ထို့နောက် နတ်ဆိုးတို့က တွင်းနက်ကြီးထဲသို့ မချသေးရန် ယေရှုအား ထပ်၍ တောင်းပန်ကြ၏။
ဗျာဒိတ် 20:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် တွင်းနက်ကြီး၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ Common Language Bible ထိုနောက်ကောင်းကင်တမန်တစ်ပါးသည်တွင်း နက်ကြီး၏သော့ကိုလည်းကောင်း၊ သံကြိုးကြီး ကိုလည်းကောင်း ကိုင်လျက်ကောင်းကင်မှဆင်း လာသည်ကိုငါမြင်ရ၏။- Garrad Bible တစ် ဖန် စေ တ မန် တော် တစ် ပါး သည် င ရဲ ဘုံ သော့ နှင့် သံ ကြိုး ကြီး တစ် စင်း ကို ကိုင် လျက် ကောင် ကင် ဘုံ မှ ဆင်း လာ ရာ၊ Judson Bible တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် အတိုင်းမသိနက်ရှိုင်းရာအရပ်၏သော့နှင့် ကြီးမားသောသံကြိုးတို့ကို မိမိလက်၌ကိုင်ထားလျက် ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။ |
ထို့နောက် နတ်ဆိုးတို့က တွင်းနက်ကြီးထဲသို့ မချသေးရန် ယေရှုအား ထပ်၍ တောင်းပန်ကြ၏။
ဘုရားသခင်သည် အပြစ်ကျူးလွန်သောကောင်းကင်တမန်များကိုပင်လျှင် ချမ်းသာပေးတော်မမူဘဲ ငရဲထဲသို့ ပစ်ချ၍ တရားစီရင်မည့်နေ့တိုင်အောင် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။
ထို့ပြင် မိမိတို့ရရှိထားသည့်အခွင့်အာဏာနှင့် မတင်းတိမ်ဘဲ နေရင်းအရပ်ကို စွန့်ခွာသွားကြသော ကောင်းကင်တမန်များအား ကိုယ်တော်သည် တရားစီရင်တော်မူမည့်နေ့ရက်ကြီးအတွက် ထာဝရအချုပ်အနှောင်ဖြင့် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။
ထို့နောက် တန်ခိုးကြီးသော ကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ခြုံလွှမ်းလျက် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံတည်ရှိ၏။ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး ခြေတို့သည် မီးတိုင်ကဲ့သို့ဖြစ်၏။
ထို့နောက် အခြားကောင်းကင်တမန်တစ်ပါးသည် ကြီးမားသောအခွင့်အာဏာနှင့်အတူ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ ကမ္ဘာမြေကြီးသည်လည်း သူ၏အရောင်အဝါဖြင့် ထွန်းလင်းနေ၏။
နှစ်ပေါင်းတစ်ထောင်ကုန်ဆုံးသည်အထိ လူမျိုးများကို ထပ်မံမလှည့်ဖြားနိုင်တော့ရန် သူ့ကို တွင်းနက်ကြီးထဲသို့ ပစ်ချ၍ ပိတ်လှောင်ကာ တံဆိပ်ခတ်လေ၏။ နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးချိန်တွင် သူ့ကို ခေတ္တမျှ လွှတ်ထားရမည်။