သူတို့သည် ကျွန်ုပ်၏ စိတ်နှင့် သင်တို့၏ စိတ်ကို လန်းဆန်းစေကြ၏။ ထို့ကြောင့် ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။
ဖိလေမုန် 1:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏ညီ… သင်သည် ယုံကြည်သူအပေါင်းတို့၏ စိတ်ကို လန်းဆန်းစေသည်ဖြစ်၍ သင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်အား အလွန်ဝမ်းမြောက်စေလျက် စိတ်ခွန်အားဖြစ်စေ၏။ Common Language Bible ငါ့ညီ၊ သင်၏မေတ္တာသည်ငါ့အားအလွန်ဝမ်း မြောက်စေ၍များစွာအားတက်စေ၏။ သင်သည် ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ အားစိတ်ရွှင်လန်းစေလေပြီ။ Garrad Bible အ ချင်း ငါ့ ညီ၊ သင့် အား ဖြင့် သီး သန့် ထား တော် မူ သူ တို့ အ သည်း နှ လုံး အေး မြ သော ကြောင့် သင့် မေ တ္တာ ကို ထောက်၍ ငါ သည် များ စွာ အား ရ ဝမ်း မြောက်၏။ Judson Bible အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်း ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။ |
သူတို့သည် ကျွန်ုပ်၏ စိတ်နှင့် သင်တို့၏ စိတ်ကို လန်းဆန်းစေကြ၏။ ထို့ကြောင့် ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။
ဤအရာအားလုံးကြောင့် ကျွန်ုပ်တို့အားရကြ၏။ ကျွန်ုပ်တို့ရရှိသော ခွန်အားအပြင် တိတုသည် သင်တို့အားဖြင့် ဝမ်းမြောက်ရသည်ဖြစ်၍ သူ၏ စိတ်နှလုံးရွှင်လန်းခြင်းကြောင့် ကျွန်ုပ်တို့သည် ပို၍ ဝမ်းမြောက်ကြ၏။
ကျွန်ုပ်သည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် ဂုဏ်ယူ၏။ ကျွန်ုပ်သည် နှစ်သိမ့်မှုကို အပြည့်အဝရရှိသဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရသော်လည်း ဝမ်းမြောက်လျက်ရှိ၏။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
သခင်ယေရှု ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်ရှေ့၌ ကျွန်ုပ်တို့၏ မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာဆုသရဖူသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်တို့ပင် ဖြစ်သည်မဟုတ်လော။
ဘုရားသခင်ရှေ့တော်တွင် သင်တို့ကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်ရ၏။ သင်တို့အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သို့ ကျေးဇူးဆပ်နိုင်မည်နည်း။
ဩနေသိဖော်၏မိသားစုအပေါ် သခင်ဘုရား၏ ကရုဏာတော်သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အကျဉ်းချခံရသည်ကိုပင် မရှက်မကြောက်ဘဲ အမြဲ အားပေးနှစ်သိမ့်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်၏ညီ… သခင်ဘုရားကို ထောက်၍ ကျွန်ုပ်ကို ကျေးဇူးပြုလော့။ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတစ်ဦး အနေဖြင့် ကျွန်ုပ်ကို စိတ်သက်သာစေလော့။
ကျွန်ုပ်တို့အား ခမည်းတော်ပညတ်တော်မူသည့်အတိုင်း သင်၏သားသမီးတချို့သည် သမ္မာတရား၌ ကျင်လည်သည်ကို တွေ့ရသဖြင့် ကျွန်ုပ်အလွန်ဝမ်းမြောက်၏။