လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
တမန်တော်ဝတ္ထု 22:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တပ်မှူးကြီးက ပေါလုသည် အဘယ်ကြောင့် ဂျူးတို့၏စွပ်စွဲခြင်းခံနေရသည်ကို အတိအကျသိလို၏။ ထို့ကြောင့် နောက်တစ်နေ့တွင် ပေါလုကို အချည်အနှောင်မှ ဖြေပေး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တရားလွှတ်တော်အဖွဲ့ဝင်တို့ကို စည်းဝေးရန် အမိန့်ထုတ်၏။ ထို့နောက် ပေါလုကို ခေါ်ဆောင်လာ၍ ထိုသူတို့ရှေ့၌ ထားလေ၏။ Common Language Bible တပ်မှူးသည်ပေါလုအားယုဒအမျိုးသားတို့ က အဘယ်ပြစ်မှုဖြင့်စွပ်စွဲကြသည်ကိုအသေ အချာသိလို၏။ သို့ဖြစ်၍နောက်တစ်နေ့၌ ပေါလုအားချည်နှောင်ထားသည့်သံကြိုးကို ဖယ်ရှားစေပြီးလျှင် ယဇ်ပုရောဟိတ်ကြီး များနှင့်ယုဒတရားလွှတ်တော်အဖွဲ့ဝင် အပေါင်းတို့ကိုစုဝေးကြရန်အမိန့်ပေး လေသည်။ ထိုနောက်ပေါလုကိုခေါ်ဆောင်ကာ ထိုသူတို့ရှေ့တွင်ရပ်စေ၏။ Garrad Bible နောက် နေ့ ၌ ယု ဒ လူ မျိုး တို့ စွဲ ဆို ချက် အ ကြောင်း တပ် ရာ သိ လို၍ ပ ရော ဟိတ် ကြီး တို့ နှင့် လွှတ် တော် အ ရာ ရှိ အ ပေါင်း တို့ ကို စု ရုံး ရန် အ မိန့် ရှိ ပြီး လျှင် ပေါ လု ကို အ ကျယ် ချုပ် ထား၍ ထို သူ တို့ ရှေ့ ခေါ် သွင်း လေ၏။ Judson Bible နက်ဖြန်နေ့တွင် အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန်သိလိုသောကြောင့်၊ ပေါလု၌ ချည်နှောင်သောသံကြိုးကို ချွတ်၍၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့ကို စည်းဝေးစေခြင်းငှာ စီရင်ပြီးလျှင်၊ ပေါလုကိုခေါ်၍ သူတို့ရှေ့၌ထားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့တွင် တပ်မှူးကြီးသည် ဂျူးလူမျိုးတို့၏စွပ်စွဲခြင်းကို ပေါလုအဘယ်ကြောင့်ခံနေရသည်ကို အတိအကျသိလိုသဖြင့် ပေါလုကို အချည်အနှောင်မှဖြေပေးကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်တစ်ခုလုံးအား စုဝေးကြရန် အမိန့်ပေးပြီးလျှင် ပေါလုကိုခေါ်ဆောင်လာ၍ သူတို့ရှေ့၌ရပ်စေ၏။ |
လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
ထိုသို့ ဆွေးနွေးပြီးသောအခါ ယေရှုကို ချည်နှောင်ကာ ရောမဘုရင်ခံ ပိလတ်မင်းထံသို့ ပို့ဆောင်၍ အပ်လိုက်ကြ၏။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။
ကျွန်ုပ်တို့ထံ လာရောက်လည်ပတ်၏။ ထိုသူသည် ပေါလု၏ခါးပတ်ကိုယူ၍ မိမိလက်နှင့် ခြေကို တုပ်နှောင်ပြီးမှ “သန့်ရှင်းသောဝိညာဉ်တော်က ‘ဂျူးတို့သည် ဤခါးပတ်ပိုင်ရှင်ကို ဂျေရုဆလင်မြို့၌ ဤကဲ့သို့ချုပ်နှောင်၍ လူမျိုးခြားတို့၏လက်သို့ အပ်နှံကြလိမ့်မည်’ ဟု မိန့်တော်မူသည်” ဟူ၍ ပြောလေ၏။
