အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 25:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သူတို့​အငြင်းပွားကြသော​အကြောင်းအရာ​မှာ သူတို့​၏​ဘာသာရေး​ကိစ္စ​နှင့် ယေရှု​ဆိုသူ​အကြောင်း ဖြစ်၏။ ထို​ယေရှု​သည် သေလွန်​သော်လည်း အသက်ရှင်သည်​ဟု ပေါလု​က ဆို၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​၏​ဘာ​သာ​တ​ရား​နှင့်​ပတ်​သက်​၍​လည်း ကောင်း၊ ယေ​ရှု​ဆို​သူ​အ​ကြောင်း​နှင့်​ပတ်​သက် ၍​လည်း​ကောင်း၊ အ​ငြင်း​ပွား​မှု​သာ​ဖြစ်​ပါ သည်။ ထို​ယေ​ရှု​သည်​သေ​လွန်​သွား​သော်​လည်း အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု​ပေါ​လု​က​ဆို ပါ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သူ တို့ အ ယူ ဘာ သာ မှ စ၍ သေ လွန် ပြီး ဖြစ် သော ယေ ရှု ဆို သူ့ ဆိုင် ရာ ဆွေး နွေး ချက် များ အ ကြောင်း စွဲ ဆို ကြ၏။ ပေါ လု မူ ကား ထို သူ အ သက် ရှင် သည် ဟူ၍ ကြား ပြော လေ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သေ​ပြီး​သော သူ​တစ်​ယောက်​နှင့်​လည်း​ကောင်း ယှဉ်​သော ပု​စ္ဆာ​အ​မေး​ကို အ​ကြောင်း​ပြု၍ အ​ပြစ်​တင်​ကြ၏။ ထို​ယေ​ရှု​သည် အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု ပေါ​လု​ဆို​တတ်၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​၏​ပြဿနာ​မှာ သူ​တို့​၏​ဘာသာ​တရား​နှင့်​ပတ်သက်​သော​အရာ​အချို့​နှင့် အသက်ရှင်​လျက်​ရှိ​သည်​ဟု ပေါလု​ပြောဆို​သည့် သေလွန်​ပြီး​သော ယေရှု​ဆို​သူ​တစ်​ဦး​နှင့်​ပတ်သက်​သည့် အရာ​များ​သာ ဖြစ်​ပါ​သည်။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 25:19
14 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​ခန့်အပ်သော အရှင်​အားဖြင့် လောက​ကို မှန်ကန်​စွာ တရားစီရင်​ရန် နေ့​တစ်နေ့​ကို သတ်မှတ်ထား​တော်မူ​သောကြောင့်​ဖြစ်၏။ ထို​အရှင်​ကိုလည်း သေရာ​မှ ထမြောက်စေတော်မူခြင်း​ဖြင့် ထိုသို့​ဖြစ်မည့်​အကြောင်း​ကို ကျွန်ုပ်တို့​အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။


သို့သော် ဤ​အမှု​သည် သင်တို့​၏​စကားများ၊ အမည်များ​နှင့် သင်တို့​၏​ပညတ်တရား​နှင့်​ဆိုင်သော ပြဿနာ ဖြစ်​သဖြင့် သင်တို့​ကိုယ်တိုင် ဆုံးဖြတ်ကြလော့။ ဤ​ကိစ္စ​မျိုး​ကို ငါ​မစီရင်လိုပါ” ဟု ပြောပြီး​လျှင်


ဧဖက်မြို့​သို့ ရောက်​သောအခါ ဂျူးဝတ်ပြုဆောင်​သို့ သွား​၍ ဂျူးတို့​နှင့် တရား​ဆွေးနွေးလေ၏။


ဘုရားသခင်​သည် ယေရှု​အား သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူ​၍ ငါတို့​သည်လည်း ထို​ထမြောက်ခြင်း​၏​သက်သေများ​ဖြစ်ကြ၏။


သူ​သည် ပညတ်တရား​နှင့်ဆိုင်သော မေးခွန်းများ​နှင့်​ပတ်သက်​၍ စွပ်စွဲခံရခြင်း​ဖြစ်ပြီး သူ​၌ သေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်​ကျခံထိုက်သော​အပြစ်​မရှိကြောင်း အကျွန်ုပ်​တွေ့ရပါ၏။


ရုံးတော်​၌ သူ့​အား​စွပ်စွဲသူများ​တင်သော​စွဲချက်များ​မှာ အကျွန်ုပ်​ထင်မှတ်ထား​သည့် ပြစ်မှုမျိုး​မဟုတ်ပါ။


ပေါလု​ရောက်လာ​သောအခါ ဂျေရုဆလင်မြို့​မှ ဆင်းလာသော​ဂျူးတို့​သည် သူ့​ကို​ဝိုင်း​၍ ကြီးလေးသော​စွဲချက်များ​ဖြင့် စွပ်စွဲကြ၏။ သို့သော် သက်သေ​ကိုမူ မပြနိုင်ကြပေ။


အထူး​သဖြင့် အရှင်မင်းကြီး​သည် ဂျူးတို့​၏​ထုံးတမ်းစဉ်လာ​နှင့် အငြင်းပွားစရာ​ကိစ္စများ​ကို အကျွမ်းတဝင်​ရှိသော​သူ ဖြစ်ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်​၏​လျှောက်လဲချက်​ကို စိတ်ရှည်​သည်းခံ​လျက် နားထောင်ပေးပါ​ရန် တောင်းပန်အပ်ပါ၏။


ငါ​သည် အသက်ရှင်သော​သူ​ဖြစ်၏။ ငါ​သည် သေခဲ့၏။ ယခု​တွင်မူ အစဉ်​ထာဝရ​အသက်ရှင်၏။ ငါ​သည် သေခြင်းတရား​နှင့် မရဏ​နိုင်ငံ​ကို အစိုးရ၏။