ရေမှ တက်လာကြသောအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဖိလိပ္ပုကို ခေါ်ယူသွားသဖြင့် အမတ်သည် ဖိလိပ္ပုကို နောက်ထပ် မတွေ့မြင်ရတော့ပေ။ သို့သော်လည်း သူသည် ဝမ်းသာရွှင်လန်းစွာ ခရီးဆက်လေ၏။
ဗျာဒိတ် 21:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကောင်းကင်တမန်သည် ကျွန်ုပ်ကို ကြီးမား၍ မြင့်မားသောတောင်သို့ ခေါ်ဆောင်သွားကာ ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်သည့် သန့်ရှင်းသောမြို့တော် ဂျေရုဆလင်မြို့ကို ကျွန်ုပ်အား ပြ၏။ Common Language Bible ဝိညာဉ်တော်သည်ငါ့အပေါ်သို့သက်ရောက်တော် မူလျက်၊ ကောင်းကင်တမန်သည်ငါ့ကိုအလွန်မြင့် သောတောင်ထိပ်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့သက် ဆင်းလာသည်ကိုပြ၏။- Garrad Bible ဝိ ညာဉ် တော် ဝင် စား သူ ငါ့ ကို ကြီး မြင့် သော တောင် သို့ ခေါ် သွား လျက် ဘု ရား သ ခင် စံ တော် မူ ရာ ကောင်း ကင် ဘုံ မှ ဆင်း သက် သည့် သန့် ရှင်း သော ယေ ရု ရှ လင် မြို့ တော် ကို ပြ ၏။ Judson Bible ကြီးမြင့်သောတောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အားပြလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုကောင်းကင်တမန်သည် ကြီးမား၍မြင့်လှသောတောင်ပေါ်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကိုခေါ်ဆောင်သွားကာ ဘုရားသခင်အထံတော်၊ ကောင်းကင်ထက်မှဆင်းသက်လာသည့် သန့်ရှင်းသောဂျေရုဆလင်မြို့ကို ငါ့အားပြလေ၏။ |
ရေမှ တက်လာကြသောအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဖိလိပ္ပုကို ခေါ်ယူသွားသဖြင့် အမတ်သည် ဖိလိပ္ပုကို နောက်ထပ် မတွေ့မြင်ရတော့ပေ။ သို့သော်လည်း သူသည် ဝမ်းသာရွှင်လန်းစွာ ခရီးဆက်လေ၏။
သို့သော် ကျန်အမျိုးသမီးဖြစ်သော စာရာသည် အထက်အရပ်တွင် ရှိသော ဂျေရုဆလင်မြို့ကို ကိုယ်စားပြု၏။ သူသည် လွတ်လပ်သူဖြစ်ပြီး ကျွန်ုပ်တို့၏ မိခင်ဖြစ်၏။
ကျွန်ုပ်သည် သခင်ဘုရားနေ့တွင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကျွန်ုပ်သည် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ကျွန်ုပ်နောက်၌ ကြားရ၏။
ဗိမာန်တော်၏ အပြင်ဘက်ရင်ပြင်ကို မတိုင်းနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာကို လူမျိုးခြားတို့အား ပေးထားသောကြောင့်ဖြစ်၏။ သူတို့သည် သန့်ရှင်းသောမြို့ကို လေးဆယ့်နှစ်လတိုင်တိုင် နင်းခြေကြလိမ့်မည်။
ထို့နောက် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကောင်းကင်တမန်သည် ကျွန်ုပ်ကို တောကန္တာရသို့ ခေါ်ဆောင်သွား၏။ ထိုနေရာ၌ အနီရောင်သားရဲပေါ်တွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို မြင်ရ၏။ ထိုသားရဲတွင် ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ပါရှိပြီး တစ်ကိုယ်လုံး၌လည်း ဘုရားသခင်အား စော်ကားသောအမည်များကို အပြည့်ရေးထား၏။
သန့်ရှင်းသောမြို့တော်ဖြစ်သော ဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက် လှပစွာ ဝတ်ဆင်ထားသော သတို့သမီးတစ်ဦးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။
အောင်မြင်သောသူကို ငါ့ဘုရားသခင်၏ဗိမာန်တော်၌ ရှိသောတိုင်ကဲ့သို့ ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါသည် ငါ၏ဘုရားသခင်နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်မည့် ဂျေရုဆလင်မြို့သစ်ဟူသော ဘုရားသခင်မြို့တော်၏နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း သူ့အပေါ်၌ ရေးထားမည်။
ချက်ချင်းပင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာ၍ ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ တည်ထားသောရာဇပလ္လင်တစ်ခုနှင့် ထိုပလ္လင်ပေါ်တွင် ထိုင်နေသူတစ်ဦးကို မြင်ရ၏။