Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 7:2 - Garrad Bible

2 သ တေ ဖန် က အ ချင်း ညီ အစ် ကို၊ အ ဘ တို့၊ ကြား နာ ကြ ကုန်၊ ငါ တို့ အ ဘ အာ ဗြ ဟံ သည် ခါ ရန် မြို့ တွင် မ နေ မ ထိုင် မီ မေ​ သော ပေါ တာ မိ ပြည်၌ ရှိ နေ စဉ် ဘုန်း ကြီး တော် မူ သော ဘု ရား သ ခင် ထင် ရှား လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 သ​တေ​ဖန်​က``ညီ​အစ်​ကို​များ​နှင့်​ဖ​ခင်​တို့၊ နား​ထောင်​ကြ​ပါ​လော့။ ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ သည်​ခါ​ရန်​မြို့​သို့​သွား​၍​မ​နေ​ထိုင်​မီ မေ​သော ပေါ​တာ​မိ​ပြည်​တွင်​ရှိ​စဉ် ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​တော်​မူ​သော​ဘု​ရား​သ​ခင်​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ဖူး​မြင်​ရ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 သ​တေ​ဖန်​က၊ ညီ​အစ်​ကို အ​ဘ​တို့ နား​ထောင်​ကြ​ပါ​လော့။ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ ခါ​ရန်​မြို့၌​မ​နေ​မီ၊ မေ​သော​ပေါ​တာ​မိတိုင်း၌ ရှိ​စဉ်​အ​ခါ၊ ဘုန်း​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ထင်​ရှား​တော်​မူ၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သတေဖန်​က “ညီအစ်ကို​တို့​နှင့်​အဖ​တို့၊ နားထောင်​ကြ​ပါ။ ငါ​တို့​အဖ​အာဗြဟံ​သည် ခါရန်​မြို့​၌​မ​နေထိုင်​မီ မက်ဆိုပိုတေးမီးယား​ပြည်​၌​ရှိ​စဉ် ဘုန်း​ကြီး​တော်မူ​သော​ဘုရားသခင်​သည် သူ့​အား​ထင်ရှား​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 သတေဖန်​က “ညီအစ်ကိုတို့​နှင့် ဖခင်တို့… နားထောင်ကြလော့။ ကျွန်ုပ်တို့​၏​အဖ အာဗြဟံ​သည် ခါရန်မြို့​တွင် မနေထိုင်​မီ မက်ဆိုပိုတေးမီးယားပြည်​၌​ရှိ​စဉ် ဘုန်းကြီးသော​ဘုရားသခင်​သည် သူ့​ထံ ပေါ်လာတော်မူ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 7:2
29 ပူးပေါင်းရင်းမြစ်များ  

တေ ရ သည် သား အာ ဗြံ ကို လည်း ကောင်း၊ ဟာ ရန်၏ သား ဖြစ် သူ မြေး လော တ ကို လည်း ကောင်း၊ သား အာ ဗြံ၏ မ ယား ဖြစ် သူ ချွေး မ စာ ရဲ ကို လည်း ကောင်း ခေါ် လျက် ခါ နာန် ပြည် သို့ အ သွား ခါ လ ဒဲ ပြည်၊ ဥ ရ မြို့ မှ ထွက် သ ဖြင့် ခါ ရန် မြို့ သို့ ရောက်၍ တည် နေ ကြ သော အ ခါ တေ ရ သည် အ သက် နှစ် ပေါင်း နှစ် ရာ့ ငါး နှစ် စေ့ သော် ခါ ရန် မြို့၌ သေ လေ ၏။


အ ချင်း ညီ အစ် ကို အ ဘ တို့၊ ယ ခု ထု ချေ မည့် စ ကား ကို ကြား နာ ကြ ကုန် ဟု ဟစ် သည့် ကာ လ၊


မိုး သား ပေါ် မှာ ထာ ဝ ရ ဘု ရား၏ အ သံ တော် ရှိ လျက်၊ ဘုန်း ကြီး တော် မူ သော ဘု ရား သ ခင် သည်၊ မိုး ချုန်း သံ ပြု တော် မူ၏။ မိုး သား များ ပေါ် တွင် ထာ ဝ ရ ဘု ရား စံ တော် မူ ၏။


ထို သား တော် သည် ဘုန်း တော်၏ ရောင် ခြည် အ တ္တ တော်၏ ပုံ သ ဏ္ဌာန် ဖြစ် လျက် တန် ခိုး တော့် ဆိုင် ရာ အ မိန့် တော် ဖြင့် အ ရာ ခပ် သိမ်း ကို ထမ်း လျက် ငါ တို့ အ ပြစ် များ ကို သန့် စေ ပြီး လျှင် ဘ ဝဂ် ရှိ ဘုန်း တန် ခိုး တော် ရှင်၏ ယာ ဘက် တော်၌ စံ တော် မူ ရာ၊


