ကောင်းကင်နိုင်ငံတော်သည် လယ်ထဲ၌ ဝှက်ထားသောဘဏ္ဍာနှင့်တူ၏။ တစ်စုံတစ်ဦးသည် ထိုဘဏ္ဍာကို တွေ့သောအခါ တစ်ဖန်ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်စွာ သွားလျက် မိမိ၌ရှိသောအရာအားလုံးကိုရောင်း၍ ထိုလယ်ကိုဝယ်လေ၏။
ဗျာဒိတ် 3:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘စစ်မှန်သောချမ်းသာမှုကို ရရန် မီးဖြင့်သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်မပါသည့်အရှက်ကို ဖုံးအုပ်ရန် အဝတ်ဖြူကိုလည်းကောင်း၊ သင်၏မျက်စိမြင်နိုင်ရန် ခတ်စရာမျက်စဉ်းကိုလည်းကောင်း ငါ့ထံမှ ဝယ်ယူလော့’ ဟု သင့်အား ငါအကြံပေး၏။ Common Language Bible သို့ဖြစ်၍သင်သည်ချမ်းသာကြွယ်ဝခြင်းငှာရွှေ စင်ကို ငါ့ထံမှဝယ်ယူရန်ငါအကြံပေး၏။ ထို့ အပြင်အဝတ်အချည်းစည်းဖြစ်မှုနှင့်အရှက် ကိုဖုံးရန်ဝတ်ဖြူစင်ကြယ်ကိုလည်းကောင်း၊ မျက် စိအလင်းရစေရန်မျက်စဉ်းဆေးကိုလည်း ငါ့ထံမှဝယ်ယူလော့။- Garrad Bible ကြွယ် ဝ ခြင်း ငှါ မီး ဖြင့် ချွတ် ပြီး ရွှေ ကို လည်း ကောင်း၊ ခြုံ ရာ မဲ့၍ ရှက် ဖွယ် ရာ မ ပေါ် စေ ခြင်း ငှာ ဆင် ရန် ဝတ် လုံ ဖြူ ကို လည်း ကောင်း၊ မျက် စိ မြင် ခြင်း ငှါ ခတ် ရန် မျက် စဉ်း ကိုလည်း ကောင်း၊ ငါ့ ထံ မှ ဝယ် ယူ သင့် ကြောင်း အ ကြံ ပေး ၏။ Judson Bible သင်သည် ဥစ္စာရတတ်ခြင်းငှာ၊ မီးနှင့်ချွတ်ပြီးသော ရွှေကိုလည်းကောင်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတစ်ပါး ရှေ့တွင် မရှက်စေခြင်းငှာ ခြုံစရာဖို့၊ ဖြူသောအဝတ်ကိုလည်းကောင်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှာ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။- မြန်မာ့စံမီသမ္မာကျမ်း သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။ |
ကောင်းကင်နိုင်ငံတော်သည် လယ်ထဲ၌ ဝှက်ထားသောဘဏ္ဍာနှင့်တူ၏။ တစ်စုံတစ်ဦးသည် ထိုဘဏ္ဍာကို တွေ့သောအခါ တစ်ဖန်ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်စွာ သွားလျက် မိမိ၌ရှိသောအရာအားလုံးကိုရောင်း၍ ထိုလယ်ကိုဝယ်လေ၏။
သို့သော် ပညာသတိရှိသော အပျိုရံတို့က ‘ငါတို့အားလုံးအတွက်ဆိုလျှင် ဆီမလုံလောက်ပါ။ ဆီရောင်းသောသူတို့ထံသာ သွား၍ သင်တို့အတွက် ဝယ်ယူကြပါ’ ဟု ပြန်ပြောကြ၏။
ထိုကဲ့သို့ပင် မိမိအတွက် စည်းစိမ်ဥစ္စာများကို စုသိမ်းထားသော်လည်း ဘုရားသခင်ရှေ့တွင် ဆင်းရဲသောသူသည် ထိုသူဌေးနှင့်တူ၏” ဟု မိန့်တော်မူ၏။
