သို့သော်လည်း နေထွက်သောအခါ အပူဒဏ်ခံရပြီး အမြစ်လည်းမစွဲသောကြောင့် ညှိုးနွမ်းသွားကြ၏။
ဗျာဒိတ် 16:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် စတုတ္ထကောင်းကင်တမန်သည် သူ၏ ဖလားကို နေပေါ်သို့ သွန်းလောင်းလိုက်သောအခါ နေသည် လူတို့အား မီးလောင်ရသောအခွင့်ကို ရလေ၏။ Common Language Bible ထိုနောက်စတုတ္ထကောင်းကင်တမန်သည်မိမိ ၏ဖလားမှ အမျက်တော်ကိုနေပေါ်သို့သွန်း လောင်းလိုက်၏။ ထိုအခါနေသည်လူတို့အား အပူရှိန်ဖြင့် ကျွမ်းလောင်စေနိုင်ခွင့်ကိုရလေ၏။- Garrad Bible စ တု တ္ထ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို နေ ပေါ် သို့ သွန်း လောင်း သော် လူ တို့ ကို အ ရှိန် ဖြင့် တောက် လောင် သော အ ခွင့် ရ သည့် အ လျောက်၊ Judson Bible စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသော အခွင့်ကိုရ၏။- မြန်မာ့စံမီသမ္မာကျမ်း စတုတ္ထကောင်းကင်တမန်သည် သူ၏ဖလားကို နေပေါ်သို့သွန်းလောင်းသောအခါ နေသည် လူတို့အား မီးဖြင့်လောင်ရသောအခွင့်ကိုရ၏။ |
သို့သော်လည်း နေထွက်သောအခါ အပူဒဏ်ခံရပြီး အမြစ်လည်းမစွဲသောကြောင့် ညှိုးနွမ်းသွားကြ၏။
ထို့ပြင် နေ၊ လ၊ ကြယ်တို့၌ နိမိတ်လက္ခဏာများ ပေါ်လာလိမ့်မည်။ မြေကြီးပေါ်တွင်လည်း လူမျိုးတို့သည် ပင်လယ်လှိုင်းတံပိုးမြည်သံကြောင့် သောကရောက်၍ တုန်လှုပ်ချောက်ချားကြလိမ့်မည်။
ထာဝရဘုရား၏ကြီးမြတ်တော်မူသောနေ့မတိုင်မီ နေသည် အမှောင်ထုအဖြစ်သို့လည်းကောင်း၊ လသည်လည်း သွေးကဲ့သို့လည်းကောင်း ပြောင်းလဲလိမ့်မည်။
ထိုအခါ မီးကို အုပ်စိုးခွင့်ရှိသည့် ယဇ်ပလ္လင်မှ ထွက်လာသောအခြားကောင်းကင်တမန်တစ်ပါးက တံစဉ်ကိုင်ထားသော ကောင်းကင်တမန်အား “ကမ္ဘာလောကရှိ စပျစ်သီးများ ဝင်းမှည့်ပြီဖြစ်၍ သင်၏ ထက်သောတံစဉ်ဖြင့် ထိုစပျစ်ခိုင်တို့ကို ရိတ်သိမ်းလော့” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။
သိုးသငယ်တော်သည် ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ပြင်းထန်သောငလျင်လှုပ်သည်ကို ကျွန်ုပ်မြင်ရ၏။ နေသည် ဆိတ်မွေးဖြင့်ရက်သောအထည်ကြမ်းကဲ့သို့ မည်းလာပြီး လသည်လည်း သွေးနီရောင်ပြောင်းသွား၏။
သူတို့သည် နောက်တစ်ဖန် ဆာလောင်တော့မည်မဟုတ်။ ရေငတ်တော့မည်မဟုတ်။ နေရောင်ခြည်နှင့် ပြင်းထန်သောအပူဒဏ်ကြောင့်လည်း ထိခိုက်မှုရှိတော့မည်မဟုတ်။
စတုတ္ထကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ နေ၊ လ၊ ကြယ်တို့၏ သုံးပုံတစ်ပုံသည် ထိခိုက်ပျက်စီးသွားသဖြင့် ၎င်းတို့၏အလင်းသည် သုံးပုံတစ်ပုံ လျော့နည်းသွား၏။ နေ့၏သုံးပုံတစ်ပုံနှင့် ည၏သုံးပုံတစ်ပုံသည် အလင်းရောင်မရကြ။
သူသည် တွင်းနက်ကြီးကို ဖွင့်လိုက်သောအခါ မီးခိုးသည် မီးဖိုကြီးမှ ထွက်သည့်အလား တွင်းထဲမှ ထွက်လာ၏။ ထိုမီးခိုးကြောင့် နေနှင့် အာကာသမိုးကောင်းကင်သည် မှောင်မိုက်သွားလေ၏။