‘ပေါလု… မကြောက်နှင့်။ သင်သည်ဆီဇာဘုရင်ရှေ့မှောက်သို့ ဝင်ရမည်။ ထို့ပြင် ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်သောသူရှိသမျှတို့အား အသက်ဘေးမှ လွတ်ခွင့်ကိုလည်း ပေးတော်မူပြီ’ ဟု ဆို၏။
ဖိလေမုန် 1:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ကျွန်ုပ်အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားလော့။ အဘယ်ကြောင့်ဆိုသော် သင်၏ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကို သင်တို့ထံ ပြန်လည်ရောက်ရှိစေတော်မူမည်ဟု ကျွန်ုပ်မျှော်လင့်သောကြောင့်ဖြစ်၏။ Common Language Bible ထို့အပြင်ငါတည်းခိုရန်အခန်းတစ်ခုကို အသင့်ပြင်ထားပါလော့။ အဘယ်ကြောင့်ဆို သော်ဘုရားသခင်သည်သင်တို့အပေါင်း၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ ငါ့ အားသင်တို့ထံသို့ပြန်လည်ရောက်ရှိစေတော် မူလိမ့်မည်ဟုငါမျှော်လင့်သောကြောင့်ဖြစ်၏။ Garrad Bible ၎င်း ပြင် သင် ပ ဌ နာ ပြု ချက် များ ကြောင့် ငါ့ ကို သင့် ထံ ပို့ တော် မူ လိမ့် မည် ဟု ငါ မြော် လင့် သည့် အ လျောက် ငါ့ တည်း ခို ရာ ပြင် ဆင် လော့။ Judson Bible ထိုမှတစ်ပါး၊ ငါတည်းခိုစရာအရပ်ကိုလည်း ပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပတ္ထနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေးတော်မူမည်ဟု မျှော်လင့်ခြင်းရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ချိန်တည်းမှာပင် ငါ့အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားပါလော့။ အကြောင်းမူကား သင်တို့၏ဆုတောင်းခြင်းအားဖြင့် သင်တို့ထံသို့ရောက်ရှိရသောအခွင့်ကို ပေးတော်မူလိမ့်မည်ဟု ငါမျှော်လင့်နေ၏။ |
‘ပေါလု… မကြောက်နှင့်။ သင်သည်ဆီဇာဘုရင်ရှေ့မှောက်သို့ ဝင်ရမည်။ ထို့ပြင် ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်သောသူရှိသမျှတို့အား အသက်ဘေးမှ လွတ်ခွင့်ကိုလည်း ပေးတော်မူပြီ’ ဟု ဆို၏။
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။
စပိန်ပြည်သို့ ကျွန်ုပ်သွားသောအခါ သင်တို့ထံ ဝင်ရောက်တွေ့ဆုံမည်ဟု စီစဉ်ထား၏။ သင်တို့ထံ ဝမ်းမြောက်စွာ ခေတ္တတည်းခိုနေထိုင်ပြီးနောက် ခရီးဆက်နိုင်ရန်အတွက်လည်း သင်တို့ ကူညီမည်ဟု မျှော်လင့်ပါ၏။
သင်တို့သည်လည်း ကျွန်ုပ်တို့ကို ဆုတောင်းခြင်းဖြင့် ကူညီနေကြသည် ဖြစ်၍ လူများစွာတို့၏ ဆုတောင်းခြင်းကို ဘုရားသခင် အဖြေပေးတော်မူလိမ့်မည်။ ထို့ကြောင့် လူများစွာတို့သည် ကျွန်ုပ်တို့ ခံစားရသောဆုကျေးဇူးများကို ထောက်၍ ကျွန်ုပ်တို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ ဆုတောင်းခြင်းနှင့် ယေရှုခရစ်တော်၏ ဝိညာဉ်တော်ကူညီမစခြင်းတို့ဖြင့် ဤအခြေအနေမှ ကျွန်ုပ်လွတ်မြောက်မည်ကို သိသောကြောင့် ဖြစ်၏။
ကျွန်ုပ်ကိုယ်တိုင်လည်း သင်တို့ထံသို့ မကြာမီရောက်လာမည်ဟု သခင်ဘုရားကြောင့် ကျွန်ုပ် ယုံကြည်စိတ်ချ၏။
သင်တို့ထံ ကျွန်ုပ်အမြန်ဆုံး ပြန်လာနိုင်ရန်အတွက် ဆုတောင်းပေးကြလော့ဟု အထူးတိုက်တွန်းပါ၏။
ကျွန်ုပ်တို့၏ညီအစ်ကို တိမောသေသည် ထောင်မှ လွတ်မြောက်ပြီဖြစ်ကြောင်း သင်တို့အား သိစေလို၏။ မကြာမီ သူရောက်လာပါက သင်တို့နှင့် တွေ့ဆုံရန် ကျွန်ုပ်လာသောအခါ သူ့ကိုပါ ခေါ်ခဲ့မည်။
ထို့ကြောင့် သင်တို့သည် ကျန်းမာခွင့်ရရန် မိမိတို့၏အပြစ်များကို အချင်းချင်း ဖွင့်ဟဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ၏ဆုတောင်းခြင်းသည် အလွန်တန်ခိုးကြီး၍ ထိရောက်၏။
ကျွန်ုပ်သည် သင်တို့ထံ ရေးစရာများစွာ ရှိသော်လည်း စက္ကူပေါ်၌ မင်နှင့် မရေးလို။ ထိုအစား ကျွန်ုပ်တို့အပြည့်အဝဝမ်းမြောက်နိုင်ရန် သင်တို့ထံသို့ လာ၍ မျက်နှာချင်းဆိုင် စကားပြောရန် ကျွန်ုပ်မျှော်လင့်ထား၏။
ထိုအစား သင်နှင့် မကြာမီတွေ့၍ မျက်နှာချင်းဆိုင် စကားပြောနိုင်ရန် ကျွန်ုပ်မျှော်လင့်ထား၏။