နှုတ်ကပတ်တော်သည် လူ့ဇာတိကိုယူဆောင်၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ဘောင်တွင်ရပ်စံတော်မူရာ အဘဖြစ်သူမှ၊ ဧကပုတ္တသားခံရသောဘုန်းဂုဏ်ကဲ့သို့ ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ငါတို့ဖူးမြင်ရကြ၏။


အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ ခါ လ ဒဲ ပြည်၊ ဥ ရ မြို့ မှ အာ ဗြံ ကို ရွေး ချယ် ခေါ် ယူ ပြီး လျှင်၊ အာ ဗြ ဟံ အ မည် သစ် ကို ပေး လျက်၊


တစ် ဖန်၊ ငါ ကား ဤ ပြည် ကို သင့် အား အ ပိုင် ပေး အံ့ သော ငှါ ခါ လ ဒဲ ပြည်၊ ဥ ရ မြို့ မှ ထုတ် ဆောင် ခဲ့ သော ထာ၀ ရ ဘု ရား ဖြစ် သည် ဟု မိန့် တော် မူ လျှင်၊


အို အ ကျွန်ုပ် တို့ အ ရှင်၊ အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ ကိုယ် တော် ဖန် ဆင်း တော် မူ သည့် အ လျောက် အ ရာ ခပ် သိမ်း သည် အ လို တော် ကြောင့် ဖြစ် ပွား၍ တည် ရှိ သ ဖြင့် ဘုန်း တော်၊ ဂုဏ် တော်၊ တန် ခိုး တော် များ ကို ပိုင် ထိုက် တော် မူ ပါ သည် ဟု ဩ ဘာ ဆက် ကြ သ တည်း။


ထို ပ ညာ ကို ယ ခု ကာ လ မင်း တစ် ပါး မျှ မ သိ။ အ ကယ်၍ သိ ခဲ့ လျှင် ဘုန်း ကြီး တော် မူ သော အ ရှင် ကို ကား မ တင် ဘဲ နေ ကြ လေ ပြီ။


ရှင် ပြန် ထ မြောက် ခြင်း မ ရှိ၊ စေ တ မန် တော် နှင့် နံ ဝိ ညာဉ် မ ရှိ ဟု ဇ ဒ္ဒု ကဲ တို့ ယူ ရာ၊ ထို နှစ် မျိုး လုံး ရှိ ကြောင်း ဖာ ရိ ရှဲ တို့ ဝန် ခံ တတ် သည့် အ လျောက် ထို စ ကား ကြောင့် ဖာ ရိ ရှဲ တို့ တစ် ဘက်၊ ဇ ဒ္ဒု ကဲ တို့ တစ် ဘက် အ ငြင်း အ ခုံ ဖြစ် ပေါ်၍ အ စည်း အ ဝေး တွင် လည်း ကွဲ ပြား ခြင်း ရှိ ၏။


ထိုသို့ ဟေရှာယဆင့်ဆိုသည့်အကြောင်းမှာ ကိုယ်တော်၏ဘုန်းတော်ကိုဖူးမြင်၍ ကိုယ်တော်ကိုရည်လျက် ကြားပြောနှင့်သတည်း။


ကောင်း ကင် ဘ ဝဂ် တွင် ဘု ရား သ ခင်၌ ဘုန်း ကြီး ခြင်း၊ မြေ ကြီး ပေါ် တွင် နှစ် သက် တော် မူ သော လူ သ တ္တ ဝါ တို့၌ ငြိမ် သက် ခြင်း ရှိ ပါ စေ သ တည်း ဟု မြွက် ဆို၍ ဘု ရား သ ခင် ကို ထော မ နာ ပြု ကြ၏။


စုံ စမ်း ရာ သို့ မ ဝင် စေ ဘဲ အ ဆိုး မှ ကယ် လွှတ် တော် မူ ပါ ဟူ၍ တည်း။


သင် တို့ ကို ဖွား မြင် ခဲ့ သော အ မိ စာ ရာ နှင့် အ ဘ အာ ဗြ ဟံ တို့ ကို အာ ရုံ ပြု ကြ လော့။ တစ် ဦး တည်း သော အာ ဗြ ဟံ ကို ခေါ် လျက် ကောင်း ကြီး ပေး သ ဖြင့်၊ တိုး ပွား စေ သည့် အ လျောက်၊


ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ သန့် ရှင်း၊ သန့် ရှင်း၊ သန့် ရှင်း တော် မူ၏။ မြေ တစ် ပြင် လုံး သည် ဘုန်း အာနု ဘော် တော် နှင့် ပြည့် လျက် ရှိ သည် ဟု၊ သံ တိုင် သံ ပေါက် ကြွေး ကြော် ကြ ကုန် ၏။