ထိုအခါ တပ်မှူးကြီးသည် အနားသို့လာကာ ပေါလုကိုဖမ်းဆီး၍ သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ထားရန် အမိန့်ပေး၏။ ထို့နောက် သူက ပေါလုမည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုပြုခဲ့ကြောင်းကို လူထုပရိသတ်တို့အား စတင်မေးမြန်းလေ၏။
ယဇ်ပုရောဟိတ်မင်းနှင့် တရားလွှတ်တော်အကြီးအကဲအားလုံးက ဤအကြောင်းအရာများ မှန်ကန်ကြောင်း သက်သေခံပေးနိုင်ကြ၏။ ကျွန်ုပ်သည် ဒမတ်စကပ်မြို့တွင် ရှိသောဂျူးညီအစ်ကိုများထံသို့ ရေးပေးလိုက်သောစာများကိုလည်း သူတို့ထံမှ ရယူ၏။ ထိုမြို့၌ ရှိသောသူတို့ကိုလည်း ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ အပြစ်ဒဏ်ပေးရန်အတွက် ဒမတ်စကပ်မြို့သို့ ထွက်သွားခဲ့၏။
ပေါလုသည် တရားလွှတ်တော်အဖွဲ့ဝင်များကို စေ့စေ့ကြည့်လျက် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားသခင်ရှေ့တော်၌ လိပ်ပြာသန့်စွာ အသက်ရှင်သည်” ဟု ဆို၏။
ထို့ကြောင့် သင်တို့သည် တရားလွှတ်တော်အဖွဲ့နှင့်အတူ ပေါလု၏အမှုကို ပို၍စေ့စပ်သေချာစွာ စစ်ဆေးလိုဟန်ပြုလျက် ပေါလုကို သင်တို့ထံသို့ခေါ်ဆောင်လာပေးရန် တပ်မှူးကြီးထံ ခွင့်တောင်းလော့။ ကျွန်ုပ်တို့သည်လည်း ဤနေရာသို့မရောက်မီ သူ့ကိုသတ်ရန် အဆင်သင့်စောင့်နေပါမည်” ဟု ပြောဆိုကြ၏။
ထိုလူငယ်ကလည်း “ဂျူးတို့သည် ပေါလုကို ပို၍စေ့စပ်သေချာစွာ စစ်ဆေးလိုဟန်ပြုလျက် မနက်ဖြန်တရားလွှတ်တော်အစည်းအဝေးတွင် သူ့ကိုခေါ်ဆောင်လာပေးရန် တပ်မှူးကြီးအားတောင်းဆိုမည်ဟု သဘောတူထားကြပါ၏။
ဂျူးလူမျိုးများက မည်သည့်ပြစ်မှုဖြင့် စွပ်စွဲသည်ကို အကျွန်ုပ်သည်သိလိုသောကြောင့် သူ့ကို သူတို့၏တရားလွှတ်တော်အစည်းအဝေးသို့ ခေါ်ဆောင်သွားပါ၏။
လွှတ်တော်အဖွဲ့ဝင်တချို့မှာ ဇဒ္ဒုကဲများဖြစ်၍ တချို့မှာ ဖာရိရှဲများဖြစ်သည်ကို ပေါလုသိလျှင် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါ၏။ ကျွန်ုပ် စစ်ဆေးမေးမြန်းခံရသည့်အကြောင်းရင်းမှာ သေလွန်သောသူတို့ရှင်ပြန်ထမြောက်မည်ဟူသော ကျွန်ုပ်၏မျှော်လင့်ချက်ကြောင့် ဖြစ်ပါ၏” ဟု လွှတ်တော်အစည်းအဝေးတွင် အော်ဟစ်၍ ပြောဆို၏။
ပေါလုကလည်း “အချိန်တိုသည်ဖြစ်စေ၊ ကြာသည်ဖြစ်စေ အရှင်မင်းကြီးသာမက ယနေ့အကျွန်ုပ်၏စကားကို နားထောင်သောသူအားလုံးတို့သည် ဤအချုပ်နှောင်ခံခြင်းမှလွဲ၍ အကျွန်ုပ်ကဲ့သို့ပင် ဖြစ်လာကြစေရန် ဘုရားသခင်ထံသို့ အကျွန်ုပ်ဆုတောင်းပါသည်” ဟု လျှောက်လေ၏။
မိုးလင်းသောအခါ ကောင်းကင်တမန်မှာထားသည့်အတိုင်း သူတို့သည် ဗိမာန်တော်သို့ ဝင်၍ ဆုံးမသွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အဖွဲ့ဝင်များသည် အစည်းအဝေးပြုလုပ်ရန် တရားလွှတ်တော်အဖွဲ့ဝင်များနှင့် အစ္စရေးလူမျိုးအကြီးအကဲတို့ကို စုရုံးစေ၏။ ထို့နောက် တမန်တော်တို့ကို ခေါ်ထုတ်လာရန် အစောင့်တပ်သားတို့ကို ထောင်ထဲသို့ စေလွှတ်ကြ၏။