သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
ဗျာဒိတ် 22:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မတရားမှုပြုသောသူက ဆက်၍ ပြုပါစေ။ ညစ်ညမ်းသောသူက ဆက်၍ ညစ်ညမ်းပါစေ။ ဖြောင့်မတ်သောသူက ဆက်၍ ဖြောင့်မတ်ပါစေ။ သန့်ရှင်းသောသူက ဆက်၍ သန့်ရှင်းပါစေ” ဟုကျွန်ုပ်အား ပြော၏။ Common Language Bible မတရားသောအမှုကိုပြုသောသူသည်ပြုမြဲ ပြုပါစေ။ ညစ်ညမ်းသူသည်ဆက်လက်၍ညစ်ညမ်း လျက်နေပါစေ။ ဖြောင့်မတ်သူသည်ဆက်လက်၍ ဖြောင့်မတ်ပါစေ။ မြင့်မြတ်သန့်ရှင်းသူသည်ဆက် လက်၍မြင့်မြတ်သန့်ရှင်းပါစေ'' ဟုငါ့အား ဆို၏။ Garrad Bible မ တ ရား သူ သည် မ တ ရား လျက် နေ စေ ဦး။ ညစ် ပေ သူ သည် ညစ် ပေ စေ ဦး။ တ ရား သူ သည် တ ရား သ ဖြင့် ကျင့် စေ ဦး။ သန့် ရှင်း သူ သည် သန့် ရှင်း စေ ဦး။ Judson Bible မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။- မြန်မာ့စံမီသမ္မာကျမ်း မတရားသဖြင့်ပြုသောသူသည် ဆက်၍မတရားသဖြင့်ပြုပါစေ။ ညစ်ညူးသောသူသည် ဆက်၍ညစ်ညူးလျက်နေပါစေ။ ဖြောင့်မတ်သောသူသည် ဆက်၍ဖြောင့်မတ်သောအမှုကိုပြုပါစေ။ သန့်ရှင်းသောသူသည် ဆက်၍သန့်ရှင်းခြင်းရှိပါစေ”ဟု ငါ့အားဆို၏။ |
သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ လမ်းဘေး၌ သဖန်းပင်တစ်ပင်ကို မြင်သော် အပင်နားသို့ ကြွတော်မူ၏။ သို့သော် အသီးတစ်လုံးမျှမရှိဘဲ အရွက်များကိုသာ တွေ့မြင်တော်မူ၏။ ထိုအခါ ယေရှုက ထိုအပင်အား “ယခုမှစ၍ မည်သည့်အခါမျှ သင်၌ အသီးမသီးပါစေနှင့်” ဟု မိန့်တော်မူ၏။ ထိုသဖန်းပင်သည်လည်း ချက်ချင်းခြောက်သွေ့သွားလေ၏။
ပညာသတိမဲ့သော အပျိုရံတို့သည် ဆီဝယ်ရန် သွားနေကြစဉ် သတို့သားရောက်လာ၏။ အဆင်သင့်ရှိနေသော အပျိုရံတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်သွားပြီးနောက် တံခါးသည်လည်း ပိတ်လေ၏။
ထိုသို့ ပြုလျှင် သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကောင်းသောသူနှင့် မကောင်းသောသူ အပေါ်တွင် နေကို ထွက်ပေါ်စေတော်မူသောကြောင့်ဖြစ်၏။ ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူ အပေါ်၌ မိုးကို ရွာစေတော်မူ၏။
ဖြောင့်မတ်ခြင်းကို ငတ်မွတ်တောင့်တသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အလိုဆန္ဒပြည့်စုံကြရမည်ဖြစ်သောကြောင့်ပင်။
တစ်ဖန် ယေရှုက “ငါသွားရမည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ သို့သော်လည်း သင်တို့သည် သင်တို့၏အပြစ်ကြောင့် သေဆုံးကြရမည်။ ငါသွားမည့် အရပ်သို့ သင်တို့ လိုက်နိုင်မည်မဟုတ်” ဟု မိန့်တော်မူ၏။
အစွန်းအထင်း၊ အတွန့်အကြေတို့နှင့် အခြားထိုသို့သောအနာအဆာ တစ်စုံတစ်ခုမျှ မရှိဘဲ သန့်ရှင်းလျက် အပြစ်ကင်းသည့် ဂုဏ်သရေရှိသော အသင်းတော်အဖြစ် မိမိထံ ဆက်သရန် ဖြစ်၏။
ယခုတွင်မူ ကိုယ်တော်သည် သွေးသားနှင့် ဖွဲ့စည်းထားသော ခရစ်တော်၏ကိုယ်ခန္ဓာကို အသေခံစေတော်မူခြင်းအားဖြင့် သင်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူပြီ။ ဤသည်မှာ သင်တို့သည် သန့်ရှင်း၍ အပြစ်အနာအဆာကင်းလျက် အပြစ်ဆိုဖွယ်မရှိသောသူများအဖြစ် ရှေ့တော်၌ ဆက်သနိုင်ရန် ဖြစ်၏။
ဆိုးညစ်သောသူများနှင့် ယောင်ဆောင်လှည့်ဖြားသူများသည် သူတစ်ပါးကို လှည့်ဖြားပြီး ကိုယ်တိုင်လည်း လှည့်ဖြားခံရလျက် ဆိုးသည်ထက် ပို၍ ဆိုးလာလိမ့်မည်။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်
အလေးချိန်ပေါင်တစ်ရာခန့် ရှိသော မိုးသီးတို့သည် ကောင်းကင်မှ လူတို့အပေါ်သို့ ကျလေ၏။ ထိုမိုးသီးဘေးဒဏ် အလွန်ပြင်းထန်သောကြောင့် လူတို့သည် ဘုရားသခင်ကို ကျိန်ဆဲကြ၏။
ကျိန်ခြင်းဘေးတစ်စုံတစ်ခုမျှ ရှိတော့မည်မဟုတ်။ ဘုရားသခင်နှင့် သိုးသငယ်တော်၏ ရာဇပလ္လင်သည် ထိုမြို့တွင် ရှိပြီး ကိုယ်တော်၏ အစေခံတို့သည် ကိုယ်တော်ကို ဝတ်ပြုကြလိမ့်မည်။