ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
တမန်တော်ဝတ္ထု 7:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သတေဖန်က “ညီအစ်ကိုတို့နှင့် ဖခင်တို့… နားထောင်ကြလော့။ ကျွန်ုပ်တို့၏အဖ အာဗြဟံသည် ခါရန်မြို့တွင် မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးသောဘုရားသခင်သည် သူ့ထံ ပေါ်လာတော်မူ၍ Common Language Bible သတေဖန်က``ညီအစ်ကိုများနှင့်ဖခင်တို့၊ နားထောင်ကြပါလော့။ ငါတို့အဖအာဗြဟံ သည်ခါရန်မြို့သို့သွား၍မနေထိုင်မီ မေသော ပေါတာမိပြည်တွင်ရှိစဉ် ဘုန်းအသရေနှင့် ပြည့်စုံတော်မူသောဘုရားသခင်အား ဗျာဒိတ်ရူပါရုံတွင်ဖူးမြင်ရလေသည်။- Garrad Bible သ တေ ဖန် က အ ချင်း ညီ အစ် ကို၊ အ ဘ တို့၊ ကြား နာ ကြ ကုန်၊ ငါ တို့ အ ဘ အာ ဗြ ဟံ သည် ခါ ရန် မြို့ တွင် မ နေ မ ထိုင် မီ မေ သော ပေါ တာ မိ ပြည်၌ ရှိ နေ စဉ် ဘုန်း ကြီး တော် မူ သော ဘု ရား သ ခင် ထင် ရှား လျက်၊ Judson Bible သတေဖန်က၊ ညီအစ်ကို အဘတို့ နားထောင်ကြပါလော့။ ငါတို့အဘအာဗြဟံသည်၊ ခါရန်မြို့၌မနေမီ၊ မေသောပေါတာမိတိုင်း၌ ရှိစဉ်အခါ၊ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် ထင်ရှားတော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက် |
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
“အမြင့်ဆုံးသောကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီးပေါ်၌ ဘုရားသခင်နှစ်သက်တော်မူသော သူတို့အပေါ်တွင် ငြိမ်းချမ်းခြင်းရှိပါစေ” ဟု ဆိုကြ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
ဟေရှာယသည် ယေရှု၏ ဘုန်းအသရေကို တွေ့မြင်ခဲ့သောကြောင့် ယေရှုကို ရည်ညွှန်း၍ ဤသို့ဟောပြောခြင်းဖြစ်၏။
ပေါလုက “ညီအစ်ကိုတို့နှင့် ဖခင်တို့… ယခု သင်တို့ရှေ့တွင်ပြောဆိုမည့် ကျွန်ုပ်၏ချေပချက်ကို နားထောင်ကြပါ” ဟု အစချီသော်
ထိုသို့ပြောဆိုသောအခါ ဖာရိရှဲတို့နှင့် ဇဒ္ဒုကဲတို့အကြားတွင် အငြင်းအခုံဖြစ်၍ လွှတ်တော်သည်လည်း နှစ်ဖွဲ့ကွဲလေ၏။
လောကီအစိုးရမင်းတို့သည် ထိုပညာကို နားမလည်ကြ။ နားလည်ကြလျှင် ဘုန်းကြီးတော်မူသော သခင်ကို လက်ဝါးကပ်တိုင်တွင် သတ်ကြမည်မဟုတ်ပေ။
ကျွန်ုပ်ဆုတောင်းသည်က ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖခမည်းတော်သည် ဝိညာဉ်ရေးရာဉာဏ်ပညာနှင့် ဗျာဒိတ်တော်ကို သင်တို့အား ပေးသနားတော်မူရန် ဖြစ်၏။ သို့မှသာ သင်တို့သည် ခမည်းတော်အကြောင်းကို ပို၍ သိကြမည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော် ဘုန်းအသရေနှင့် ကြွလာမည့် မင်္ဂလာရက်မြတ်ကို စောင့်မျှော်နေကြ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
အမွေခံရမည့်အရပ်သို့ ထွက်သွားရန် ဘုရားသခင် ခေါ်တော်မူသောအခါ အာဗြဟံသည် မည်သည့်အရပ်သို့ ထွက်သွားရမည်ကိုပင် မသိဘဲ ယုံကြည်ခြင်းဖြင့် နာခံ၍ ထွက်ခွာခဲ့၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုန်းကြီးသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ယုံကြည်သောသူများဖြစ်သည်နှင့်အညီ လူတို့ကို မျက်နှာလိုက်၍ မဆက်ဆံကြနှင့်။
“အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား… ကိုယ်တော်သည် အရာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာတို့သည် ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်တည်လာသောကြောင့် ကိုယ်တော်သည် ဘုန်းအသရေတော်၊ ဂုဏ်အသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ထိုက်တန်တော်မူ၏” ဟု ကြွေးကြော်ကြ၏။