မိမိရွေးချယ်တော်မူသောသူတို့က နေ့ညမပြတ် တောင်းလျှောက်လျှင် ဘုရားသခင်သည် တရားမျှတစွာ မစီရင်ဘဲ နှောင့်နှေးစေတော်မူမည်လော။
တိတု 1:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ အစေအပါးနှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်၏။ ဘုရားသခင်သည် မိမိရွေးကောက်သောသူတို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်နှင့် သမ္မာတရားကို ထိုသူတို့သိရှိနားလည်နိုင်စေရန် ကျွန်ုပ်ကို စေလွှတ်တော်မူ၏။ ဤနည်းဖြင့် သူတို့သည် ဘုရားတရားကိုင်းရှိုင်းသောဘဝဖြင့် နေထိုင်နိုင်ကြမည်။ Common Language Bible ဘုရားသခင်၏အစေခံနှင့်သခင်ယေရှု ခရစ်၏တမန်တော်ဖြစ်သူ ငါပေါလုသည် စာရေးလိုက်ပါသည်။ ဘုရားသခင်သည်မိမိရွေးကောက်တော်မူ သောလူစုတော်၏ ယုံကြည်ခြင်းကိုပြုစု ပေးစေရန်လည်းကောင်း၊ ငါတို့၏ဘာသာ တော်ကသွန်သင်သည့်သမ္မာတရားတော် အကြောင်းကို ထိုသူတို့သဘောပေါက်နား လည်ကြစေရန်လည်းကောင်းငါ့ကိုရွေး ချယ်စေလွှတ်တော်မူ၏။- Garrad Bible သ စ္စာ တော် မ ပျက် နိုင် သော ဘု ရား သ ခင် သည် ရှေး မ ဆွ ကာ လ များ က က တိ ထား တော် မူ ထ သော ငါ တို့ ကယ် တင် ရှင် ဘု ရား သ ခင့် အ မိန့် တော် အ ရ ငါ့ အား လွှဲ အပ် တော် မူ ခဲ့ သည့် ကြော် ငြာ ဆင့် ဆို ချက် ဖြင့် အ ချိန် တော် ရောက် မှ ထင် ရှား စေ တော် မူ ထ သော ထာ ဝ ရ အ သက် ကို မျှော် လင့် သည့် အ တိုင်း ဘု ရား တ ရား ကြည် ညို ဝတ် နှင့် ယှဉ် သော သ မ္မာ တ ရား တော် ကို သိ ကျွမ်း ခြင်း၊ ဘု ရား သ ခင် ရွေး ကောက် တော် မူ သူ တို့ ယုံ ကြည် ခြင်း ကို တည် စေ အံ့ သော ငှာ ဘု ရား သ ခင်၏ ကျွန် ယေ ရှု ခ ရစ်၏ တ မန် တော် ဖြစ် သော ပေါ လု က၊ Judson Bible မုသားနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မီ ကတိထားတော်မူ၍၊ ငါတို့ကိုကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊ ငါ၌အပ်ထားသော တရားဟောခြင်း အခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သော ထာဝရအသက်ကို မျှော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို ဝန်ခံခြင်းအလိုငှာလည်းကောင်း၊ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်းအလိုငှာလည်းကောင်း၊ ဘုရားသခင်၏ ကျွန်တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏အစေအပါးနှင့် ယေရှုခရစ်တော်၏တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအတွက်လည်းကောင်း၊ ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီ သမ္မာတရားကိုသိရှိစေရန်အတွက်လည်းကောင်း တမန်တော်ဖြစ်လာ၏။ |
မိမိရွေးချယ်တော်မူသောသူတို့က နေ့ညမပြတ် တောင်းလျှောက်လျှင် ဘုရားသခင်သည် တရားမျှတစွာ မစီရင်ဘဲ နှောင့်နှေးစေတော်မူမည်လော။
ဤစကားကို လူမျိုးခြားများကြားကြသောအခါ ဝမ်းမြောက်၍ သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရန် ဘုရားသခင်ရွေးချယ်တော်မူသောသူရှိသမျှတို့သည် ယုံကြည်သက်ဝင်လာကြ၏။
တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရ၍ ဘုရားသခင်၏ သတင်းကောင်းကို ဟောပြောရန်အတွက် သီးသန့်ခန့်ထားတော်မူခြင်းခံရပြီး ယေရှုခရစ်တော်၏ အစေအပါးဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
