သန့်ရှင်းသောဝိညာဉ်တော်နှင့် ကျွန်ုပ်တို့သည် အရေးကြီးသောအောက်ပါအချက်များမှအပ အခြားသောဝန်ထုပ်ဝန်ပိုးများကို သင်တို့အပေါ်မတင်လျှင် ကောင်းမည်ဟု သဘောတူကြပါ၏။
ဗျာဒိတ် 2:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခု ကျွန်ုပ်သည် ကျန်ရှိသော သွာတိရအသင်းသား သင်တို့အား ပြောလို၏။ သူ၏မှားယွင်းသည့် သွန်သင်ချက်ကို နားမထောင်၊ စာတန်၏လျှို့ဝှက်ချက်များကို မခံယူသည့် သင်တို့အပေါ်သို့ အခြားဝန်ထုပ်ဝန်ပိုးကို ငါတင်မည်မဟုတ်။ Common Language Bible ထိုသူတို့မှလွဲ၍ အခြားသွာတိရမြို့အသင်း တော်ဝင်တို့သည်ဤဆိုးညစ်သည့်အယူဝါဒ ကိုမလိုက်နာကြ။ စာတန်၏နက်နဲသည့်လျှို့ဝှက် ချက်များဟုသူတစ်ပါးတို့ခေါ်ဝေါ်ကြသည့် အရာများကိုလည်းမခံမယူကြ။ သင်တို့ အပေါ်သို့အခြားဝန်ထုပ်ကိုငါမတင်။- Garrad Bible သို့ သော် လည်း နက် နဲ ရာ ဟု ချင်း တို့ ခေါ် ဝေါ် သည့် စာ တန်၏ ဩ ဝါ ဒ ကို မ နာ မ ယူ မ သိ မ ကျွမ်း သ မျှ သော သွာ တိ ရ အ သင်း တော် ရှိ ကျန် ကြွင်း သူ တို့ အား ငါ ဆို သည် ကား သင် တို့ အ ပေါ် တွင် အ ခြား ဝန် ကို ငါ မ တင်။ Judson Bible ထိုမိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ်သည်နှင့်အညီ၊ စာတန်၏ နက်နဲသောအရာဟု ခေါ်ဝေါ်သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကို မယူ၊ ကြွင်းသောသွာတိရမြို့သားတို့ကို ငါဆိုသည်ကား၊ သင်တို့သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုမိန်းမ၏အယူဝါဒကိုမခံယူ၊ စာတန်၏နက်နဲသောအရာဟု သူတို့ခေါ်ဝေါ်သောအရာများကိုမသိသော သွာတိရမြို့မှ ကျန်ရှိသူအပေါင်းတို့အား ငါဆိုသည်ကား သင်တို့အပေါ်၌ အခြားသောဝန်ထုပ်ဝန်ပိုးကို ငါမတင်။ |
သန့်ရှင်းသောဝိညာဉ်တော်နှင့် ကျွန်ုပ်တို့သည် အရေးကြီးသောအောက်ပါအချက်များမှအပ အခြားသောဝန်ထုပ်ဝန်ပိုးများကို သင်တို့အပေါ်မတင်လျှင် ကောင်းမည်ဟု သဘောတူကြပါ၏။
သွာတိရမြို့မှ ဘုရားသခင်ကို ကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည် ကျွန်ုပ်တို့ပြောသောအရာများကို နားထောင်လျက်နေ၏။ သူသည် ခရမ်းရောင်အထည်များကို ရောင်းသောသူဖြစ်၏။ ပေါလုဟောပြောသော စကားများကို အာရုံစိုက်နားထောင်ရန်အတွက် သူ၏စိတ်နှလုံးကို ဘုရားသခင်သည် ဖွင့်ပေးတော်မူ၏။
သို့သော် ဘုရားသခင်သည် ဤအရာများကို ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။ ဝိညာဉ်တော်သည် အရာအားလုံးကို ဆန်းစစ်၍ ဘုရားသခင်၏ နက်နဲသောလျှို့ဝှက်ချက်များကိုပင် ကျွန်ုပ်တို့အား ဖော်ပြပေးတော်မူ၏။
သို့သော် ဧဝသည် မြွေ၏ ပရိယာယ်ဖြင့် လှည့်ဖြားခံရသကဲ့သို့ သင်တို့၏စိတ်နှလုံးသည်လည်း ခရစ်တော်အား ရိုးသားဖြူစင်စွာ ကိုးကွယ်ရာမှ သွေဖည်စေခြင်းခံရမည်ကို ကျွန်ုပ်စိုးရိမ်၏။
သို့မှသာ စာတန်သည် ကျွန်ုပ်တို့အပေါ် အမြတ်ထုတ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သူ၏ မကောင်းသောအကြံအစည်များကို သိကြသောကြောင့်ဖြစ်၏။
ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည်မဟုတ်။ လောက၊ လူ့ဗီဇနှင့် နတ်ဆိုးတို့ထံမှ လာ၏။
ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။
ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။
သူသည် ပထမသားရဲ ကိုယ်စား ပြခွင့်ရသည့် နိမိတ်လက္ခဏာများဖြင့် ဤကမ္ဘာလောက၌ နေထိုင်ကြသောလူအပေါင်းတို့ကို လှည့်ဖြား၏။ ဓားဒဏ်ရာရထားသော်လည်း အသက်ရှင်သေးသော ပထမသားရဲ၏ ရုပ်တုကို ပြုလုပ်ရန် လူတို့အား အမိန့်ပေး၏။
သင်သည် စာတန်အုပ်စိုးသည့်နေရာ၌ နေကြောင်းကို ငါသိ၏။ သို့သော် သင်သည် ငါ၏နာမကို စွဲကိုင်နေလျက်ရှိသေး၏။ ငါ၏သစ္စာရှိသောသက်သေခံ အန္တိပသည် ဤစာတန်အုပ်စိုးသည့်နေရာ၌ အသတ်ခံရချိန်၌ပင် သင်သည် ငါ့အပေါ် ထားရှိသော သင်၏ယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ပေ။
သွာတိရမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ မျက်လုံးတော်သည် မီးလျှံကဲ့သို့လည်းကောင်း၊ ခြေတို့သည် တောက်ပသောကြေးဝါကဲ့သို့လည်းကောင်း ဖြစ်တော်မူသော ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းကို ငါသိ၏။ အမှန်စင်စစ် သင်သည် ချမ်းသာ၏။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့က သင့်အား အသရေဖျက်ပြောဆိုသည်ကိုလည်း ငါသိ၏။