ထိုသို့ ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကို ဝတ်ဆင်ရလျှင် ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာမပါသော ဝိညာဉ်များ ဖြစ်နေမည်မဟုတ်ပေ။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့သိကြ၏။ ကိုယ်တော်သည် ချမ်းသာသော်လည်း သင်တို့၏ အကျိုးကိုထောက်၍ ဆင်းရဲခံတော်မူ၏။ ထိုသို့ဆင်းရဲခံတော်မူခြင်းမှာ သင်တို့ ချမ်းသာလာစေရန် ဖြစ်၏။
ထိုသူတို့ကို ကောင်းမှုပြုရန်၊ ကောင်းသောအကျင့်များကြွယ်ဝရန်၊ မျှဝေလိုစိတ်ရှိ၍ ရက်ရောစွာ ပေးရန် ညွှန်ကြားလော့။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
ဤဆင်းရဲဒုက္ခအမျိုးမျိုးကို ခံရခြင်းသည် သင်တို့၏ စစ်မှန်သည့် ယုံကြည်ခြင်းကို ဖော်ပြရန်ဖြစ်၏။ ပျက်စီးနိုင်သည့်ရွှေကိုပင်လျှင် မီးဖြင့် သန့်စင်၍စစ်ဆေးရ၏။ စစ်မှန်သည့်ယုံကြည်ခြင်းသည် ထိုရွှေထက် အဖိုးတန်၏။ သို့ဖြစ်၍ သင်တို့၏ ယုံကြည်ခြင်းစစ်မှန်လျှင် ယေရှုခရစ်တော် ကြွလာသောအချိန်တွင် သင်တို့သည် ချီးမွမ်းခံရလျက် ဘုန်းအသရေနှင့် ဂုဏ်အသရေကို ရရှိကြလိမ့်မည်။
“ကြည့်လော့။ သူခိုးကဲ့သို့ ငါလာမည်။ သို့ဖြစ်၍ အဝတ်မပါဘဲ သွားလာသဖြင့် အရှက်ကွဲခြင်းမျိုး မဖြစ်စေရန် မိမိ၏ အဝတ်ကို အသင့်ဝတ်ဆင်လျက် နိုးကြားနေသောသူသည် မင်္ဂလာရှိ၏။”
ထိုသတို့သမီးသည် စင်ကြယ်တောက်ပြောင်သောပိတ်ချောကို ဝတ်ဆင်ခွင့်ရ၏” ဟူ၍ ဖြစ်၏။ ထိုပိတ်ချောသည် ယုံကြည်သူတို့၏ ဖြောင့်မတ်သောအကျင့်ကို ကိုယ်စားပြု၏။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းကို ငါသိ၏။ အမှန်စင်စစ် သင်သည် ချမ်းသာ၏။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့က သင့်အား အသရေဖျက်ပြောဆိုသည်ကိုလည်း ငါသိ၏။
သင်က ‘ငါသည် ချမ်းသာ၍ ကြွယ်ဝသောကြောင့် မည်သည့်အရာကိုမျှ မလို’ ဟု ဆို၏။ သို့သော် သင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ သနားစရာကောင်းသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူ၊ အဝတ်မပါသောသူဖြစ်ကြောင်းကို မသိ။
ရာဇပလ္လင်တော်ပတ်လည်တွင် အခြားပလ္လင်နှစ်ဆယ့်လေးခုရှိပြီး အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် ထိုပလ္လင်များပေါ်တွင် ထိုင်နေကြ၏။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်လျက် ဦးခေါင်းများပေါ်တွင် ရွှေသရဖူများကို ဆောင်းထားကြ၏။
အကြီးအကဲများထဲမှ တစ်ပါးက “ဝတ်ရုံဖြူဝတ်ထားသည့် ဤသူတို့သည် မည်သူတို့နည်း။ မည်သည့်အရပ်မှ လာကြသနည်း” ဟု ကျွန်ုပ်အား မေး၏။