Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 22:30 - Garrad Bible

30 နောက် နေ့ ၌ ယု ဒ လူ မျိုး တို့ စွဲ ဆို ချက် အ ကြောင်း တပ် ရာ သိ လို၍ ပ ရော ဟိတ် ကြီး တို့ နှင့် လွှတ် တော် အ ရာ ရှိ အ ပေါင်း တို့ ကို စု ရုံး ရန် အ မိန့် ရှိ ပြီး လျှင် ပေါ လု ကို အ ကျယ် ချုပ် ထား၍ ထို သူ တို့ ရှေ့ ခေါ် သွင်း လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 တပ်​မှူး​သည်​ပေါ​လု​အား​ယု​ဒ​အ​မျိုး​သား​တို့ က အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​သည်​ကို​အ​သေ အ​ချာ​သိ​လို​၏။ သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌ ပေါ​လု​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး​ကို ဖယ်​ရှား​စေ​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် အ​ပေါင်း​တို့​ကို​စု​ဝေး​ကြ​ရန်​အ​မိန့်​ပေး လေ​သည်။ ထို​နောက်​ပေါ​လု​ကို​ခေါ်​ဆောင်​ကာ ထို​သူ​တို့​ရှေ့​တွင်​ရပ်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 နက်​ဖြန်​နေ့​တွင် အ​ဘယ်​အ​ပြစ်​ကို ယု​ဒ​လူ​တို့​သည် ပေါ​လု၌ တင်​ကြ​သည်​ကို စစ်​သူ​ကြီး​သည် အ​မှန်​သိ​လို​သော​ကြောင့်၊ ပေါ​လု၌ ချည်​နှောင်​သော​သံ​ကြိုး​ကို ချွတ်၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို စည်း​ဝေး​စေ​ခြင်း​ငှာ စီ​ရင်​ပြီး​လျှင်၊ ပေါ​လု​ကို​ခေါ်၍ သူ​တို့​ရှေ့၌​ထား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 နောက်တစ်နေ့​တွင် တပ်မှူးကြီး​သည် ဂျူး​လူမျိုး​တို့​၏​စွပ်စွဲ​ခြင်း​ကို ပေါလု​အဘယ်ကြောင့်​ခံ​နေ​ရ​သည်​ကို အတိအကျ​သိ​လို​သဖြင့် ပေါလု​ကို အချည်အနှောင်​မှ​ဖြေ​ပေး​ကာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​တစ်ခုလုံး​အား စုဝေး​ကြ​ရန် အမိန့်​ပေး​ပြီးလျှင် ပေါလု​ကို​ခေါ်ဆောင်​လာ​၍ သူ​တို့​ရှေ့၌​ရပ်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 တပ်မှူးကြီး​က ပေါလု​သည် အဘယ်ကြောင့် ဂျူးတို့​၏​စွပ်စွဲခြင်း​ခံနေရသည်​ကို အတိအကျ​သိလို၏။ ထို့ကြောင့် နောက်​တစ်နေ့​တွင် ပေါလု​ကို အချည်အနှောင်​မှ ဖြေပေး​၍ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် တရားလွှတ်တော်​အဖွဲ့ဝင်တို့​ကို စည်းဝေး​ရန် အမိန့်ထုတ်၏။ ထို့နောက် ပေါလု​ကို ခေါ်ဆောင်လာ​၍ ထို​သူတို့​ရှေ့​၌ ထားလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 22:30
13 ပူးပေါင်းရင်းမြစ်များ  

လူ တို့ ကို လည်း သ တိ မူ ကြ လော့၊ လွှတ် ရုံး များ သို့ ပို့ အပ် ခြင်း၊ ဓ မ္မာ ရုံ များ တွင် ရိုက် နှက် ခြင်း၊


ချည် နှောင် ယူ သွား၍ ဘု ရင် ခံ ပိ လတ် မင်း ထံ ပို့ အပ် ကြ၏။


ငါ ဆို သည် ကား ညီ အစ် ကို ချင်း ကို အ မျက် ထွက် သော သူ တိုင်း တ ရား စီ ရင် ခံ ရ မည်။ ညီ အစ် ကို ချင်း ကို လူ မိုက် ဟု ကဲ့ ရဲ့ သူ မည် သူ မ ဆို လွှတ် တော် စီ ရင် ချက် ကို ခံ ရ မည်။ လူ ယုတ် ဟု ဆဲ ရေး လျှင် င ရဲ မီး တိုင် အောင် ခံ ရ မည်။


ပေါ လု ၏ ခါး ပန်း ကို ယူ လျက် ကိုယ့် ခြေ လက် များ ကို ချည် နှောင် ပြီး လျှင် ထို အ တိုင်း ဤ ခါး ပန်း ရှင် ကို ယေ ရု ရှ လင် မြို့ တွင် ယု ဒ လူ မျိုး တို့ ချည် နှောင်၍ လူ မျိုး ခြား တို့ လက် သို့ ပို့ အပ် ကြ လိမ့် မည် ဟု သန့် ရှင်း သော ဝိ ညာဉ် တော် ဗျာ ဒိတ် ပေး တော် မူ ကြောင်း ဆင့် ဆို လေ ၏။