သင်တို့သည် ယုံကြည်ခြင်းဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံရ၏။ သင်တို့ကိုယ်တိုင် ပြုသော ကုသိုလ်ကြောင့် မဟုတ်။ ဘုရားသခင် ပေးတော်မူသော လက်ဆောင်ဖြစ်၏။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ယေရှုခရစ်တော်၏ အစေအပါးများဖြစ်ကြသော ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူးသဖြင့် အသင်းတော်ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များထံသို့ ပို့လိုက်သော စာဖြစ်၏။
ဤသို့ကြိုးပမ်းရခြင်းသည် သူတို့စိတ်ခွန်အား ရရှိ၍ အချင်းချင်း ချစ်ခင်စည်းလုံးလာကြရန် ဖြစ်၏။ သို့မှသာ သူတို့သည် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာဖြစ်သည့် ခရစ်တော်ကို သိရှိနားလည်ကြောင်း စိတ်ချမှုအပြည့် ရှိနိုင်မည် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားအားလုံး ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို သိရှိနားလည်စေလိုတော်မူသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ မှန်ကန်သောစကားကိုလည်းကောင်း၊ မှန်ကန်သောအယူဝါဒတို့ကိုလည်းကောင်း ဆန့်ကျင်သည့် အခြားအယူဝါဒများကို သွန်သင်သောသူသည် ဘဝင်မြင့်၍
ထို့ကြောင့် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ယေရှုခရစ်တော်ကို ယုံကြည်၍ ကယ်တင်ခြင်းကို ထာဝရဘုန်းတော်နှင့်အတူ ရရှိနိုင်ရန် ထိုသူတို့အတွက် ဆင်းရဲဒုက္ခအားလုံးကို ကျွန်ုပ်သည်းခံ၏။
မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုများသည် ခိုက်ရန်ကိုသာ ဖြစ်ပွားစေကြောင်း သင်သိသဖြင့် ရှောင်ကြဉ်လော့။
ဆန့်ကျင်သူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမသွန်သင်ရမည်။ ဘုရားသခင်သည် သူတို့အား သမ္မာတရားကို သိစေ၍ နောင်တရနိုင်သောအခွင့်ကို ပေးကောင်းပေးတော်မူလိမ့်မည်။
ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့၏ကျွန် ကျွန်ုပ်ယာကုပ် စာရေးလိုက်၏။ ဤစာသည် အနယ်နယ်အရပ်ရပ်တို့တွင် ကွဲလွင့်ပျံ့နှံ့နေသည့်ဂျူးလူမျိုးဆယ့်နှစ်မျိုးထံသို့ ပို့လိုက်သောစာဖြစ်၏။
အသက်ရှင်ခြင်းနှင့် ဘုရားတရားကိုင်းရှိုင်းခြင်းတို့နှင့် ဆိုင်သည့် လိုအပ်သမျှအရာအားလုံးကို ကိုယ်တော်သည် မိမိ၏ဘုရားတန်ခိုးတော်ဖြင့် ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းကို ခံစားစေရန် ကျွန်ုပ်တို့အား ရွေးကောက်တော်မူသောအရှင်ကို သိခြင်းအားဖြင့် ဤအရာအားလုံးကို ကျွန်ုပ်တို့လက်ခံရရှိကြ၏။
အရာအားလုံးသည် ဤနည်းအားဖြင့် ဖျက်ဆီးခံရမည်ဖြစ်သောကြောင့် သင်တို့သည် မည်သို့သောသူများ ဖြစ်သင့်သနည်း။ သန့်ရှင်းစွာ ပြုမူနေထိုင်လျက် ဘုရားတရားကိုင်းရှိုင်းခြင်းဖြင့်
သားတော်ကို ငြင်းပယ်သူသည် ခမည်းတော်ကို မသိကျွမ်း။ သားတော်ကို ဝန်ခံသူသည် ခမည်းတော်ကို သိကျွမ်း၏။
ဤစာစောင်သည် ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်မှာ ဘုရားသခင်က မိမိ၏ အစေခံများအား မကြာမီဖြစ်ပျက်ရမည့်အရာကို ဖော်ပြရန် ယေရှုခရစ်တော်ထံ ပေးအပ်တော်မူသောဗျာဒိတ်တော်ဖြစ်၏။ ထို့ကြောင့် ခရစ်တော်သည် ထိုဗျာဒိတ်တော်ကို မိမိ၏အစေခံယောဟန်အား ဖွင့်ပြရန် ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏။