အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 3:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အောင်မြင်သောသူ​သည် ထို​သူတို့​ကဲ့သို့​ပင် ဖြူသော​အဝတ်​ကို ဝတ်ဆင်​ရ​လိမ့်မည်။ ငါ​သည် သူ​၏​နာမည်​ကို အသက်​စာစောင်​မှ မည်သည့်​အခါ​မျှ ပယ်ဖျက်မည်​မဟုတ်။ သူ​သည် ငါ့​တပည့်​ဖြစ်ကြောင်း​ကို ငါ့​ခမည်းတော်​နှင့် ခမည်းတော်​၏​ကောင်းကင်တမန်များ​ရှေ့​၌ ငါ​အသိအမှတ်ပြုမည်။

အခန်းကိုကြည့်ပါ။

Common Language Bible

အောင်​မြင်​သော​သူ​တို့​သည်​ဝတ်​ဖြူ​စင်​ကြယ် ကို​ဝတ်​ရ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​နာ​မည် ကို​အ​သက်​စာ​စောင်​မှ​ဖျက်​ပယ်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​ကြောင်း ငါ​၏​ခ​မည်း​တော်​နှင့်​ကိုယ်​တော်​၏​ကောင်း ကင်​တ​မန်​များ​ရှေ့​တွင်​ငါ​ထုတ်​ဖော်​ဝန်​ခံ မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

အောင် မြင် သူ သည် ထို သို့ ဝတ် လုံ ဖြူ ဆင် ရ လိမ့် မည်။ သူ့ အ မည် ကို လည်း အ သက် စာ ရင်း မှ ငါ ချေ ဖျက် မည် မ ဟုတ် ဘဲ ငါ့ ခ မည်း တော် နှင့် စေ တ မန် တော် တို့ ရှေ့ ဝန် ခံ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သူ၏​နာ​မ​ကို အ​သက်​စာ​စောင်​မှ ငါ​သည် အ​လျှင်း​မ​ချေ။ ငါ့​ခ​မည်း​တော်​ရှေ့၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တော်​တို့ ရှေ့၌​လည်း​ကောင်း သူ၏​နာ​မ​ကို ငါ​ဝန်​ခံ​မည်။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အောင်မြင်​သော​သူ​သည် ထိုကဲ့သို့​ပင် ဖြူ​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​ရ​လိမ့်မည်။ ငါ​သည်​လည်း သူ​၏​နာမည်​ကို အသက်​စာစောင်​မှ လုံးဝ​ပယ်ဖျက်​မည်​မ​ဟုတ်။ ငါ​သည် သူ​၏​နာမည်​ကို ငါ့​ခမည်းတော်​ရှေ့​၌​လည်းကောင်း၊ ကိုယ်တော်​၏​ကောင်းကင်​တမန်​များ​ရှေ့​၌​လည်းကောင်း ဝန်ခံ​မည်။

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 3:5
23 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ လူတို့​ရှေ့တွင် ငါ့​ကို ထုတ်ဖော်ဝန်ခံ​သူ ရှိသမျှတို့​ကို ငါ​သည်လည်း ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။


သို့သော် နတ်ဆိုးတို့​သည် သင်တို့​ကို နာခံကြ​သောကြောင့် ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ​၌ သင်တို့​၏​အမည်များ​စာရင်းဝင်သည့်​အတွက် ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​ပြောမည်။ လူတို့​ရှေ့တွင် ငါ့​ကို ထုတ်ဖော်ဝန်ခံ​သူ ရှိသမျှတို့​အား လူသား​သည်လည်း ဘုရားသခင်​၏​ကောင်းကင်တမန်များ​ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။