ဗိုလ် ချုပ် လည်း ပေါ လု ကို ချဉ်း ကပ် ကိုင် ထား လျက် သံ ကြိုး နှစ် စင်း ဖြင့် ချည် စေ ဟု အ မိန့် ရှိ ပြီး လျှင် မည် သူ ဖြစ် ကြောင်း၊ မည် သည့် အ မှု ပြု ခဲ့ ကြောင်း ကို စစ် မေး ရာ၊


ထို အ ခါ ပေါ လု သည် လွှတ် တော် အ ရာ ရှိ တို့ ကို စိုက် ကြည့် လျက် အ ချင်း ညီ အစ် ကို တို့၊ ကျွန်ုပ် သည် ယ နေ့ တိုင် အောင် ဘု ရား သ ခင် ရှေ့ တော် တွင် သြ တ္တ ပ္ပ စိတ် ကြည် လင် လျက် ကျင့် ကြံ ပြု မူ ရှိ နေ ခဲ့ ပြီ ဟု ဆို ရာ၊


ထို ကြောင့် အ ရှင် တို့ သည် လွှတ် တော် မင်း များ ပါ ပေါ လု အ မှု ကို သာ၍ သေ ချာ စွာ စစ် ဆေး မည့် ဟန် ဆောင် လျက် အ ရှင် တို့ ထံ ခေါ် ခဲ့ စေ ရန် ဗိုလ် ချုပ် အား မေ တ္တာ ရပ် ပါ၊ ကျွန် တော် တို့ မှာ ပေါ လု မ ရောက် မီ အ သေ သတ် ရန် အ သင့် ရှိ ကြ ပါ မည် ဟု လျှောက် ဆို ကြ ၏။


ထို လူ ငယ် က ပေါ လု အ မှု အ ကြောင်း သာ၍ သေ ချာ စွာ စစ် မေး လို သည့် ဟန် နှင့် လွှတ် တော် သို့ နက် ဖြန် ခေါ် ခဲ့ စေ ရန် ကိုယ် တော့် ထံ တောင်း လျှောက် မည် ဟူ၍ ယု ဒ လူ တို့ သ ဘော တူ ကြံ စည် ကြ ပါ ပြီ။


ထို နောက် သူ့ ကို မည် သို့ စွဲ ဆို ကြ ကြောင်း သိ လို၍ သူ တို့ လွှတ် တော် သို့ ခေါ် သွင်း ရာ၊


လွှတ် တော် အ ရာ ရှိ အ ချို့ မှာ ဇ ဒ္ဒု ကဲ ဂိုဏ်း သား၊ အ ချို့ မှာ ဖာ ရိ ရှဲ အ ဆက် ဂိုဏ်း သား ဖြစ် ကြောင်း ကို သိ မြင် သော်၊ အ ချင်း ညီ အစ် ကို တို့၊ ကျွန်ုပ် သည် ဖာ ရိ ရှဲ အ ဆက် အ နွယ်၊ ဖာ ရိ ရှဲ ဖြစ်၏။ ကျွန်ုပ် တို့ စောင့် မြော် ရာ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း နှင့် စပ်၍ ကျွန်ုပ် စီ ရင် ခံ ရ သည် ဟု ဟစ် သော်၊


ပေါ လု က အ နည်း နှင့် ဖြစ် စေ၊ အ များ နှင့် ဖြစ် စေ၊ ကိုယ် တော် သာ မ ဟုတ်၊ ယ နေ့ ကြား နာ သ မျှ သော သူ တို့ အား လည်း ဤ အ ချုပ် အ နှောင် များ ကို မ ဆို ဘဲ ကျွန် တော် ကဲ့ သို့ ဖြစ် ခွင့် ကို ဘု ရား သ ခင် သ နား တော် မူ ပါ စေ သော ဟု ပြန် လျှောက်၏။


လူ ပ ရိ သတ် အား ဟော ပြော ကြ လော့ ဟူ သော စ ကား ကို တ မန် တော် တို့ ကြား ကြ သည့် အ တိုင်း၊ နံ နက် စော စော ဗိ မာန် တော် သို့ ဝင်၍ ဒေ သ နာ ပေး ကြ၏။ ပ ရော ဟိတ် မင်း နှင့် အ ပေါင်း အ ဖော် တို့ လည်း လွှတ် တက် လျက် လွှတ် တော် အ ရာ ရှိ ဣ သ ရေ လ အ မျိုး သား လူ ကြီး ဟူ သ မျှ ကို စည်း ဝေး စေ ပြီး လျှင် တ မန် တော် တို့ ကို ထုတ် သွင်း စေ ရန် နှောင် အိမ် သို့ လူ လွှတ် ကြ သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