အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
တိတု 2:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် အထက်ပါအကြောင်းအရာများကို သွန်သင်လော့။ အခွင့်အာဏာ အပြည့်အဝဖြင့် တိုက်တွန်း၍ ဆုံးမလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင် မပြုပါစေနှင့်။ Common Language Bible သင်သည်ဤအကြောင်းအရာများကိုဟော ပြောသွန်သင်လော့။ အားပေးတိုက်တွန်းဆုံးမ သွန်သင်သည့်အခါ၌သင်၌ရှိသမျှသော အခွင့်အာဏာကိုအသုံးပြုလော့။ သင့်အား အဘယ်သူမျှအထင်မသေးစေနှင့်။ Garrad Bible ထို အ တိုင်း စုံ လင် သော အာ ဏာ နှင့် ပြော ဆို နှိုး ဆော် ဆုံး မ လော့။ မည် သူ မျှ သင့် ကို မ ထီ လေး စား မ ပြု စေ နှင့်။ Judson Bible ဤတရားစကားကိုဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနှင့်တကွပြုလော့။ အဘယ်သူမျှ သင့်ကို မထီမဲ့မြင် မပြုစေနှင့်။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ဤအရာများကို အမိန့်အာဏာအပြည့်အဝဖြင့်ဟောပြောလျက် တိုက်တွန်းနှိုးဆော်ကာ အပြစ်ကိုဖော်ပြလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင်မပြုစေနှင့်။ |
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
ပရိသတ်တို့သည် ကိုယ်တော်၏ ဟောပြောသွန်သင်ချက်များကို အံ့သြကြ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသွန်သင်မှုအသစ်သည် မည်သို့နည်း။ အာဏာပါသည့် သွန်သင်မှုပါတကား။ နတ်ဆိုးများပင် သူ၏ အမိန့်ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသူ၏စကားသည် မည်သို့နည်း။ အခွင့်အာဏာနှင့် တန်ခိုးတော်အားဖြင့် နတ်ဆိုးတို့ကို အမိန့်ပေးသောအခါ သူတို့သည် ထွက်သွားကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
မည်သူမျှ သူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ကျွန်ုပ်ထံသို့ စိတ်ချမ်းသာစွာ ပြန်လာနိုင်ရန် သင်တို့ကူညီပေးကြလော့။ ကျွန်ုပ်သည်လည်း သူ့ကို ယုံကြည်သူများနှင့်အတူ ရောက်လာမည်ကို စောင့်နေလျက်ရှိ၏။
အပြစ်ကျူးလွန်သော သင်းအုပ်တို့ကို လူအများရှေ့တွင် ဆုံးမလော့။ ထိုသို့ပြုလျှင် အခြားသင်းအုပ်တို့သည်လည်း အပြစ်ကျူးလွန်ရန် ကြောက်ရွံ့ကြလိမ့်မည်။
အခွင့်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆင်သင့်ဖြစ်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အလွန်စိတ်ရှည်စွာ သွန်သင်၍ အပြစ်ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေးတိုက်တွန်းခြင်းတို့ကို ပြုလော့။
ဤဆိုရိုးစကားသည် မှန်ပေ၏။ ထို့ကြောင့် မှန်ကန်သောသွန်သင်မှုကို ခိုင်မာစွာ ယုံကြည်စေရန် သူတို့အား ပြင်းပြင်းထန်ထန် ဆုံးမရမည်။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။