြင့် မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူ၏။ ကိုယ်တော်သည် ပြန်လည်သင့်မြတ်ခြင်းတရားကို ဟောပြောရန် ကျွန်ုပ်တို့အား တာဝန်ပေးတော်မူ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။
သခင်ဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။