ဝံပုလွေများထဲသို့ သိုးများကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေများကဲ့သို့ လိမ္မာပါးနပ်၍ ချိုးငှက်များကဲ့သို့ အဆိပ်ကင်းကြလော့။
တမန်တော်ဝတ္ထု 9:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း အာနနိက “သခင်ဘုရား… ထိုသူသည် ဂျေရုဆလင်မြို့တွင် ယုံကြည်သောသူတို့အား မည်မျှဆိုးရွားစွာပြုခဲ့ကြောင်းကို လူအများထံမှ အကျွန်ုပ်ကြားသိရပါပြီ။ Common Language Bible အာနနိက ``သခင်ဘုရား၊ ဤသူသည်ယေရု ရှလင်မြို့ရှိကိုယ်တော်၏လူစုတော်အားမည် မျှဒုက္ခပေးခဲ့သည်ကို လူအမြောက်မြားထံ မှအကျွန်ုပ်ကြားသိရပါ၏။- Garrad Bible သို့ ရာ တွင် အာ န နိ က အ ရှင် ဘု ရား၊ ထို သူ သည် ယေ ရု ရှ လင် မြို့ ရှိ ကိုယ် တော် သီး သန့် ထား သူ တို့ အ ပေါ် တွင် မည် မျှ မ ကောင်း ပြု ကြောင်း အ များ ထံ မှ ကြား သိ ရ ပါ သည်။ Judson Bible အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို အဘယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။- မြန်မာ့စံမီသမ္မာကျမ်း အာနနိကလည်း “သခင်ဘုရား၊ ထိုသူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့အပေါ် မကောင်းမှုများ မည်မျှလောက်ပြုခဲ့သည်ကို လူများစွာတို့ထံမှ အကျွန်ုပ်ကြားရပါသည်။ |
ဝံပုလွေများထဲသို့ သိုးများကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေများကဲ့သို့ လိမ္မာပါးနပ်၍ ချိုးငှက်များကဲ့သို့ အဆိပ်ကင်းကြလော့။
ကျွန်ုပ်သည် ခရစ်တော်၏တရားလမ်းကို လိုက်သောသူတို့အား အသေသတ်သည်အထိ ညှဉ်းပန်းနှိပ်စက်လျက် အမျိုးသား အမျိုးသမီးတို့ကို ဖမ်းဆီး၍ ထောင်ထဲသို့ ပို့ခဲ့၏။
သို့သော် ရှောလုသည် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်ကာ အမျိုးသား၊ အမျိုးသမီးများကို ဆွဲထုတ်၍ ထောင်ထဲသို့ပို့ခြင်းဖြင့် အသင်းတော်ကို ဖျက်ဆီးလေ၏။
သို့ရာတွင် ရှောလုသည် သခင်ဘုရား၏တပည့်တော်များကို ခြိမ်းခြောက်၍ သတ်ဖြတ်ရန် စိတ်ပြင်းပြနေသေး၏။ သူသည် ယဇ်ပုရောဟိတ်မင်းထံ သွား၍
ကြားသောသူအပေါင်းတို့သည် အံ့အားသင့်၍ “ဤသူသည် ဂျေရုဆလင်မြို့ရှိ ယေရှု၏နောက်လိုက်များကို ဖျက်ဆီးသူမဟုတ်လော။ ဤမြို့တွင်လည်း ထိုသူတို့ကို ဖမ်းဆီး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံ ပို့ဆောင်ရန် ဤနေရာသို့ ရောက်လာသည်မဟုတ်လော” ဟု ပြောဆိုကြ၏။
ပေတရုသည် အရပ်ရပ်သို့ လှည့်လည်သွားလာပြီး လုဒ္ဒမြို့ရှိ ယုံကြည်သူများထံသို့ ရောက်လေ၏။
ပေတရုသည် မိမိလက်ကိုကမ်း၍ သူ့ကိုဆွဲထူပြီးလျှင် ယုံကြည်သူများနှင့် မုဆိုးမများကိုခေါ်ကာ အသက်ရှင်လျက်ရှိသောတဗိသကို သူတို့အား အပ်လေ၏။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ယေရှုခရစ်တော်ကို မယုံကြည်သော ယုဒပြည်၌ရှိသည့် လူတို့၏ လက်မှ ကျွန်ုပ်လွတ်ရန်နှင့် ဂျေရုဆလင်မြို့၌ ရှိသည့် ယုံကြည်သူများသည် ကျွန်ုပ်ယူဆောင်လာမည့် အလှူကို လက်ခံလိုသောစိတ် ရှိစေရန် ဆုတောင်းကြလော့။
ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုနှမနှင့် ဩလုမ္ပမှစ၍ သူတို့နှင့်အတူရှိသော ယုံကြည်သူအပေါင်းတို့ကို နှုတ်ဆက်ပေးကြလော့။
ယုံကြည်သူတို့ပြုအပ်သည့်အတိုင်း သခင်ဘုရားကိုထောက်၍ သူ့ကို ကြိုဆိုကြလော့။ သူလိုအပ်သမျှကို ကူညီကြလော့။ အဘယ်ကြောင့်ဆိုသော် သူသည် လူများစွာနှင့် ကျွန်ုပ်ကိုလည်း ကူညီခဲ့သူဖြစ်၏။
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောက်ယက်ခတ်စေတတ်သောဘုရားမဟုတ်ဘဲ ယုံကြည်သူတို့၏ အသင်းတော်များ၌ ပြုသကဲ့သို့ ငြိမ်းချမ်းခြင်းကို ဖြစ်စေသောဘုရား ဖြစ်တော်မူသောကြောင့်ပင်။
ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများအတွက် အလှူငွေကောက်ခံခြင်းနှင့်ပတ်သက်၍ ဂလာတိပြည်ရှိ အသင်းတော်များကို ကျွန်ုပ်လမ်းညွှန်ထားသကဲ့သို့ သင်တို့သည်လည်း ထိုနည်းအတိုင်း ပြုကြလော့။
ဤသို့ ကျွန်ုပ်ပြောရခြင်းမှာ သင်တို့ရှက်တတ်စေရန်ဖြစ်၏။ သင်တို့တွင် ယုံကြည်သူအချင်းချင်းကြား ဤသို့သော အမှုကိစ္စများကို စီရင်ဆုံးဖြတ်နိုင်သည့် ပညာရှင်တစ်ဦးတစ်ယောက်မျှ မရှိသလော။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော် ဖြစ်သော ကျွန်ုပ်ပေါလုသည် ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာ လိုက်သော ဧဖက်မြို့သား ယုံကြည်သူများထံသို့ စာရေးလိုက်ပါ၏။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ယေရှုခရစ်တော်၏ အစေအပါးများဖြစ်ကြသော ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူးသဖြင့် အသင်းတော်ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များထံသို့ ပို့လိုက်သော စာဖြစ်၏။
ဤနေရာ၌ ရှိသော ယုံကြည်သူများ၊ အထူးသဖြင့် ဆီဇာဘုရင်၏ နန်းတော်၌ ရှိသောသူတို့က သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာလိုက်သော ကောလောသဲမြို့သား ယုံကြည်သူများထံသို့ ပို့လိုက်သောစာ ဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
သင်တို့၏ ခေါင်းဆောင်များနှင့် ယုံကြည်သူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသောသူတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။