ဆီဇာရီးယားမြို့၌ ကော်နေလိအမည်ရှိသောသူ တစ်ယောက်ရှိ၏။ သူသည် အီတလီတပ်ဟု ခေါ်သောတပ်တွင် လူတစ်ရာကိုအုပ်ချုပ်သည့် ရောမတပ်မှူးတစ်ဦးဖြစ်၏။
တမန်တော်ဝတ္ထု 21:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နောက်တစ်နေ့တွင် ကျွန်ုပ်တို့သည် ထိုမြို့မှ ထွက်ခွာ၍ ဆီဇာရီးယားမြို့သို့ ရောက်ကြ၏။ ကျွေးမွေးခြင်းအမှုကို ဆောင်ရွက်ရန် ရွေးချယ်ခြင်းခံရသောလူခုနှစ်ဦးအနက် တစ်ဦးဖြစ်သော၊ သတင်းကောင်းဟောပြောသူ ဖိလိပ္ပု၏အိမ်သို့ ဝင်၍ တည်းခိုကြ၏။ Common Language Bible နောက်တစ်နေ့၌ထွက်ခွာပြန်ရာကဲသရိမြို့ သို့ရောက်ကြ၏။ ကျွန်ုပ်တို့သည်ဧဝံဂေလိ တရားဟောဆရာဖိလိပ္ပု၏အိမ်တွင်တည်း ခိုကြ၏။ ဖိလိပ္ပုကားတပည့်တော်များကို ကူညီရန် ယေရုရှလင်မြို့အသင်းတော်က ရွေးချယ်သောလူခုနစ်ဦးတို့တွင်တစ်ဦး ဖြစ်၏။- Garrad Bible နောက် နေ့ ထွက် ပြန်၍ ကဲ သ ရိ မြို့ သို့ ရောက် သည့် ကာ လ၊ ခု နစ် ပါး အ ပါ အ ဝင် ဓ မ္မ က ထိ က ဆ ရာ ဖိ လိ ပ္ပု အိမ် သို့ ဝင်၍ တည်း နေ ကြ ၏။ Judson Bible နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင် သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့တွင် ထွက်ခွာ၍ ဆီဇာရီးယားမြို့သို့ရောက်ပြီးလျှင် ရွေးကောက်ခံရသူခုနစ်ဦးထဲမှ တစ်ဦးဖြစ်သည့်ကောင်းမြတ်သောသတင်းဟောပြောသူ ဖိလိပ္ပု၏အိမ်သို့ဝင်၍ သူ့ထံ၌တည်းခိုကြ၏။ |
ဆီဇာရီးယားမြို့၌ ကော်နေလိအမည်ရှိသောသူ တစ်ယောက်ရှိ၏။ သူသည် အီတလီတပ်ဟု ခေါ်သောတပ်တွင် လူတစ်ရာကိုအုပ်ချုပ်သည့် ရောမတပ်မှူးတစ်ဦးဖြစ်၏။
ထိုရူပါရုံကို မြင်ရပြီးသောအခါ ထိုပြည်သားတို့အား သတင်းကောင်းဟောပြောရန် ကျွန်ုပ်တို့ကို ဘုရားသခင်ခေါ်တော်မူပြီဟု ယုံကြည်ကာ မာကေဒေါနိပြည်သို့ သွားရန် ချက်ချင်းဆုံးဖြတ်ကြ၏။
ဥပုသ်နေ့တွင် ကျွန်ုပ်တို့သည် မြို့တံခါးအပြင်သို့ ထွက်၍ ဆုတောင်းရန် နေရာရှိနိုင်မည့် မြစ်ကမ်းနားသို့ သွားကြ၏။ ထို့နောက် ကျွန်ုပ်တို့သည် ထိုင်၍ ထိုနေရာတွင် စုဝေးနေကြသောအမျိုးသမီးတို့အား ဟောပြောကြ၏။
တစ်နေ့တွင် ကျွန်ုပ်တို့သည် ဆုတောင်းရာအရပ်သို့ သွားနေစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံအမျိုးသမီးတစ်ဦးကို တွေ့ကြ၏။ ထိုသူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် ဝင်ငွေများစွာ ရှာဖွေပေးလျက်ရှိ၏။
ဆီဇာရီးယားမြို့သို့ ရောက်သောအခါ ဂျေရုဆလင်မြို့သို့တက်၍ အသင်းတော်ကိုနှုတ်ဆက်ပြီးလျှင် အန္တိအုတ်မြို့သို့ ဆင်းသွား၏။