ကျွန်ုပ်​၏ စစ်မှန်သော​လုပ်ဖော်ကိုင်ဖက်… ဤ​အမျိုးသမီး​နှစ်ဦး သင့်မြတ်​ရန် ကူညီပါလော့ ဟု သင့်​ကို ကျွန်ုပ် တောင်းဆိုပါ၏။ သူတို့​သည် အသက်​စာစောင်​တွင် အမည်​ပါရှိသော ကလေမင်​မှစ၍ အခြား​လုပ်ဖော်ကိုင်ဖက်များ​နှင့်တကွ သတင်းကောင်း​ကို ဟောပြော​ရာတွင် ကျွန်ုပ်​နှင့်အတူ လက်တွဲ​ကြိုးပမ်းခဲ့ကြသူများ ဖြစ်၏။


သင်တို့​အား အပြစ်နွံ​ထဲသို့ လဲကျခြင်း​မှ ကင်းဝေးစေနိုင်ပြီး အပြစ်​ကင်းစင်​လျက် ရွှင်လန်း​ဝမ်းမြောက်သော​စိတ်​နှင့် မိမိ​ဘုန်းအသရေတော်​ရှေ့သို့ ဝင်ရောက်စေနိုင်သည့်


အသေ​သတ်ခြင်း​ခံရသော သိုးသငယ်တော်​၏ အသက်​စာစောင်​၌ ကမ္ဘာဦး​အစ​ကပင် အမည်​စာရင်း​ပါသောသူများ​မှလွဲ၍ ကမ္ဘာလောက​၌ နေထိုင်ကြသောသူ​အပေါင်းတို့​သည် ထို​သားရဲ​ကို ကိုးကွယ်ကြ​လိမ့်မည်။


သင်​မြင်ရသော​သားရဲ​သည် ယခင်က အသက်ရှင်​သော်လည်း ယခု​မရှင်တော့ပေ။ သို့သော် မကြာမီ သူ​သည် တွင်းနက်ကြီး​ထဲမှ တက်လာပြီး ဖျက်ဆီးခြင်း​ကို ခံရ​လိမ့်မည်။ ကမ္ဘာလောက​၌ နေထိုင်ကြသော​သူတို့​တွင် ကမ္ဘာဦး​အစ​ကပင် အသက်​စာစောင်​၌ စာရင်း​မဝင်သူများ​က ထို​သားရဲ​ကို မြင်ရ​သောအခါ အလွန်​အံ့ဩကြ​လိမ့်မည်။ အကြောင်းမှာ ယခင်​အသက်ရှင်ခဲ့သည့် ထို​သားရဲ​သည် ယခု​မရှင်တော့​သော်လည်း မကြာမီ​ပြန်ပေါ်လာ​ဦးမည့်​အတွက်ကြောင့် ဖြစ်၏။


ထို​သတို့သမီး​သည် စင်ကြယ်​တောက်ပြောင်သော​ပိတ်ချော​ကို ဝတ်ဆင်ခွင့်​ရ၏” ဟူ၍ ဖြစ်၏။ ထို​ပိတ်ချော​သည် ယုံကြည်သူတို့​၏ ဖြောင့်မတ်သော​အကျင့်​ကို ကိုယ်စားပြု၏။


ဝိညာဉ်တော်​သည် အသင်းတော်တို့​အား မိန့်တော်မူသော​စကားကို နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။ အောင်မြင်သော​သူ​သည် ဒုတိယ​သေခြင်း​ဝေဒနာ​ကို ခံစားရမည်​မဟုတ်။


ဝိညာဉ်တော်​သည် အသင်းတော်တို့​အား မိန့်တော်မူသော​စကား​ကို နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။ ငါ​သည် အောင်မြင်သော​သူတို့​ကို ဘုရားသခင်​၏ ပရဒိသုဘုံ​၌​ရှိသော အသက်ပင်​၏​အသီး​ကို စားခွင့်​ပေးမည်။


