ဖိလေမုန် 1:14 - မြန်မာ့စံမီသမ္မာကျမ်း14 သို့သော် သင်ပြုသောကောင်းမှုသည် မလွှဲမရှောင်သာ၍ပြုရခြင်းမျိုးမဟုတ်ဘဲ မိမိဆန္ဒအလျောက်ဖြစ်စေရန် သင်၏သဘောတူညီချက်မပါလျှင် မည်သည့်အရာကိုမျှ ငါမပြုလိုပါ။ အခန်းကိုကြည့်ပါ။Common Language Bible14 သို့ရာတွင်သင်၏သဘောတူညီချက်မရရှိ ဘဲအဘယ်အမှုကိုမျှငါမပြုလိုပါ။ ငါ့ကို ကူညီမစစေရန်သင့်အားအနိုင်အထက် မပြုလိုပါ။ သင်၏စေတနာအလျောက်သာ လျှင်မစစေလိုပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 သင့် ကျေး ဇူး သည် စေ တ နာ အ လျောက် မ ဟုတ်၊ မ လွှဲ သာ ဖြစ် မည် စိုး၍ သင် သ ဘော မ တူ လျှင် မည် သို့ မျှ ငါ မ ပြု လို။ အခန်းကိုကြည့်ပါ။Judson Bible14 သင်သည် ငါ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ်၊ အလိုအလျောက်ပြုစေချင်သော စိတ်ရှိသည်ဖြစ်၍၊ သင်၏အခွင့် မရှိလျှင် အလျှင်းမပြုလို။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 သို့သော် သင်၏ ခွင့်ပြုချက်မရဘဲ မည်သည့်အရာကိုမျှ ကျွန်ုပ်မပြုလိုပါ။ သို့မှသာ သင်ပေးသောအကူအညီသည် အတင်းအကျပ်စေခိုင်း၍ ကူညီရခြင်းမျိုးမဟုတ်ဘဲ ဆန္ဒအရကူညီခြင်း ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။
ထို့ကြောင့် သင်တို့ပေးလှူသောအရာသည် အတင်းကောက်ခံခြင်းမျိုးမဟုတ်ဘဲ ရက်ရောစွာပေးလှူသောအရာအဖြစ် အသင့်ရှိမည့်အကြောင်း ငါသည် ညီအစ်ကိုများကို သင်တို့ထံသို့ ဦးစွာလာရန် တိုက်တွန်း၍ ယခင်ကတည်းက သင်တို့ကတိပေးထားသည့် ရက်ရောစွာပေးလှူသောအရာကို သင်တို့အားကြိုတင်ပြင်ဆင်ထားစေရန် လိုအပ်သည်ဟု ယူဆ၏။