ထို့ကြောင့် သူတို့သည် သင်္ချိုင်းဂူကို တံဆိပ်ခတ်နှိပ်ကြပြီးလျှင် စောင့်ကြပ်ရန် အစောင့်တပ်သားများကို ချထားကြ၏။
ဗျာဒိတ် 8:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးသငယ်တော်သည် သတ္တမတံဆိပ်ကိုဖွင့်သောအခါ ကောင်းကင်ဘုံ၌ နာရီဝက်ခန့် တိတ်ဆိတ်နေ၏။ Common Language Bible သတ္တမချိပ်တံဆိပ်ကိုသိုးသူငယ်တော်ဖွင့် လိုက်သောအခါ ကောင်းကင်ဘုံတွင်နာရီ ဝက်ခန့်ဆိတ်ငြိမ်၍သွား၏။- Garrad Bible သ တ္တ မ တံ ဆိပ် ကို ဖွင့် တော် မူ သည့် ကာ လ ကောင်း ကင် ဘုံ တွင် နာ ရီ ဝက် မျှ ဆိတ် ဆိတ် နေ ပြီး နောက်၊ Judson Bible သတ္တမတံဆိပ်ကို ဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်စွာ နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သိုးသငယ်တော်သည် သတ္တမတံဆိပ်ကိုဖွင့်သောအခါ ကောင်းကင်၌ နာရီဝက်ခန့်မျှ ဆိတ်ငြိမ်ခြင်းရှိ၏။ |
ထို့ကြောင့် သူတို့သည် သင်္ချိုင်းဂူကို တံဆိပ်ခတ်နှိပ်ကြပြီးလျှင် စောင့်ကြပ်ရန် အစောင့်တပ်သားများကို ချထားကြ၏။
ထို့နောက် ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်၏ လက်ယာလက်ထဲတွင် စာလိပ်ကို ကျွန်ုပ်မြင်ရ၏။ ထိုစာလိပ်အတွင်းအပြင်နှစ်ဖက်လုံး၌ စာများရေးထား၍ တံဆိပ်ခုနစ်ခုဖြင့် ခတ်နှိပ်ထား၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။
သိုးသငယ်တော်သည် တံဆိပ်ခုနစ်ခုအနက် ပထမတံဆိပ် ဖွင့်သည်ကို ကျွန်ုပ်မြင်၏။ ထို့နောက် သတ္တဝါလေးပါးအနက် တစ်ပါးက မိုးခြိမ်းသံကဲ့သို့သောအသံဖြင့် “လာလော့” ဟု ဆိုသည်ကို ကျွန်ုပ်ကြားရ၏။
သိုးသငယ်တော်သည် ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ပြင်းထန်သောငလျင်လှုပ်သည်ကို ကျွန်ုပ်မြင်ရ၏။ နေသည် ဆိတ်မွေးဖြင့်ရက်သောအထည်ကြမ်းကဲ့သို့ မည်းလာပြီး လသည်လည်း သွေးနီရောင်ပြောင်းသွား၏။
သိုးသငယ်တော်သည် ဒုတိယတံဆိပ်ကို ဖွင့်သောအခါ ဒုတိယသတ္တဝါက “လာလော့” ဟုဆိုသည်ကို ကျွန်ုပ်ကြားရ၏။
သိုးသငယ်တော်သည် တတိယတံဆိပ်ကို ဖွင့်သောအခါ တတိယသတ္တဝါက “လာလော့” ဟုဆိုသည်ကို ကျွန်ုပ်ကြားရ၏။ ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ မြင်းနက်တစ်ကောင်ကို မြင်ရ၏။ ထိုမြင်းကို စီးသောသူသည် လက်ထဲတွင် ချိန်ခွင်တစ်ခုကို ကိုင်ထား၏။
သိုးသငယ်တော်သည် စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ စတုတ္ထသတ္တဝါက “လာလော့” ဟုဆိုသည်ကို ကျွန်ုပ်ကြားရ၏။
သိုးသငယ်တော်သည် ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ယဇ်ပလ္လင်အောက်တွင် ဝိညာဉ်များစွာကို ကျွန်ုပ်မြင်ရ၏။ ထိုဝိညာဉ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ခရစ်တော်အကြောင်းသက်သေခံချက်တို့ကို သစ္စာရှိစွာ ထိန်းသိမ်းသောကြောင့် အသတ်ခံရသည့် ဝိညာဉ်များဖြစ်ကြ၏။