ထို ဘုန်း ကြီး တော် မူ သော ဘု ရင် ကား၊ မည် သူ ပါ နည်း။ ဗိုလ် ခြေ တို့ အ ရှင် ပင် လျှင်၊ ဘုန်း ကြီး တော် မူ သော ဘု ရင် ပေ တည်း။


အ ချင်း မြို့ တံ ခါး တို့၊ ထိပ် များ ကို မြှောက် ကြ လော့။ အ ချင်း ထာ ဝ ရ တံ ခါး တို့၊ မြှင့် ကြ လော့၊ ဘုန်း ကြီး တော် မူ သော ဘု ရင် ကြွ ဝင် တော် မူ မည်။


ပ ရိ သတ် ဥဿုံ အား ယော ရှု က၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ရှေး ကာ လ၌ နာ ခေါ်၊ အာ ဗြ ဟံ တို့ အ ဘ တေ ရ မှ စ၍ သင် တို့ ဘိုး ဘေး တို့ သည် မြစ် ကြီး အ ရှေ့ ဘက် တွင် အ ခြား ဘု ရား များ ကို ဝတ် ပြု လျက် နေ ကြ စဉ်


ယာ ကုပ် က ညီ အစ် ကို တို့၊ မည် သည့် မြို့ ရွာ က နည်း ဟု မေး လျှင် ငါ တို့ သည် ခါ ရန် မြို့ က တည်း ဟု ပြန် ဆို ကြ ၏။


အာ ဗြံ သည် မ ယား စာ ရဲ နှင့် တ ကွ တူ လော တ ကို လည်း ကောင်း၊ ဆည်း ပူး ရ ရှိ သ မျှ ဥ စ္စာ ကို လည်း ကောင်း၊ ခါ ရန် မြို့၌ ရ သူ တို့ ကို လည်း ကောင်း ခေါ် ယူ လျက် ခါ နာန် ပြည် သို့ အ ရောက် ထွက် သွား သည့် အ တိုင်း ဆိုက် ကြ ၏။


ထာ ဝ ရ ဘု ရား သည် အာ ဗြံ အား မိန့် တော် မူ သည် ကား၊ သင့် ပြည်၊ သင့် ဆွေ ရင်း မျိုး ချာ၊ အိမ် ထောင် သား ချင်း တို့ ဘောင် မှ ထွက်၍ ငါ ပြ လ တ္တံ့ သော ပြည် သို့ သွား လော့။


ဘေး တော် ဘိုး တော် တို့ မြေ လှန် ခဲ့ ရာ၊ ဂေါ ဇန်၊ ခါ ရန်၊ ရေ ဇပ် မြို့ သူ မြို့ သား တို့ မှ စ၍ တေ လ သာ မြို့ ရှိ ဧ ဒင် အ မျိုး သား တို့ ကို လူ မျိုး ခြား တို့၏ ဘု ရား များ သည် လွတ် မြောက် စေ ဖူး သ လော။


ပ ရော ဟိတ် မင်း က လည်း ထို အ ကြောင်း အ ရာ များ ဟုတ် မှန် သ လော ဟု မေး သည့် ကာ လ၊


ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ဘု ရား သ ခင်၊ ဘုန်း ကြီး တော် မူ သော အ ဘ ခ မည်း တော် သည် ခေါ် ထား တော် မူ ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း၊ သီး သန့် ထား တော် မူ သူ တို့ ခံ စား ရ သော ပိုင် စု ဆိုင် ရာ ဘုန်း အ သ ရေ ကြွယ် ဝ ခြင်း၊ ယုံ ကြည် သူ ငါ တို့ အ ပေါ်၌ တည် သော တန် ခိုး တော့် ဆိုင် ရာ ကြီး မြတ် လွန် ကဲ ခြင်း များ ကို သိ မြင် ကြ စေ ရန် မ နော စ က္ခု ပွင့် လင်း စေ လျက် ကိုယ် တော် ကို သိ ကျွမ်း ရာ၌ ဗျာ ဒိတ် တော် နှင့် ဉာဏ် ပ ညာ သ ဘော ကို ပေး သ နား တော် မူ ပါ မည့် အ ကြောင်း ပ ဌ နာ ပြု ၏။


ယုံ ကြည် ခြင်း အား ဖြင့် အာ ဗြ ဟံ သည် ပိုင် ရ မည့် ပြည် သို့ သွား ရန် ခေါ် တော် မူ သည့် အ လျောက် နာ ခံ လျက် မည် သည့် ဒေ သ မှန်း မ သိ ဘဲ ထွက် သွား လေ၏။


ညီ အစ် ကို တို့၊ ဘုန်း ကြီး တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ယုံ ကြည် ခြင်း တ ရား တော် ကို စွဲ ကိုင် ရာ မျက် နှာ မ ငဲ့ ကြ နှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