ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးလုံး အတူတကွကြီးထွားပါစေ။ ထို့နောက် ငါသည် ရိတ်သိမ်းသူတို့အား ထိုပေါင်းပင်များကို နုတ်၍ မီးရှို့ရန် စည်းနှောင်စေမည်။ ဂျုံစပါးကိုမူ ကျီထဲသို့သွင်းစေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။
ဗျာဒိတ် 14:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင် ထိုင်နေသောသူအား “မြေကြီးပေါ်၌ သီးနှံများ ဝင်းမှည့်၍ ရိတ်သိမ်းချိန်ရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏ တံစဉ်ကို ယူ၍ ရိတ်သိမ်းတော်မူပါ” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။ Common Language Bible အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန် တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်လျက် နေသူအား``ကမ္ဘာမြေကြီးပေါ်၌စပါးများ ကောင်းစွာမှည့်ပြီဖြစ်၍ရိတ်သိမ်းရန်အချိန် ကျရောက်လေပြီ။ ထို့ကြောင့်ကိုယ်တော်၏ တံစဉ်ကိုယူ၍ရိတ်သိမ်းတော်မူပါ'' ဟု အသံကျယ်စွာပြောဆို၏။- Garrad Bible စေ တ မန် တော် တစ် ပါး လည်း ဗိ မာန် တော် မှ ထွက် လာ လျက် တိမ် တိုက် ထက် ထိုင် နေ သော ပု ဂ္ဂိုလ် အား တံ စဉ် တော် ကို ကျော့ ရိတ် တော် မူ ပါ။ မြေ ကြီး အ သီး အ နှံ မှည့်၍ ရိတ် ချိန် တိုင် ရောက် ပါ ပြီ ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော် ရာ၊ Judson Bible ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါး မှည့်ပါပြီဟု မိုးတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့် ဟစ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲမှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူအား “မြေကြီးပေါ်မှရိတ်သိမ်းစရာသည် မှည့်ပြီဖြစ်၍ ရိတ်သိမ်းရန်အချိန်ကျရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ ရိတ်သိမ်းတော်မူပါ”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ |
ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးလုံး အတူတကွကြီးထွားပါစေ။ ထို့နောက် ငါသည် ရိတ်သိမ်းသူတို့အား ထိုပေါင်းပင်များကို နုတ်၍ မီးရှို့ရန် စည်းနှောင်စေမည်။ ဂျုံစပါးကိုမူ ကျီထဲသို့သွင်းစေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။
ဂျုံစေ့ကြားတွင် ပေါင်းမျိုးစေ့ကိုကြဲသော ရန်သူမှာ မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မှာ ကမ္ဘာကုန်ဆုံးချိန်ဖြစ်ပြီး ရိတ်သိမ်းသူများမှာ ကောင်းကင်တမန်များဖြစ်၏။
သို့ဖြစ်၍ သင်တို့ဘိုးဘေးများ စတင်ခဲ့သောပြစ်မှုကို အဆုံးတိုင်အောင် ကျူးလွန်ကြလော့။
အသီးမှည့်၍ ရိတ်သိမ်းချိန်ရောက်သောအခါ လယ်သမားသည် ချက်ချင်းသွား၍ တံစဉ်ဖြင့် ရိတ်သိမ်းတတ်၏” ဟု မိန့်တော်မူ၏။
လူမျိုးခြားများ ကယ်တင်ခံရရန် ကျွန်ုပ်တို့ဟောပြောသည်ကို သူတို့တားမြစ်ကြ၏။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သူတို့သည် မိမိတို့၏ အပြစ်များကို အစဉ်ပွားများစေကြ၏။ နောက်ဆုံးတွင် ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ်သို့ သက်ရောက်လေ၏။
ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
သူသည် ပထမသားရဲ၏ အခွင့်အာဏာအလုံးစုံကို သူ၏ကိုယ်စားအသုံးပြု၏။ ထို့ပြင် ကမ္ဘာမြေကြီးနှင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့အား သေနိုင်လောက်သောဒဏ်ရာမှ ပျောက်ကင်းသွားသည့် ပထမသားရဲကို ကိုးကွယ်စေ၏။
တစ်ဖန် ကျွန်ုပ်ကြည့်လိုက်ရာ လူသားနှင့် တူသည့်သူတစ်ဦးသည် မိုးတိမ်ဖြူပေါ်တွင် ထိုင်နေသည်ကို မြင်ရ၏။ သူသည် ခေါင်းပေါ်တွင် ရွှေသရဖူကို ဆောင်းထားပြီး လက်ထဲ၌ ထက်သောတံစဉ်တစ်ခုကို ကိုင်ထား၏။
ထိုအခါ မိုးတိမ်ပေါ်၌ ထိုင်နေသောသူသည် မိမိတံစဉ်ဖြင့် ဝှေ့ယမ်းကာ မြေကြီးပေါ်ရှိ သီးနှံများကို ရိတ်သိမ်းတော်မူ၏။
ထို့နောက် ကောင်းကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲမှ အခြားကောင်းကင်တမန်တစ်ပါးထွက်လာ၏။ သူ၏ လက်ထဲတွင်လည်း ထက်သောတံစဉ်ပါရှိ၏။
ထိုအခါ မီးကို အုပ်စိုးခွင့်ရှိသည့် ယဇ်ပလ္လင်မှ ထွက်လာသောအခြားကောင်းကင်တမန်တစ်ပါးက တံစဉ်ကိုင်ထားသော ကောင်းကင်တမန်အား “ကမ္ဘာလောကရှိ စပျစ်သီးများ ဝင်းမှည့်ပြီဖြစ်၍ သင်၏ ထက်သောတံစဉ်ဖြင့် ထိုစပျစ်ခိုင်တို့ကို ရိတ်သိမ်းလော့” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။
ထိုဗိမာန်တော်ထဲမှ ဘေးဒဏ်ခုနစ်ပါးကို ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးထွက်လာ၏။ သူတို့သည် သန့်ရှင်းတောက်ပြောင်သော ပိတ်ချောထည်ကို ဝတ်ဆင်၍ ရင်ဘတ်ပေါ်တွင် ရွှေရင်စည်းကို ပတ်ထား၏။
ထို့နောက် သတ္တမကောင်းကင်တမန်သည် သူ၏ ဖလားကို လေထဲသို့ သွန်းလောင်းလိုက်သောအခါ “အမှုပြီးမြောက်ပြီ” ဟု ဗိမာန်တော်အတွင်းရှိ ရာဇပလ္လင်တော်မှ ကျယ်လောင်စွာ ပြောဆိုသောအသံ ထွက်လာ၏။
ထိုသူတို့က “သန့်ရှင်း၍ မှန်ကန်တော်မူပြီး အရာအားလုံးကို အုပ်စိုးတော်မူသောဘုရားသခင်… ကမ္ဘာလောက၌ နေထိုင်ကြသောကျွန်ုပ်တို့ကို သတ်သောသူတို့အား စီရင်တော်မမူ၊ လက်တုံ့ပြန်တော်မမူဘဲ မည်မျှကြာကြာ နေတော်မူမည်နည်း” ဟု ကျယ်လောင်စွာ ဟစ်အော်ကြ၏။