ယေရှုခရစ်တော် မွေးဖွားလာတော်မူပုံမှာ ဤသို့ဖြစ်၏။ မယ်တော်မာရိနှင့် ယောသပ်တို့သည် လက်ထပ်ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်ပေါင်းသင်းခြင်းမပြုမီ မာရိသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ကိုယ်ဝန်ဆောင်လေ၏။
မဿဲ 1:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ တွေးတောဆင်ခြင်နေစဉ် ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ယောသပ်ကို အိပ်မက်တွင် ကိုယ်ထင်ပြ၍ “ဒါဝိဒ်မင်း၏သား ယောသပ်… မာရိကို သင်၏ဇနီးမယားအဖြစ် လက်ထပ်ရမည့်အမှုအတွက် မတွန့်ဆုတ်နှင့်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ဝန်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးကြောင့် ဖြစ်၏။ Common Language Bible ဤသို့အကြံရှိနေစဉ်သူသည်ထာဝရဘုရား ၏ကောင်းကင်တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။ ထိုကောင်းကင်တမန်က ``ဒါဝိဒ်၏သားမြေးယောသပ်၊ သင်သည်မာရိအားဇနီးအဖြစ်သိမ်းပိုက်ရမည်ကို မကြောက်နှင့်။ အဘယ်ကြောင့်ဆိုသော်သူ၏ဝမ်းတွင် ရှိသောပဋိသေနန္ဓကားသန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်ရသောပဋိသေနန္ဓဖြစ်၏။- Garrad Bible အို ဒါ ဝိဒ်၏ သား ယော သပ် ခင် ပွန်း မာ ရိ ကို သိမ်း ပိုက် ရန် မ ကြောင့် ကြ နှင့်။ သူ၌ ရှိ သော သ န္ဓေ သည် သန့် ရှင်း သော ဝိ ညာဉ် တော် ဖြင့် တည် ၏။ Judson Bible ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဤအကြောင်းကို စဉ်းစားဆင်ခြင်နေစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ဒါဝိဒ်၏သားယောသပ်၊ မာရိအား သင်၏ဇနီးအဖြစ်ယူရမည်ကို မစိုးရိမ်နှင့်။ အကြောင်းမူကား သူ၌တည်နေသောသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်၏။ မြန်မာ ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။- |
ယေရှုခရစ်တော် မွေးဖွားလာတော်မူပုံမှာ ဤသို့ဖြစ်၏။ မယ်တော်မာရိနှင့် ယောသပ်တို့သည် လက်ထပ်ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်ပေါင်းသင်းခြင်းမပြုမီ မာရိသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ကိုယ်ဝန်ဆောင်လေ၏။
ထို့နောက် ဟေရုဒ်မင်းထံသို့ လှည့်ပြန်မသွားရန် အိပ်မက်တွင် ဘုရားသခင်သတိပေးတော်မူသဖြင့် သူတို့သည် အခြားလမ်းဖြင့် မိမိတို့၏တိုင်းပြည်သို့ ပြန်သွားကြ၏။
ပညာရှိများ ထွက်ခွာသွားပြီးနောက် ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ယောသပ်ကို အိပ်မက်တွင် ကိုယ်ထင်ပြ၍ “ထလော့။ သူငယ်နှင့် မယ်တော်ကို ခေါ်ဆောင်ကာ အီဂျစ်ပြည်သို့ ထွက်ပြေးလော့။ ဟေရုဒ်မင်းသည် သူငယ်တော်ကို ရှာဖွေ၍ သတ်ရန် ကြံစည်ပြီ။ ထို့ကြောင့် ငါပြန်ခေါ်မည့်အချိန်ထိတိုင်အောင် ထိုအရပ်၌ နေကြလော့” ဟု ဆိုလေ၏။
ဟေရုဒ်မင်း ကွယ်လွန်သောအခါ ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် အီဂျစ်ပြည်၌ရှိသော ယောသပ်ကို အိပ်မက်တွင် ကိုယ်ထင်ပြ၍
သို့သော် ဟေရုဒ်မင်း၏နေရာ၌ သားဖြစ်သူ အာခေလသည် ဆက်ခံ၍ ယုဒပြည်ကို အုပ်ချုပ်နေကြောင်း ကြားသိသောအခါ ထိုပြည်သို့ မသွားဝံ့ပေ။ ထို့နောက် ယုဒပြည်သို့ ပြန်မသွားရန် အိပ်မက်တွင် သတိပေးခံရသဖြင့် ယောသပ်သည် ဂါလိလဲပြည်သို့ သွား၍
ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
ကောင်းကင်တမန်က အမျိုးသမီးတို့အား “မကြောက်နှင့်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံရသည့်ယေရှုအား ရှာနေကြသည်ကို ငါသိ၏။
ကောင်းကင်တမန်က “ငါသည် ဘုရားသခင်၏ရှေ့တော်၌ ခစားရသောဂါဗြေလ ဖြစ်၏။ ထိုအရှင်က သင့်အား ဤဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။
ယောသပ်သည်လည်း ဒါဝိဒ်မင်းအမျိုးအနွယ်မှ ဆင်းသက်လာသူဖြစ်သောကြောင့် ဂါလိလဲပြည်နာဇရက်မြို့မှ ယုဒပြည်ရှိ ဗက်လင်မြို့ဟု ခေါ်သော ဒါဝိဒ်၏မြို့သို့ သွားလေ၏။
သို့သော်လည်း ညအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ထောင်တံခါးကို ဖွင့်၍ တမန်တော်တို့ကို ခေါ်ထုတ်သွားကာ
ရွှင်လန်းဝမ်းမြောက်လျက် ကိုယ်တော်၏ ဘုန်းအသရေတော်ကို ချီးမွမ်းကြပါစို့။ သိုးသငယ်၏မင်္ဂလာပွဲသည် အချိန်ကျပြီဖြစ်၍ သူ၏ သတို့သမီးသည် မိမိကိုယ်မိမိ ပြင်ဆင်လေပြီ။