သို့သော်လည်း သင်တို့သည် ဆရာတော်ဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် ဆရာတစ်ပါးတည်းသာရှိသောကြောင့်ဖြစ်၏။ သင်တို့အားလုံးသည်လည်း ညီအစ်ကိုမောင်နှမများဖြစ်ကြ၏။
ဖိလေမုန် 1:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ကဲ့သို့ မဟုတ်တော့ဘဲ ကျွန်ထက် ပိုမြတ်သည့် ချစ်ရသောညီအစ်ကိုကဲ့သို့ရှိနေရန် ဆိုလို၏။ သူသည် အထူးသဖြင့် ကျွန်ုပ်အတွက်လည်း ချစ်ခင်ရသောညီအစ်ကိုကဲ့သို့ ဖြစ်၏။ သင့်အတွက်မှာမူ ကျွန်ကဲ့သို့လည်းကောင်း၊ သခင်ဘုရားကို ယုံကြည်ကြသောညီအစ်ကိုကဲ့သို့လည်းကောင်း ပို၍ ချစ်ခင်ရသောသူဖြစ်၏။ Common Language Bible ယခုအခါသူသည်ကျွန်မျှသာမဟုတ်တော့ဘဲ ခရစ်တော်၌ချစ်သောညီအစ်ကိုဖြစ်လာပေပြီ။ သူသည်ငါ၏အတွက်အလွန်တန်ဖိုးရှိပေသည်။ သို့ရာတွင်သင်၏အတွက်ကျွန်အနေနှင့်လည်း ကောင်း၊ သခင်ဘုရား၌ညီအစ်ကိုအနေနှင့် လည်းကောင်းများစွာပို၍ပင်တန်ဖိုးရှိမည်။ Judson Bible ထိုသို့ဆိုသော်၊ အစေခံကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်လည်းကောင်း၊ သခင်ဘုရားအားဖြင့်လည်းကောင်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဆိုရာ၌ ကျွန်တစ်ဦးကဲ့သို့မဟုတ်တော့ဘဲ ကျွန်ထက် ပို၍မြတ်သည့် ချစ်သောညီအစ်ကိုအဖြစ် ရရှိခြင်းကိုဆိုလို၏။ အထူးသဖြင့် ငါ့အတွက် ထိုသို့ဖြစ်လေပြီ။ သင့်အတွက်မူကား သွေးသား၌လည်းကောင်း၊ သခင်ဘုရား၌လည်းကောင်း မည်မျှပို၍ ထိုကဲ့သို့ဖြစ်လိမ့်မည်နည်း။ |
သို့သော်လည်း သင်တို့သည် ဆရာတော်ဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် ဆရာတစ်ပါးတည်းသာရှိသောကြောင့်ဖြစ်၏။ သင်တို့အားလုံးသည်လည်း ညီအစ်ကိုမောင်နှမများဖြစ်ကြ၏။
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ ဝင်လေ၏။ သူ၏လက်ကို ရှောလုပေါ်သို့ တင်လျက် “ငါ့ညီရှောလု… သင်လာသောလမ်းတွင် သင့်အားကိုယ်ထင်ပြသော သခင်ယေရှုက သင့်မျက်စိပြန်မြင်စေရန်နှင့် သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝစေရန် ငါ့ကိုစေလွှတ်လိုက်ပါ၏” ဟု ပြော၏။
ကျွန်ဖြစ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခုသင်သည် သခင်ဘုရား၏ လွတ်လပ်သူဖြစ်၏။ လွတ်လပ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခု သင်သည် ခရစ်တော်၏ ကျွန်ဖြစ်၏။
ကျွန်ဖြစ်သူတို့… အရာရာ၌ သင်တို့၏ လောကီသခင်ကို နာခံကြလော့။ မျက်နှာသာရရန်အတွက် သူ့ရှေ့၌သာ နာခံသည်မဟုတ်ဘဲ သခင်ဘုရားကို ကြောက်ရွံ့ရိုသေလျက် ရိုးသားသောစိတ်ဖြင့် နာခံကြလော့။
မိမိသခင်သည် ယုံကြည်သောသူဖြစ်လျှင် ယုံကြည်သူချင်းပင် ဖြစ်သည်ဟု မှတ်ယူလျက် မထီလေးစား မပြုစေနှင့်။ ထိုအစား ကျွန်က မိမိအစေခံသောသူမှာ ချစ်ခင်ရသည့် ယုံကြည်သူပင် ဖြစ်သောကြောင့် ပို၍ ကောင်းစွာ အစေခံရမည်။ သင်သည် ဤအရာများကို အလေးထားသွန်သင်၍ တိုက်တွန်းလော့။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး အဖဘုရားသခင်ကိုချစ်သောသူတိုင်းသည် အဖဘုရားသခင်၏သားသမီးများကိုလည်း ချစ်တတ်၏။