မဿဲ 1:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယာကုပ်၏သားသည် မာရိ၏ခင်ပွန်း ယောသပ်ဖြစ်၏။ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေရှု၏ မယ်တော်ဖြစ်၏။ Common Language Bible ယာကုပ်၏သားသည်မာရိ၏ခင်ပွန်းဖြစ်သူယောသပ် ဖြစ်၏။ မာရိကားမေရှိယဟုခေါ်ဝေါ်သမုတ်ခြင်း ခံရသောသခင်ယေရှု၏မယ်တော်တည်း။ Garrad Bible မဿာန် သား ယာ ကုပ်၊ ယာ ကုပ် သား ကား ခ ရစ် တော် ခေါ် ယေ ရှု ကို ဖွား မြင် သော မာ ရိ၏ ခင် ပွန်း ယော သပ် တည်း။ Judson Bible ယာကုပ်မြင်သောသားကား၊ မာရိ၏ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ်သမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် မာရိ၏ခင်ပွန်းဖြစ်သူ သားယောသပ်ကိုရ၍ ခရစ်တော်ဟုခေါ်သောယေရှုသည် ထိုမာရိမှမွေးဖွားတော်မူ၏။ မြန်မာ ယာကုပ်မြင်သောသားကား၊ မာရိ၏ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ်သမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။ |
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ထို့နောက် ယေရှုက မိမိသည် ခရစ်တော်ဖြစ်ကြောင်း မည်သူ့ကိုမျှ မပြောရန် တပည့်တော်တို့အား တင်းကျပ်စွာ မှာကြားတော်မူ၏။
ပညာရှိများ ထွက်ခွာသွားပြီးနောက် ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ယောသပ်ကို အိပ်မက်တွင် ကိုယ်ထင်ပြ၍ “ထလော့။ သူငယ်နှင့် မယ်တော်ကို ခေါ်ဆောင်ကာ အီဂျစ်ပြည်သို့ ထွက်ပြေးလော့။ ဟေရုဒ်မင်းသည် သူငယ်တော်ကို ရှာဖွေ၍ သတ်ရန် ကြံစည်ပြီ။ ထို့ကြောင့် ငါပြန်ခေါ်မည့်အချိန်ထိတိုင်အောင် ထိုအရပ်၌ နေကြလော့” ဟု ဆိုလေ၏။
သို့ဖြစ်၍ လူထုတို့သည် ပိလတ်မင်းအိမ်ရှေ့တွင် စုဝေးရောက်ရှိသောအခါ ပိလတ်မင်းက “သင်တို့သည် မည်သူ့ကို လွှတ်ပေးစေလိုသနည်း။ ဗာရဗ္ဗလော၊ သို့မဟုတ် ခရစ်တော်ဟု ခေါ်သော ယေရှုလော” ဟု သူတို့အား မေးလေ၏။
ထိုအခါ ပိလတ်မင်းက ထပ်မံ၍ “ခရစ်တော်ဟု ခေါ်သော ယေရှုကို မည်သို့ပြုရမည်နည်း” ဟု မေးလေ၏။ လူထုကလည်း “လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟု အော်ဟစ်ပြောဆိုကြ၏။
သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒနှင့် ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ၏ နှမတို့သည်လည်း ငါတို့နှင့် တစ်ရပ်တည်းသားများပင် မဟုတ်လော” ဟု ပြောဆို၍ ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကာ မယုံကြည်ဘဲနေကြ၏။
ထိုမိန်းမပျိုသည် ဒါဝိဒ်မင်းအမျိုးမှ ဆင်းသက်သူဖြစ်သည့် ယောသပ်အမည်ရှိသောအမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် စေ့စပ်ကြောင်းလမ်းထားသူဖြစ်၏။ ထိုမိန်းမပျို၏အမည်မှာ မာရိဖြစ်၏။
မိဘတို့သည် ယေရှုကို တွေ့သောအခါ အံ့အားသင့်၍ မိခင်က “ငါ့သား… သင်သည် အဘယ်ကြောင့် ငါတို့ကို ဤသို့ ပြုရသနည်း။ ငါနှင့် သား၏ဖခင်သည် သားကို အလွန်စိတ်ပူ၍ နေရာအနှံ့လိုက်ရှာခဲ့ရ၏” ဟု ပြောလေ၏။
သားဦးကို မွေးဖွားလေ၏။ တည်းခိုခန်းတွင် သူတို့အတွက် တည်းခိုရန် နေရာမရှိသောကြောင့် မာရိသည် သူငယ်ကို အနှီးနှင့်ရစ်ပတ်၍ နွားစားခွက်၌ သိပ်ထားလေ၏။
ယေရှုသည် အမှုတော်လုပ်ငန်းကို စတင်သောအချိန်တွင် အသက်တော်သုံးဆယ်ခန့်ရှိ၏။ လူတို့၏ထင်မြင်ချက်အရ ယေရှုသည် ယောသပ်၏သား ဖြစ်၏။ ယောသပ်သည် ဧလိ၏သား၊
လူအပေါင်းတို့သည် ယေရှုကို ချီးကျူး၍ ချိုသာသောစကားတော်တို့ကို အံ့ဩလျက် “ဤသူသည် ယောသပ်၏သား မဟုတ်လော” ဟူ၍ မေးကြ၏။
ထိုအခါ အမျိုးသမီးက “ခရစ်တော်ဟု ခေါ်သော မေရှိယကြွလာမည်ကို ကျွန်မသိပါ၏။ ထိုအရှင် ကြွလာသောအခါ ကျွန်မတို့အား အရာခပ်သိမ်းကို ရှင်းလင်းဖော်ပြတော်မူမည်” ဟု လျှောက်၏။