သူတို့သည် ကျွန်ုပ်၏ စိတ်နှင့် သင်တို့၏ စိတ်ကို လန်းဆန်းစေကြ၏။ ထို့ကြောင့် ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။
ဖိလေမုန် 1:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်၏ညီ… သခင်ဘုရားကို ထောက်၍ ကျွန်ုပ်ကို ကျေးဇူးပြုလော့။ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတစ်ဦး အနေဖြင့် ကျွန်ုပ်ကို စိတ်သက်သာစေလော့။ Common Language Bible သို့ဖြစ်၍ငါ့ညီ၊ သခင်ဘုရား၏မျက်နှာတော် ကိုထောက်၍ငါ့အားကျေးဇူးပြုပါလော့။ ခရစ် တော်၌ညီအစ်ကိုအနေဖြင့်ငါ့အားစိတ်ရွှင် လန်းစေပါလော့။ Garrad Bible အ ချင်း ငါ့ ညီ၊ အ ရှင် ဘု ရား အား ဖြင့် သင့် ထံ မှ အ မြတ် ကို ငါ ရ ပါ စေ။ ခ ရစ် တော် အား ဖြင့် အ သည်း နှ လုံး အေး မြ စေ လော့။ Judson Bible အချင်းငါ့ညီ၊ သခင်ဘုရား၌ ငါ့ကို ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့။- မြန်မာ့စံမီသမ္မာကျမ်း ဟုတ်ပေ၏။ ငါ့ညီ၊ ငါသည် သခင်ဘုရား၌ သင့်ထံမှ အကျိုးကျေးဇူးကိုရရှိလိုပါ၏။ ခရစ်တော်အားဖြင့် ငါ၏စိတ်နှလုံးကို ငြိမ်သက်ချမ်းသာစေပါလော့။ |
သူတို့သည် ကျွန်ုပ်၏ စိတ်နှင့် သင်တို့၏ စိတ်ကို လန်းဆန်းစေကြ၏။ ထို့ကြောင့် ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။
ကျွန်ုပ်သည် သင်တို့ကို ဝမ်းနည်းစေမိလျှင် ကျွန်ုပ်ကို ဝမ်းမြောက်စေမည့်သူ အဘယ်မှာရှိဦးမည်နည်း။ သင်တို့ကသာ ကျွန်ုပ်ကို ဝမ်းမြောက်စေနိုင်၏။ သို့သော်လည်း ကျွန်ုပ်သည် သင်တို့ကို ဝမ်းနည်းစေမိပြီမဟုတ်လော။
ဤအရာအားလုံးကြောင့် ကျွန်ုပ်တို့အားရကြ၏။ ကျွန်ုပ်တို့ရရှိသော ခွန်အားအပြင် တိတုသည် သင်တို့အားဖြင့် ဝမ်းမြောက်ရသည်ဖြစ်၍ သူ၏ စိတ်နှလုံးရွှင်လန်းခြင်းကြောင့် ကျွန်ုပ်တို့သည် ပို၍ ဝမ်းမြောက်ကြ၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ မေတ္တာကရုဏာမျိုးဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ဘုရားသခင်သိတော်မူ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ကျွန်ုပ် အလွန်ချစ်၍ လွမ်းဆွတ်သတိရပါ၏။ သင်တို့ကြောင့် ကျွန်ုပ်ဝမ်းမြောက်ရပြီး သင်တို့သည် ကျွန်ုပ်ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသောသူတို့… ကျွန်ုပ်ပြောဆိုခဲ့သည့်အတိုင်း သခင်ဘုရားအား သစ္စာရှိလျက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
ကျွန်ုပ်၏ညီ… သင်သည် ယုံကြည်သူအပေါင်းတို့၏ စိတ်ကို လန်းဆန်းစေသည်ဖြစ်၍ သင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်အား အလွန်ဝမ်းမြောက်စေလျက် စိတ်ခွန်အားဖြစ်စေ၏။
သင်တို့ခေါင်းဆောင်များ၏စကားကို နာခံ၍ နားထောင်ကြလော့။ သူတို့သည် မိမိတို့ပြုသည့်အမှုကို ဘုရားသခင်ထံ အစီရင်ခံရမည်ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကို အစဉ်စောင့်ရှောက်ကြ၏။ သင်တို့နာခံလျှင် သူတို့သည် ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ မလိုက်နာလျှင် သူတို့ဝမ်းနည်းရသဖြင့် သင်တို့အတွက် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ဥစ္စာရှိသော်လည်း ဆင်းရဲသော ညီအစ်ကိုမောင်နှမတို့ကို မြင်၍ မသနားပါက ထိုလူ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့ရှိနိုင်မည်နည်း။
ကျွန်ုပ်၏သားသမီးများ သမ္မာတရား၌ ကျင်လည်နေကြောင်း ကြားသိ၍ ဝမ်းမြောက်ရခြင်းထက် သာ၍ ဝမ်းမြောက်ရခြင်း ကျွန်ုပ်၌မရှိပေ။