ကျွန်ုပ်တို့သည် သင်္ဘောပေါ်သို့ ဦးစွာတက်ပြီးလျှင် ပေါလုကို ခေါ်တင်ရမည့် အဿုမြို့သို့ ရွက်လွှင့်ကြ၏။ သူသည် ထိုမြို့သို့ ကုန်းလမ်းခရီးဖြင့် သွားရန် ဆုံးဖြတ်ထားသောကြောင့် ဤသို့ စီစဉ်ခဲ့ခြင်းဖြစ်၏။
ကျွန်ုပ်တို့သည် တဆေးမဲ့မုန့်ပွဲတော်ရက်များ ပြီးသည့်နောက် ဖိလိပ္ပိမြို့မှ သင်္ဘောစီး၍ ငါးရက်ကြာလျှင် တရောမြို့သို့ ဆိုက်ရောက်ကြ၏။ ထိုမြို့တွင် ခုနစ်ရက်နေထိုင်ကြ၏။
ဆီဇာရီးယားမြို့မှ တပည့်တော်တချို့သည်လည်း ကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာကြပြီး သူတို့က တပည့်တော်ဟောင်းတစ်ဦးဖြစ်သော ဆိုက်ပရပ်ကျွန်းသား မနာသုန်၏အိမ်သို့ တည်းခိုရန် ခေါ်သွားကြ၏။
တပ်မှူးကြီးသည် တပ်မှူးနှစ်ဦးကို ခေါ်၍ “ညကိုးနာရီအချိန်၌ ဆီဇာရီးယားမြို့သို့သွားရန် စစ်သားနှစ်ရာ၊ မြင်းစီးတပ်သားခုနစ်ဆယ်နှင့် လှံကိုင်တပ်သားနှစ်ရာတို့ကို အဆင်သင့်ပြင်ဆင်ကြလော့။
ဖေတ္တုမင်းသည် ကျွန်ုပ်တို့ကို အီတလီသို့ သင်္ဘောဖြင့် ပို့ရန် ဆုံးဖြတ်ပြီးနောက် ထိုသူတို့က ပေါလုနှင့် အခြားအကျဉ်းသားတချို့ကို ဩဂတ်စတပ်နှင့်ဆိုင်သောတပ်၏တပ်မှူး၊ ယုလိအမည်ရှိသောသူထံသို့ လွှဲပြောင်းကြ၏။
သုံးလကြာသော် ကျွန်ုပ်တို့သည် ထိုကျွန်း၌ဆောင်းကာလကတည်းက ရပ်နားထားသောသင်္ဘောဖြင့် ရွက်လွှင့်ကြ၏။ ထိုသင်္ဘောသည် အလက်ဇန်းဒါးမြို့မှ လာ၍ သင်္ဘောဦးတွင် နတ်ဘုရားအမြွာညီနောင်ရုပ် ပါရှိလေ၏။
ရောမမြို့သို့ ကျွန်ုပ်တို့ရောက်သောအခါ ပေါလုသည် အကျယ်ချုပ်ဖြင့် သီးသန့်နေခွင့်ရပြီး သူ့အား စောင့်ကြပ်သည့်စစ်သားတစ်ဦးသည်လည်း သူနှင့်အတူ ရှိ၏။
တမန်တော်တို့ပြောသောအရာများကို ယုံကြည်သူများအားလုံးသည် နှစ်သက်ကြလျက် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံသောသတေဖန်နှင့်တကွ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် ဂျူးဘာသာဝင်ဖြစ်လာသူ အန္တိအုတ်မြို့သားနိကောလတို့ကို ရွေးချယ်ကြ၏။
ထိုအကြောင်းကို ယုံကြည်သူတို့ ကြားသိသောအခါ သူ့အား ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်လာပြီး တာရှုမြို့သို့ လွှတ်လိုက်ကြ၏။
ခရစ်တော်သည် တချို့ကို တမန်တော်အဖြစ်လည်းကောင်း၊ တချို့ကို ပရောဖက်အဖြစ်လည်းကောင်း တချို့ကို သတင်းကောင်းဟောပြောသူအဖြစ်လည်းကောင်း၊ တချို့ကို သင်းအုပ်ဆရာနှင့် ဆရာအဖြစ်လည်းကောင်း ခန့်ထားတော်မူ၏။
သို့သော်လည်း သင်သည် အရာရာ၌ သတိရှိလော့။ ဆင်းရဲဒုက္ခကို သည်းခံ၍ သတင်းကောင်းဟောပြောသူတစ်ဦး ဆောင်ရွက်ရမည့် အမှုကို ပြုလျက် အမှုတော်ကို အပြည့်အဝဆောင်ရွက်လော့။