ကျွန်ုပ်သည် ဤအမှုကို မိမိအလိုဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်လျှင် ဆုလာဘ်ကို ရသင့်၏။ သို့သော် ဘုရားသခင်က ဤတာဝန်ကို ကျွန်ုပ်ထံ ယုံယုံကြည်ကြည်အပ်နှံထားသောကြောင့် ဝတ္တရားရှိ၍ ဆောင်ရွက်ရခြင်းဖြစ်၏။
ဖိလေမုန် 1:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်၏ ခွင့်ပြုချက်မရဘဲ မည်သည့်အရာကိုမျှ ကျွန်ုပ်မပြုလိုပါ။ သို့မှသာ သင်ပေးသောအကူအညီသည် အတင်းအကျပ်စေခိုင်း၍ ကူညီရခြင်းမျိုးမဟုတ်ဘဲ ဆန္ဒအရကူညီခြင်း ဖြစ်လိမ့်မည်။ Common Language Bible သို့ရာတွင်သင်၏သဘောတူညီချက်မရရှိ ဘဲအဘယ်အမှုကိုမျှငါမပြုလိုပါ။ ငါ့ကို ကူညီမစစေရန်သင့်အားအနိုင်အထက် မပြုလိုပါ။ သင်၏စေတနာအလျောက်သာ လျှင်မစစေလိုပါ၏။ Garrad Bible သင့် ကျေး ဇူး သည် စေ တ နာ အ လျောက် မ ဟုတ်၊ မ လွှဲ သာ ဖြစ် မည် စိုး၍ သင် သ ဘော မ တူ လျှင် မည် သို့ မျှ ငါ မ ပြု လို။ Judson Bible သင်သည် ငါ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ်၊ အလိုအလျောက်ပြုစေချင်သော စိတ်ရှိသည်ဖြစ်၍၊ သင်၏အခွင့် မရှိလျှင် အလျှင်းမပြုလို။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်ပြုသောကောင်းမှုသည် မလွှဲမရှောင်သာ၍ပြုရခြင်းမျိုးမဟုတ်ဘဲ မိမိဆန္ဒအလျောက်ဖြစ်စေရန် သင်၏သဘောတူညီချက်မပါလျှင် မည်သည့်အရာကိုမျှ ငါမပြုလိုပါ။ |
ကျွန်ုပ်သည် ဤအမှုကို မိမိအလိုဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်လျှင် ဆုလာဘ်ကို ရသင့်၏။ သို့သော် ဘုရားသခင်က ဤတာဝန်ကို ကျွန်ုပ်ထံ ယုံယုံကြည်ကြည်အပ်နှံထားသောကြောင့် ဝတ္တရားရှိ၍ ဆောင်ရွက်ရခြင်းဖြစ်၏။
မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းရသနည်း။ မည်သူသည် စပျစ်ခြံကို စိုက်ပျိုးပြီး ထိုခြံထွက်အသီးကို မစားဘဲနေရသနည်း။ မည်သူသည် သိုးအုပ်ကို ထိန်းကျောင်းပြီး သိုးနို့ကို မသောက်ဘဲနေရသနည်း။
သို့သော် ကျွန်ုပ်တို့သည် သင်တို့၏ ယုံကြည်ခြင်းကို ချုပ်ကိုင်ထားသည်ဟူ၍ မဆိုလိုပါ။ ကျွန်ုပ်တို့သည် သင်တို့ ဝမ်းမြောက်နိုင်ရန် သင်တို့နှင့်အတူ လက်တွဲလုပ်ဆောင်နေခြင်းသာ ဖြစ်၏။ သင်တို့သည်လည်း ယုံကြည်ခြင်းဖြင့် ခိုင်မြဲစွာ ရပ်တည်နေပြီဖြစ်၏။
သင်တို့လှူဒါန်းရန် စေတနာစိတ်ရှိလျှင် ဘုရားသခင်သည် သင်တို့၌ မရှိသောအရာကို မထောက်ဘဲ ရှိသောအရာကို ထောက်၍ သင်တို့၏ လှူဒါန်းခြင်းကို လက်ခံတော်မူလိမ့်မည်။
ထို့ကြောင့် သင်တို့ကတိပေးထားသည့်အတိုင်း လှူဒါန်းခြင်းကို အသင့်ပြင်ဆင်စေရန် တိုက်တွန်း၍ ဤညီအစ်ကိုများကို သင်တို့ထံ ကြိုတင်စေလွှတ်သင့်သည်ဟု ကျွန်ုပ်ယူဆမိ၏။ သို့မှသာ ဖိအားပေးခြင်းကြောင့် လှူဒါန်းခြင်းမဟုတ်ဘဲ ရက်ရောသောစေတနာစိတ်ဖြင့် လှူဒါန်းခြင်း ဖြစ်လိမ့်မည်။
လူတိုင်း မိမိစိတ်ထဲ၌ လှူဒါန်းရန် ဆုံးဖြတ်ထားသည့်အတိုင်း လှူဒါန်းသင့်၏။ နှမြောသောစိတ်ဖြင့် သော်လည်းကောင်း၊ ဝတ္တရားအရဟူသောစိတ်ဖြင့်သော်လည်းကောင်း မလှူဒါန်းရ။ ဘုရားသခင်သည် စေတနာစိတ်ဖြင့် ရက်ရောစွာ လှူဒါန်းသောသူကို နှစ်သက်တော်မူ၏။