ဗျာဒိတ် 19:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှင်ဘုရင်၏အသား၊ တပ်မှူး၏အသား၊ စစ်သူရဲ၏အသား၊ မြင်းနှင့် မြင်းစီးသူရဲတို့၏အသား၊ လွတ်လပ်သူနှင့်ကျွန်များ၊ လူတန်းစားအနိမ့်အမြင့်လူအပေါင်းတို့၏အသားကို လာ၍ စားကြလော့” ဟု ကြွေးကြော်လေ၏။ Common Language Bible သင်တို့သည်ရှင်ဘုရင်တို့၏အသား၊ ဗိုလ်ချုပ် ကြီးတို့၏အသား၊ စစ်သူရဲတို့၏အသား၊ လူ ကြီးလူငယ်၊ ကျွန်နှင့်ကျွန်မဟုတ်သူတို့၏ အသားကိုစားကြရလတ္တံ့'' ဟုအသံကျယ် စွာကြွေးကြော်လေသည်။ Garrad Bible ဘု ရင် မင်း တို့ အ သား၊ ဗိုလ် မှူး တို့ အ သား၊ သူ ရဲ ကောင်း တို့ အ သား၊ မြင်း နှင့် စီး နင်း သူ တို့ အ သား၊ ကျွန်၊ လူ လွတ်၊ လူ ယုတ်၊ လူ မြတ် ရှိ သ မျှ တို့ အ သား ကို စား ရန် လာ ကြ ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော် လျက် နေ သည် ကို ငါ မြင် ရ၏။ Judson Bible သူသည် မိုးကောင်းကင်အလယ်၌ ပျံတတ်သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူ အသား၊ အစေခံကျွန်၊ လူလွှတ်၊ အကြီးအငယ် အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှာ၊ ကြီးမြတ်တော်မူသော ဘုရားသခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။- မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်တို့၏အသား၊ တပ်မှူးကြီးတို့၏အသား၊ စစ်သူရဲတို့၏အသား၊ မြင်းနှင့်မြင်းစီးသူရဲတို့၏အသား၊ လွတ်လပ်သူနှင့်ကျွန်များမှစ၍ လူကြီးလူငယ်ရှိသမျှတို့၏အသားကို လာ၍ စားကြလော့”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လေ၏။ |
တပည့်တော်တို့က “သခင်… မည်သည့်အရပ်တွင် ဖြစ်ပျက်ပါမည်နည်း” ဟု မေးကြရာ ကိုယ်တော်က “အသေကောင်ရှိရာအရပ်၌ လင်းတများ စုဝေးတတ်ကြသည်” ဟု မိန့်တော်မူ၏။
လူမျိုးတို့သည် အမျက်ထွက်ကြ၏။ သို့သော် ယခု ကိုယ်တော်၏အမျက်ထွက်ချိန် ရောက်လာပြီ။ သေလွန်သောသူတို့ကို တရားစီရင်ရသောအချိန် ရောက်လာပြီ။ ကိုယ်တော်၏အစေခံဖြစ်သော ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်ကို ကြောက်ရွံ့သည့် လူတန်းစားအနိမ့်အမြင့်လူအပေါင်းတို့အား ဆုလာဘ်ကို ပေးလိမ့်မည်။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူလိမ့်မည်” ဟု ဆိုကြ၏။
ထို့ပြင် သူသည် လူတန်းစားအနိမ့်အမြင့်၊ ချမ်းသာသူနှင့် ဆင်းရဲသူ၊ လွတ်လပ်သူနှင့် ကျွန်ဖြစ်သူစသည့် လူအပေါင်းတို့၏ လက်ယာလက်၊ သို့မဟုတ် နဖူးပေါ်တွင် အမှတ်တံဆိပ်ကို ရိုက်နှိပ်စေ၏။
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် အနီရောင်သားရဲသည် ထိုပြည့်တန်ဆာကို မုန်းကြလိမ့်မည်။ သူ၌ ရှိသမျှအရာကို ဖျက်ဆီး၍ အဝတ်ဗလာဖြစ်စေလိမ့်မည်။ သူ၏ အသားကိုလည်း စား၍ မီးရှို့ကြလိမ့်မည်။
ထိုအခါ ရာဇပလ္လင်တော်မှ ထွက်ပေါ်လာသောအသံမှာ “ကျွန်ုပ်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့သည့် လူတန်းစားအနိမ့်အမြင့် ရှိသမျှလူအပေါင်းတို့… ကျွန်ုပ်တို့၏ ဘုရားသခင်ကို ချီးမွမ်းကြလော့” ဟူ၍ ဖြစ်၏။
လောကီရှင်ဘုရင်များ၊ မှူးကြီးမတ်ကြီးများ၊ စစ်တပ်အရာရှိများ၊ ချမ်းသာသောသူများ၊ တန်ခိုးသြဇာကြီးသူများ၊ ကျွန်နှင့် လွတ်လပ်သူအားလုံးတို့သည် လိုဏ်ဂူများနှင့် တောင်များပေါ်ရှိ ကျောက်ဆောင်များကြားတွင် ပုန်းအောင်းနေကြ၏။