မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
တမန်တော်ဝတ္ထု 28:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ပေါလုသည်ထင်းတစ်စည်းကို ကောက်ယူကာ မီးဖိုထဲသို့ထည့်လိုက်သောအခါ မြွေပွေးတစ်ကောင်သည် ပူသောကြောင့် ထင်းစည်းထဲမှထွက်လာ၍ ပေါလု၏လက်ကို ကိုက်လေ၏။ Common Language Bible ပေါလုသည်ထင်းတစ်စည်းကိုယူပြီးလျှင်မီး ထဲသို့ထည့်လိုက်၏။ ထိုအခါမီးပူရှိန်ကြောင့် ထင်းစည်းထဲမှမြွေတစ်ကောင်ထွက်လာပြီး နောက် ပေါလု၏လက်ကိုတွယ်လျက်နေ၏။- Garrad Bible ထို အ ခါ ပေါ လု သည် ထင်း တ ပွေ့ ခွေ၍ မီး ပုံ ပေါ် သို့ ထည့် လိုက် သော်၊ မြွေ ဆိုး တစ် ကောင် သည် မီး ပူ၍ ထွက် လာ ပြီး လျှင် သူ့ လက် ကို ခဲ၏။ Judson Bible ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာ ထည့်စဉ်တွင်၊ မြွေဆိုးသည် မီးငွေ့ထဲကထွက်၍ ပေါလု၏လက်ကို တွယ်လျက်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ပေါလုသည် ထင်းများကိုစုစည်းလျက် မီးထဲသို့ထည့်လိုက်ရာ မြွေဆိုးတစ်ကောင်သည် မီးအပူရှိန်ကြောင့် ထွက်လာ၍ ပေါလုလက်၌ တွယ်ကပ်လေ၏။ |
မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
ဖာရိရှဲများနှင့် ဇဒ္ဒုကဲတို့သည်လည်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်လာကြသည်ကို ယောဟန်မြင်သောအခါ “အို မြွေဆိုးအမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်၏ အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကို မည်သူက သတိပေးခဲ့သနည်း။
မြွေဆိုးများကို ကိုင်ဖမ်းသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ သေစေတတ်သောအဆိပ်ကို သောက်မိသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ ဖျားနာသူများအပေါ်၌ လက်ကို တင်၍ ကျန်းမာစေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ကျွန်းသူကျွန်းသားများက ကျွန်ုပ်တို့အပေါ် အလွန်ကြင်နာကြ၏။ မိုးရွာ၍ ချမ်းအေးသောကြောင့် သူတို့သည်မီးဖိုပေးလျက် ကျွန်ုပ်တို့အားလုံးကို ကြိုဆိုဧည့်ခံကြ၏။
ကျွန်းသူကျွန်းသားများက ပေါလု၏လက်တွင် တွယ်ကပ်လျက်နေသောမြွေကို မြင်သောအခါ “ဤလူသည် လူသတ်သမားဖြစ်မည်။ သူသည်ပင်လယ်ဘေးမှ လွတ်လာသော်လည်း တရားမျှတသောနတ်ဘုရားမသည် သူ့ကိုအသက်ရှင်ခွင့်ပေးမည်မဟုတ်” ဟု အချင်းချင်းပြောဆိုကြ၏။
သူတို့သည် ခရစ်တော်၏ အစေခံများဖြစ်ကြသလော။ ကျွန်ုပ်သည် ပို၍ပင် ဖြစ်သည်ဟူ၍ အရူးကဲ့သို့ ပြောလို၏။ ကျွန်ုပ်သည် ပို၍အလုပ်ကြိုးစားခဲ့၏။ ခရစ်တော်အကြောင်း ဟောပြောသောကြောင့် အကြိမ်ပေါင်းများစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်းများစွာ ကြိမ်ဒဏ်ခံခဲ့ရ၏။ မကြာခဏ သေဘေးနှင့် ရင်ဆိုင်ခဲ့ရ၏။
တချို့သည် ကျွန်ုပ်တို့ကို တမန်တော်အဖြစ် အသိအမှတ်မပြုကြသော်လည်း ကျွန်ုပ်တို့သည် ထင်ပေါ်ကျော်ကြားသောသူများ ဖြစ်ကြ၏။ သေလူကဲ့သို့ဖြစ်သော်လည်း အသက်ရှင်ကြ၏။ ရိုက်နှက်ခံရသူများကဲ့သို့ဖြစ်သော်လည်း အသတ်မခံရကြ။