ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာနှင့် အနာရောဂါအမျိုးမျိုး၊ ဖျားနာခြင်းအမျိုးမျိုးကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာတို့ကို ပေးတော်မူ၏။
တမန်တော်ဝတ္ထု 28:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပုဗလိ၏ဖခင်သည် ဖျားနာ၍ ဝမ်းကိုက်သဖြင့် အိပ်ရာ၌လဲလျောင်းနေ၏။ ပေါလုသည် သူ့ထံသို့သွား၍ ဆုတောင်းပေးပြီးမှ သူ့အပေါ်လက်ကိုတင်၍ ကျန်းမာစေ၏။ Common Language Bible ပုဗလိ၏ဖခင်သည်အဖျားရောဂါ၊ ဝမ်းကိုက် ရောဂါများဖြင့်လဲ၍နေ၏။ ပေါလုသည်သူ၏ အခန်းထဲသို့ဝင်၍ဆုတောင်းပြီးနောက် သူ၏ အပေါ်မှာလက်ကိုတင်၍သူ့ကိုကျန်းမာ လာစေ၏။- Garrad Bible ထို အ ခါ ပု ဗ လိ အ ဘ သည် ဖျား နာ၊ ဝမ်း ကိုက် နာ များ ကြောင့် ပက် လက် နေ ရာ၊ ပေါ လု ဝင်၍ ပ ဌ နာ ပြု ပြီး လျှင် လက် တင် သ ဖြင့် ကျန်း မာ စေ သည့် နောက်၊ Judson Bible ပုဗလိမင်း၏အဘသည် ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်းပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကိုငြိမ်းစေ၏။- မြန်မာ့စံမီသမ္မာကျမ်း ပုဗလိ၏ဖခင်သည် အဖျားအနာနှင့်ဝမ်းကိုက်ရောဂါခံစားရလျက် အိပ်ရာ၌လဲလျောင်းနေ၏။ ပေါလုသည် သူ့ထံသို့ဝင်ပြီး ဆုတောင်းပေးကာ သူ့အပေါ်လက်တင်၍ သူ့ကိုကျန်းမာစေ၏။ |
ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာနှင့် အနာရောဂါအမျိုးမျိုး၊ ဖျားနာခြင်းအမျိုးမျိုးကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာတို့ကို ပေးတော်မူ၏။
ဖျားနာသူများကို ကျန်းမာစေကြလော့။ သေလွန်သောသူတို့ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးအခမပေးဆောင်ရဘဲ ရရှိထားသည်ဖြစ်၍ အဖိုးအခမယူဘဲ ပေးကမ်းကြလော့။
ထို့နောက် ယေရှုသည် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကို ဆန့်သောအခါ အခြားသောလက်တစ်ဖက်ကဲ့သို့ပင် အကောင်းပကတိအတိုင်း ဖြစ်လေ၏။
ဤအရာများကို မိန့်တော်မူစဉ် ထိုအရပ်မှ ခေါင်းဆောင်တစ်ဦးသည် ယေရှုထံတော်သို့လာ၍ ခြေတော်ရင်း၌ ဝပ်တွားခယလျက် “အကျွန်ုပ်၏သမီးသည် ယခုပင် သေဆုံးပါ၏။ သို့သော်လည်း အရှင်သည်ကြွလာ၍ သူ့အပေါ်၌ လက်တော်ကို တင်ပါက သူသည် အသက်ရှင်ပါလိမ့်မည်” ဟု လျှောက်လေ၏။
မြွေဆိုးများကို ကိုင်ဖမ်းသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ သေစေတတ်သောအဆိပ်ကို သောက်မိသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ ဖျားနာသူများအပေါ်၌ လက်ကို တင်၍ ကျန်းမာစေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
“အကျွန်ုပ်၏ သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ကျန်းမာ၍ အသက်ရှင်နိုင်ရန် အရှင်သည် ကြွလာ၍ သူ့အပေါ် လက်တော်ကို တင်တော်မူပါ” ဟု အနူးအညွှတ်တောင်းပန်လေ၏။
ထိုသူတို့၏ မယုံကြည်နိုင်ခြင်းကြောင့် ဖျားနာသောသူအနည်းငယ်တို့အပေါ် လက်တော်တင်၍ ကျန်းမာစေခြင်းမှအပ ထိုဒေသ၌ အခြားအံ့ဖွယ်တန်ခိုးတို့ကို ပြတော်မမူနိုင်ပေ။
ထိုအခါ လူတို့သည် ဆွံ့အနားမကြားသောသူတစ်ဦးကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။ သူတို့က “ဤသူ ကျန်းမာလာရန်အတွက် သူ့အပေါ် လက်တော်ကို တင်တော်မူပါ” ဟု တောင်းပန်ကြ၏။
ထိုအမျိုးသမီးအပေါ်၌ လက်တော်ကိုတင်တော်မူ၏။ ထိုအခါ အမျိုးသမီးသည် ချက်ချင်းပင် တည့်မတ်စွာရပ်နိုင်သဖြင့် ဘုရားသခင်အား ချီးမွမ်းလေ၏။
နေဝင်ချိန်တွင် လူအပေါင်းတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဖျားနာသောသူများကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုလူနာအသီးသီးတို့အပေါ်၌ လက်ကို တင်၍ သူတို့ကို ကျန်းမာစေတော်မူ၏။
ထိုနေရာ အနီးတစ်ဝိုက်တွင် ကျွန်းသူကြီး ပုဗလိပိုင်သည့် မြေကွက်များရှိ၏။ ထိုသူသည် ကျွန်ုပ်တို့ကို ကြိုဆိုလက်ခံ၍ သုံးရက်တိုင် ကောင်းမွန်စွာဧည့်ခံ၏။
ဤသို့ဖြစ်ပြီးနောက် ကျွန်းပေါ်ရှိ အခြားဖျားနာသောသူတို့သည်လည်း လာကြ၏။ ပေါလုသည် ထိုသူတို့ကို ကျန်းမာစေ၏။
ပေတရုသည် ထိုသူအားလုံးတို့ကို အပြင်သို့ထွက်စေပြီး ဒူးထောက်လျက် ဆုတောင်းလေ၏။ အလောင်းရှိရာသို့ လှည့်၍ “တဗိသ… ထလော့” ဟု ဆို၏။ တဗိသသည်လည်း မျက်စိကိုဖွင့်ရာ ပေတရုကိုတွေ့မြင်သဖြင့် ထထိုင်လေ၏။
အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။
ထိုဝိညာဉ်တော်ကပင် အခြားသူတစ်ယောက်အား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်ကပင် အခြားသူတစ်ယောက်အား ရောဂါပျောက်ကင်းစေနိုင်သောဆုကျေးဇူးကို ပေးတော်မူ၏။