Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 16:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 စတုတ္ထ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို နေ​ပေါ်သို့​သွန်းလောင်း​သောအခါ နေ​သည် လူ​တို့​အား မီး​ဖြင့်​လောင်​ရ​သော​အခွင့်​ကို​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ထို​နောက်​စ​တုတ္ထ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ ၏​ဖ​လား​မှ အ​မျက်​တော်​ကို​နေ​ပေါ်​သို့​သွန်း လောင်း​လိုက်​၏။ ထို​အ​ခါ​နေ​သည်​လူ​တို့​အား အ​ပူ​ရှိန်​ဖြင့် ကျွမ်း​လောင်​စေ​နိုင်​ခွင့်​ကို​ရ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 စ တု တ္ထ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို နေ ပေါ် သို့ သွန်း လောင်း သော် လူ တို့ ကို အ ရှိန် ဖြင့် တောက် လောင် သော အ ခွင့် ရ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို နေ​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ နေ​သည် လူ​တို့​ကို မီး​လောင်​ရ​သော အ​ခွင့်​ကို​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထို့နောက် စတုတ္ထ​ကောင်းကင်တမန်​သည် သူ​၏ ဖလား​ကို နေ​ပေါ်သို့ သွန်းလောင်းလိုက်​သောအခါ နေ​သည် လူတို့​အား မီးလောင်ရသော​အခွင့်​ကို ရလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 16:8
11 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ဇိအုန်​တောင်​ပေါ် ဂျေရုဆလင်​မြို့​၌​စိုးစံ​လျက် မိမိ​၏​သက်ကြီးဝါကြီး​များ​ရှေ့​တွင် ဘုန်းအသရေ​ထွန်းတောက်​တော်မူ​မည်​ဖြစ်၍ လ​သည် မျက်နှာပျက်​၍ နေ​သည်​လည်း အရှက်ကွဲ​လိမ့်မည်​။


နေ​ထွက်လာ​သောအခါ ဘုရားသခင်​သည် အလွန်​ပူပြင်း​သော​အရှေ့​လေ​ကို တိုက်ခတ်​စေ​၍ ယောန​ခေါင်း​ပေါ်သို့ နေပူရှိန်​ကျ​သဖြင့် သူ​သည် မောပန်း​ပြီး သေချင်စိတ်ပေါက်​လေ​၏​။ ထို့ကြောင့် သူ​က “အကျွန်ုပ်​အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏”​ဟု ဆို​လေ​၏​။


သို့သော် နေ​ထွက်လာ​၍ နေလောင်​ဒဏ်​ခံရ​သောအခါ အမြစ်​မ​စွဲ​သောကြောင့် ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။


ထို့နောက် နေ၊ လ၊ ကြယ်​တာရာ​များ​၌ အတိတ်​နိမိတ်​များ​ဖြစ်ပေါ်​လာ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​တကာ​တို့​သည် ပင်လယ်​လှိုင်းတံပိုး​သံ​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​လျက် တုန်လှုပ်​ချောက်ချား​ကြ​လိမ့်မည်။


ထာဝရ​ဘုရား​၏​ထူးမြတ်​သော​နေ့​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​သွား​၍ လ​သည် သွေး​ဖြစ်သွား​လိမ့်မည်။


ထို့နောက် မီး​အပေါ်​အခွင့်​အာဏာ​ရှိ​သည့် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ယဇ်ပလ္လင်​ထဲမှ​ထွက်လာ​၍ ထက်​သော​တံစဉ်​ပါ​သော​သူ​အား “စပျစ်သီး​များ​မှည့်​ပြီ​ဖြစ်​သောကြောင့် သင်​၏​ထက်​သော​တံစဉ်​ကို​လွှတ်​၍ မြေကြီး​ပေါ်မှ​စပျစ်​ခိုင်​များ​ကို ရိတ်သိမ်း​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ဆို​လေ​၏။


သိုးသငယ်​တော်​သည် ဆဋ္ဌမ​တံဆိပ်​ကို​ဖွင့်​သောအခါ ငါ​ကြည့်​လိုက်​ရာ ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် နေ​သည် ဆိတ်​မွေး​နှင့်​လုပ်​သော​အထည်ကြမ်း​ကဲ့သို့ မည်း​သွား​၍ လ​တစ်ခုလုံး​သည် သွေး​ကဲ့သို့​ဖြစ်​သွား​လေ​၏။


သူ​တို့​သည် နောက်တစ်ဖန် ဆာလောင်​ခြင်း၊ ရေငတ်​ခြင်း ရှိ​တော့​မည်​မ​ဟုတ်။ နေ​၊ သို့မဟုတ် အခြား​မည်သည့်​အပူရှိန်​မျှ သူ​တို့​အပေါ်​ကျရောက်​မည်​မဟုတ်။


စတုတ္ထ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ နေ​၏​သုံးပုံတစ်ပုံ၊ လ​၏​သုံးပုံတစ်ပုံ၊ ကြယ်​များ​၏​သုံးပုံတစ်ပုံ​တို့​သည် ထိပါး​တိုက်ခိုက်​ခြင်း​ခံရ​သဖြင့် ၎င်း​တို့​၏​သုံးပုံတစ်ပုံ​သည် မှောင်မည်း​သွား​လေ​၏။ နေ့​၏​သုံးပုံတစ်ပုံ​သည်​လည်း အလင်းရောင်​ကွယ်ပျောက်​လျက် ည​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။


သူ​သည် ထို​အတိုင်းမသိ​နက်ရှိုင်း​သော​တွင်း​ကို ဖွင့်​လိုက်​သောအခါ မီးဖို​ကြီး​၏​မီးခိုး​ကဲ့သို့သော​မီးခိုး​များ​သည် ထို​တွင်း​ထဲမှ​တက်​လာ​ပြီး ထို​တွင်း​၏​မီးခိုး​များ​ကြောင့် နေ​နှင့်​အာကာသ​သည် မှောင်မိုက်​သွား​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