Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 21:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ထို့ပြင် နေ၊ လ၊ ကြယ်တို့​၌ နိမိတ်​လက္ခဏာများ ပေါ်လာ​လိမ့်မည်။ မြေကြီး​ပေါ်တွင်​လည်း လူမျိုးတို့​သည် ပင်လယ်​လှိုင်းတံပိုး​မြည်သံ​ကြောင့် သောကရောက်​၍ တုန်လှုပ်​ချောက်ချားကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ``နေ​လ​ကြယ်​နက္ခတ်​များ​၌​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း လာ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​တွင်​လူ​မျိုး​အ​ပေါင်း​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​မြည်​ဟီး​သံ​ကြောင့်​စိတ်​ပျက် အား​လျော့​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ထို ကာ လ နေ၊ လ၊ ကြယ်၊ န က္ခ များ တွင် နိ မိတ် လ က္ခ ဏာ များ ထင် ရှား ရာ မြေ ကြီး ပေါ် တွင် သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး ဟုန်း သံ ကြောင့် လူ အ မျိုး မျိုး တို့ ရှုပ် ထွေး နာ ကျင် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထို​အ​ခါ၊ နေ၊ လ၊ ကြယ်​န​က္ခတ်​တို့၌ ပု​ပ္ပ​နိ​မိတ် ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ​လည်း လူ​အ​မျိုး​မျိုး မ​ငြိမ်​မ​သက် စိုး​ရိမ်​ကြောင့်​ကြ​ခြင်း၊ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကြီး​ခြင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ထို့နောက် နေ၊ လ၊ ကြယ်​တာရာ​များ​၌ အတိတ်​နိမိတ်​များ​ဖြစ်ပေါ်​လာ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​တကာ​တို့​သည် ပင်လယ်​လှိုင်းတံပိုး​သံ​ကြောင့် စိတ်​မငြိမ်မသက်​ဖြစ်​လျက် တုန်လှုပ်​ချောက်ချား​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

25 ထို​အ​ခါ၊ နေ၊ လ၊ ကြယ်​န​က္ခတ်​တို့၌ ပု​ပ္ပ​နိ​မိတ် ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ​လည်း လူ​အ​မျိုး​မျိုး မ​ငြိမ်​မ​သက် စိုး​ရိမ်​ကြောင့်​ကြ​ခြင်း၊ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကြီး​ခြင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 21:25
26 ပူးပေါင်းရင်းမြစ်များ  

ဆင်းရဲဒုက္ခ​ခံရမည့် ထို​နေ့ရက်များ ကုန်ဆုံး​ပြီးနောက် နေမင်း​သည် ချက်ချင်း​မှောင်မိုက်​၍ လ​သည် အလင်းရောင်​ကို မပေးဘဲ​နေ​လိမ့်မည်။ ကြယ်တို့​သည်လည်း ကောင်းကင်​မှ ကြွေကျ​၍ ကောင်းကင်​တန်ခိုးတို့​သည် တုန်လှုပ်ကြ​လိမ့်မည်။


မွန်းတည့်ချိန်​မှစ၍ မွန်းလွဲ​သုံးနာရီ​တိုင်အောင် မြေပြင်​တစ်ခွင်လုံး​တွင် အမှောင်ဖုံးလေ၏။


ဆင်းရဲဒုက္ခ​ခံရမည့် ထို​နေ့ရက်များ ကုန်ဆုံး​ပြီးနောက် နေမင်း​သည် မှောင်မိုက်​၍ လ​သည် အလင်းရောင်​ကို မပေးဘဲ​နေ​လိမ့်မည်။


ထိုအခါ လူသား​သည် ကြီးမားသည့်​တန်ခိုးတော်​နှင့် ဘုန်းတော်​တို့​ဖြင့် ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို လူတို့​မြင်ကြရ​လိမ့်မည်။


မွန်းတည့်ချိန်​မှစ၍ မွန်းလွဲ​သုံးနာရီ​တိုင်အောင် မြေပြင်​တစ်ခွင်လုံး​တွင် အမှောင်ဖုံးလေ၏။


သူတို့​သည် ဓားဘေး​ကြောင့် ကျဆုံး​၍ နိုင်ငံ​အသီးသီး​သို့ ဖမ်းဆီး​ခေါ်ဆောင်သွားခြင်း​ခံရကြ​လိမ့်မည်။ ဂျေရုဆလင်မြို့​သည် လူမျိုးခြားတို့ ကြီးစိုးသည့်​ခေတ်ကာလ မကုန်ဆုံးမီ​အထိ ထို​သူတို့​၏​နင်းခြေခြင်း​ခံရ​လိမ့်မည်။


ကောင်းကင်​တန်ခိုးတို့​သည် တုန်လှုပ်ကြမည်​ဖြစ်​သဖြင့် ကမ္ဘာ​ပေါ်တွင်​ကျရောက်​လာမည့် ဘေးများ​ကို လူတို့​သည် ကြိုမြင်​လျက် ကြောက်ရွံ့​၍ သတိလစ်​မေ့မြောကြ​လိမ့်မည်။


ငါ​သည် အထက်​ကောင်းကင်​၌ အံ့ဖွယ်​ဖြစ်ရပ်များ​နှင့် မြေကြီး​ပေါ်​၌ နိမိတ်​လက္ခဏာများ​ကို ပြမည်။ သွေး၊ မီးလျှံ၊ မီးခိုးငွေ့များ​ကို ငါ​ပြမည်။


ထိုအခါ ရာဇပလ္လင်​ဖြူကြီး​နှင့် ထို​ပလ္လင်​ပေါ်တွင် ထိုင်တော်မူသော​အရှင်​ကို ကျွန်ုပ်​မြင်ရ၏။ မြေကြီး​နှင့် ကောင်းကင်​သည် ထို​အရှင်​ရှေ့မှ ပျောက်ကွယ်သွား​၍ ၎င်းတို့​အတွက် နေရာ​မရှိတော့ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