တိတု 1:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဘုရားသခင်၏အစေအပါးနှင့် ယေရှုခရစ်တော်၏တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအတွက်လည်းကောင်း၊ ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီ သမ္မာတရားကိုသိရှိစေရန်အတွက်လည်းကောင်း တမန်တော်ဖြစ်လာ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ဘုရားသခင်၏အစေခံနှင့်သခင်ယေရှု ခရစ်၏တမန်တော်ဖြစ်သူ ငါပေါလုသည် စာရေးလိုက်ပါသည်။ ဘုရားသခင်သည်မိမိရွေးကောက်တော်မူ သောလူစုတော်၏ ယုံကြည်ခြင်းကိုပြုစု ပေးစေရန်လည်းကောင်း၊ ငါတို့၏ဘာသာ တော်ကသွန်သင်သည့်သမ္မာတရားတော် အကြောင်းကို ထိုသူတို့သဘောပေါက်နား လည်ကြစေရန်လည်းကောင်းငါ့ကိုရွေး ချယ်စေလွှတ်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible1-3 သ စ္စာ တော် မ ပျက် နိုင် သော ဘု ရား သ ခင် သည် ရှေး မ ဆွ ကာ လ များ က က တိ ထား တော် မူ ထ သော ငါ တို့ ကယ် တင် ရှင် ဘု ရား သ ခင့် အ မိန့် တော် အ ရ ငါ့ အား လွှဲ အပ် တော် မူ ခဲ့ သည့် ကြော် ငြာ ဆင့် ဆို ချက် ဖြင့် အ ချိန် တော် ရောက် မှ ထင် ရှား စေ တော် မူ ထ သော ထာ ဝ ရ အ သက် ကို မျှော် လင့် သည့် အ တိုင်း ဘု ရား တ ရား ကြည် ညို ဝတ် နှင့် ယှဉ် သော သ မ္မာ တ ရား တော် ကို သိ ကျွမ်း ခြင်း၊ ဘု ရား သ ခင် ရွေး ကောက် တော် မူ သူ တို့ ယုံ ကြည် ခြင်း ကို တည် စေ အံ့ သော ငှာ ဘု ရား သ ခင်၏ ကျွန် ယေ ရှု ခ ရစ်၏ တ မန် တော် ဖြစ် သော ပေါ လု က၊ အခန်းကိုကြည့်ပါ။Judson Bible1-3 မုသားနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မီ ကတိထားတော်မူ၍၊ ငါတို့ကိုကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊ ငါ၌အပ်ထားသော တရားဟောခြင်း အခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သော ထာဝရအသက်ကို မျှော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို ဝန်ခံခြင်းအလိုငှာလည်းကောင်း၊ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်းအလိုငှာလည်းကောင်း၊ ဘုရားသခင်၏ ကျွန်တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ဘုရားသခင်၏ အစေအပါးနှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်၏။ ဘုရားသခင်သည် မိမိရွေးကောက်သောသူတို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်နှင့် သမ္မာတရားကို ထိုသူတို့သိရှိနားလည်နိုင်စေရန် ကျွန်ုပ်ကို စေလွှတ်တော်မူ၏။ ဤနည်းဖြင့် သူတို့သည် ဘုရားတရားကိုင်းရှိုင်းသောဘဝဖြင့် နေထိုင်နိုင်ကြမည်။ အခန်းကိုကြည့်ပါ။ |
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
အာရုန်နှင့်သူ၏သားမြေးတို့မူကား ဘုရားသခင်၏အစေအပါးမောရှေ မိန့်မှာထားခဲ့သည့်အတိုင်း မီးရှို့ရာယဇ်ပလ္လင်နှင့် နံ့သာပေါင်းယဇ်ပလ္လင်တို့တွင် မီးရှို့ပူဇော်ခြင်းဖြင့် အသန့်ရှင်းဆုံးဌာန၏အမှုအလုံးစုံတို့ကို ထမ်းဆောင်ရ၍ အစ္စရေးလူမျိုးတို့အဖို့ အပြစ်ဖြေလွှတ်ခြင်းဝတ်ကိုလည်း ပြုပေးရ၏။
ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။