သေလွန်သောသူ အကြီး​အငယ်တို့​သည် ရာဇပလ္လင်တော်​ရှေ့​၌ ရပ်နေကြသည်​ကို ကျွန်ုပ်​မြင်ရ၏။ စာစောင်များ​ကို ဖွင့်ထား၏။ အသက်​စာစောင်​ဖြစ်သော အခြား​စာစောင်​တစ်စောင်​ကိုလည်း ဖွင့်ထား၏။ သေလွန်သော​သူတို့​သည် စာစောင်​ထဲတွင် မှတ်တမ်းတင်​ထားသည့်​အတိုင်း မိမိတို့​အကျင့်​နှင့်​အညီ တရားစီရင်​ခံရ၏။


အသက်​စာစောင်​တွင် စာရင်း​မဝင်သော​သူတို့​သည်လည်း မီးအိုင်​ထဲသို့ ပစ်ချ​ခံရ၏။


မည်သည့်​ညစ်ညမ်းသော​အရာ​မျှ ထို​မြို့​ထဲသို့ ဝင်ရ​လိမ့်မည်​မဟုတ်။ စက်ဆုပ်​ရွံရှာဖွယ်​အမှု​ကို ပြုသူ​နှင့် လိမ်လည်သူ​သည်လည်း ဝင်ရ​လိမ့်မည်​မဟုတ်။ သိုးသငယ်တော်​၏ အသက်​စာစောင်​တွင် စာရင်း​ဝင်သော​သူတို့​သာလျှင် ဝင်ကြရ​လိမ့်မည်။


မည်သူမဆို ဤ​စာစောင်​၌ ပါသော ပရောဖက်ပြု​ဟောပြောချက်​ထဲမှ တစ်စုံတစ်ရာ​ကို နုတ်ပယ်​ပါက ဤ​စာစောင်​၌ ဖော်ပြထားသော အသက်ပင်​၏ အသီး​ကို စားခွင့်​နှင့် သန့်ရှင်းသော​မြို့တော်​သို့ ဝင်ခွင့်​ကို ဘုရားသခင်​သည် ထို​သူတို့​ထံမှ နုတ်ပယ်တော်မူ​လိမ့်မည်။


အောင်မြင်သောသူ​ကို ငါ့​ဘုရားသခင်​၏​ဗိမာန်တော်​၌ ရှိသော​တိုင်​ကဲ့သို့ ဖြစ်စေမည်။ သူ​သည် မည်သည့်​အခါ​မျှ ဗိမာန်တော်​အပြင်​သို့ မရောက်ရ။ ငါ​သည် ငါ​၏​ဘုရားသခင်​နာမတော်​ကို​လည်းကောင်း၊ ငါ​၏​ဘုရားသခင်​ထံ ကောင်းကင်ဘုံ​မှ ဆင်းသက်မည့် ဂျေရုဆလင်​မြို့သစ်​ဟူသော ဘုရားသခင်​မြို့တော်​၏​နာမတော်​ကို​လည်းကောင်း၊ ငါ​၏​နာမတော်​သစ်​ကို​လည်းကောင်း သူ့​အပေါ်​၌ ရေးထားမည်။


သို့ရာတွင် သာဒိမြို့​၌ မိမိတို့​အဝတ်​ကို မညစ်ညူး​စေသော​သူ​တချို့ ရှိကြသေး၏။ သူတို့​သည် ထိုက်တန်သော​သူများ​ဖြစ်​သောကြောင့် ဖြူသော​အဝတ်​ကို ဝတ်ဆင်​လျက် ငါ​နှင့်အတူ သွားလာကြ​လိမ့်မည်။


ထို့နောက် သူတို့​တစ်ဦးစီ​အား ဝတ်ရုံဖြူများ​ကို ပေးတော်မူ၏။ သူတို့​နည်းတူ အသတ်ခံရမည့် သူတို့​၏​အစေခံချင်း၊ သူတို့​၏​ညီအစ်ကို​မောင်နှမ​ချင်း အရေအတွက်​ပြည့်သည်​အထိ အနည်းငယ်​စောင့်ကြ​ရန် သူတို့​အား မိန့်တော်မူ၏။