သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
ဗျာဒိတ် 16:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ကြည့်လော့။ သူခိုးကဲ့သို့ ငါလာမည်။ သို့ဖြစ်၍ အဝတ်မပါဘဲ သွားလာသဖြင့် အရှက်ကွဲခြင်းမျိုး မဖြစ်စေရန် မိမိ၏ အဝတ်ကို အသင့်ဝတ်ဆင်လျက် နိုးကြားနေသောသူသည် မင်္ဂလာရှိ၏။” Common Language Bible ``ငါသည်သူခိုးလာသကဲ့သို့အမှတ်မထင် လာမည်။ သို့ဖြစ်၍အဝတ်အချည်းစည်းနှင့် သွားလာ၍လူတို့၏ရှေ့၌အရှက်မရစေ ရန်နိုးလျက်နေ၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည်မင်္ဂလာရှိ၏။ Garrad Bible ဟေ ဗြဲ ဘာ သာ ဖြင့် ဟာ မ ဂေ ဒုန် ခေါ် အ ရပ် သို့ စု ရုံး စေ ကြ သည် ကို ငါ မြင် ရ၏။ ငါ သည် ခိုး သူ ကဲ့ သို့ လာ မည်။ အ ချည်း စည်း သွား လာ၍ ရှက် ကွဲ ရာ မ ပေါ် စေ ရန် ကိုယ့် အ ဝတ် များ ကို ထိန်း သိမ်း လျက် စောင့် နေ သူ သည် မင်္ဂ လာ ရှိ ၏။ Judson Bible ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန် အမည်ရှိသော အရပ်၌ စုဝေးစေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း (ကြည့်ရှုလော့။ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်မပါအချည်းစည်းဖြင့်သွားလာ၍ မိမိအရှက်ကို လူတို့မြင်ရသည့်အဖြစ်မျိုးမရှိစေရန် မိမိအဝတ်များကိုထိန်းသိမ်းလျက် သတိနှင့်စောင့်နေသောသူသည် မင်္ဂလာရှိ၏။) |
သို့ဖြစ်၍ သင်တို့သည်လည်း သတိနှင့် စောင့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် ငါပြန်လာမည့် နေ့ရက်နှင့် အချိန်နာရီကို သင်တို့မသိသောကြောင့်ဖြစ်၏။
ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ကျရောက်လာမည့် ဘေးတို့မှ လွတ်မြောက်ရေးအတွက် အားအင်ရရှိရန်နှင့် လူသားရှေ့တော်မှောက်တွင် ရပ်နိုင်ရန် အချိန်တိုင်း ဆုတောင်း၍ သတိနှင့်နေကြလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သတိနှင့်နေကြလော့။ ကျွန်ုပ်သည် သုံးနှစ်တာပတ်လုံး နေထိုင်ခဲ့သည်တွင် နေ့ညမပြတ် မျက်ရည်ကျလျက် သင်တို့အား တိုက်တွန်းနိုးဆော်ခဲ့သည်ကို သတိရကြလော့။
ထိုသို့ ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကို ဝတ်ဆင်ရလျှင် ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာမပါသော ဝိညာဉ်များ ဖြစ်နေမည်မဟုတ်ပေ။
သို့သော်လည်း ညီအစ်ကိုမောင်နှမတို့… သင်တို့သည် အမှောင်၌ မရှိသောကြောင့် ထိုနေ့ရက်သည် သင်တို့ထံ သူခိုးကဲ့သို့ ရောက်လာစရာအကြောင်း မရှိ။
ထို့ကြောင့် မယုံကြည်သူများ အိပ်ပျော်သကဲ့သို့ အိပ်ပျော်မနေဘဲ နိုးကြား၍ တည်ကြည်လျက် သတိနှင့် စောင့်ကြစို့။
အရာအားလုံး၏ နောက်ဆုံးချိန်သည် နီးကပ်လာသောကြောင့် ဆုတောင်းနိုင်ရန်အတွက် မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိရှိကြလော့။
သို့သော် ထာဝရဘုရား၏နေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာလိမ့်မည်။ ကောင်းကင်သည် မြည်ဟည်း၍ ပျောက်ကွယ်လိမ့်မည်။ လောကဓာတ်တို့သည် အလွန်ပူပြင်း၍ ပျက်ပြယ်သွားကြလိမ့်မည်။ ကမ္ဘာမြေကြီးနှင့် ကမ္ဘာမြေပေါ်တွင် ပြုလုပ်ထားသမျှ အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။
ယေရှုက “ကြည့်ရှုလော့။ ငါသည် မကြာမီလာမည်။ ဤစာစောင်၌ ရေးထားသော ပရောဖက်ပြုဟောပြောချက်များကို လိုက်နာသောသူသည် မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
ငါသည် မကြာမီလာမည်။ သင်၏သရဖူကို မည်သူမျှ မလုယူစေရန် သင်၌ရှိသောယုံကြည်ခြင်းကို စွဲကိုင်ထားလော့။
‘စစ်မှန်သောချမ်းသာမှုကို ရရန် မီးဖြင့်သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်မပါသည့်အရှက်ကို ဖုံးအုပ်ရန် အဝတ်ဖြူကိုလည်းကောင်း၊ သင်၏မျက်စိမြင်နိုင်ရန် ခတ်စရာမျက်စဉ်းကိုလည်းကောင်း ငါ့ထံမှ ဝယ်ယူလော့’ ဟု သင့်အား ငါအကြံပေး၏။