ပုံဥပမာများမသုံးဘဲ လူထုပရိသတ်တို့အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များနှင့် သီးခြားရှိချိန်တွင် ထိုပုံဥပမာများ၏ အနက်အဓိပ္ပာယ်ကို သူတို့အား ရှင်းပြတော်မူ၏။
တမန်တော်ဝတ္ထု 20:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် လူထုပရိသတ်ရှေ့တွင်ဖြစ်စေ၊ တစ်အိမ်ဝင်တစ်အိမ်ထွက်ဖြစ်စေ၊ သွန်သင်ရာတွင် ကျွန်ုပ်သည် သင်တို့အတွက် အကျိုးရှိသောအရာကို ဟောပြောရန် မတွန့်ဆုတ်။ Common Language Bible လူပရိသတ်ရှေ့တွင်လည်းကောင်း၊ သင်တို့ အိမ်များတွင်လည်းကောင်း ငါဟောပြောသွန် သင်သောအခါသင်တို့အားအကျိုးရှိစေ မည့်စကားများကိုအဘယ်အခါ၌မျှ ချန်လှပ်၍မထားခဲ့။- Garrad Bible ဘု ရား သ ခင့် မျက် မှောက် တွင် နောင် တ ရ ခြင်း၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကို ယုံ ကြည် ခြင်း အ ကြောင်း၊ ယု ဒ လူ မျိုး နှင့် ဂ ရိတ် လူ မျိုး တို့ အား သက် သေ ခံ လျက် လူ ပ ရိ သတ် ရှေ့ နှင့် အိမ် များ တွင် သင် ကြား ခြင်း၊ သင် တို့ အ ကျိုး ကျေး ဇူး ဖြစ် ထွန်း စေ ရာ အ ကြောင်း ကြော် ငြာ ခြင်း များ မှ မ တွန့် တို ဘဲ မည် သို့ နေ သည် ကို လည်း ကောင်း၊ သင် တို့ သိ ကြ၏။ Judson Bible သင်တို့အကျိုးပြုစုရာ တစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း၊ သင်တို့အားဟောပြော၍ ဆုံးမဩဝါဒ ပေးသဖြင့်၊- မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့အတွက် အကျိုးရှိမည့်အရာရှိသမျှကို တွန့်ဆုတ်ခြင်းမရှိဘဲ သင်တို့အားဖော်ပြလျက် လူအများရှေ့၌ဖြစ်စေ၊ တစ်အိမ်ပြီးတစ်အိမ်ဖြစ်စေ သွန်သင်ကာ |
ပုံဥပမာများမသုံးဘဲ လူထုပရိသတ်တို့အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များနှင့် သီးခြားရှိချိန်တွင် ထိုပုံဥပမာများ၏ အနက်အဓိပ္ပာယ်ကို သူတို့အား ရှင်းပြတော်မူ၏။
ထိုသူတို့သည် နေ့စဉ် ဗိမာန်တော်၌ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ အိမ်များ၌ မုန့်ကိုဖဲ့ခြင်း၊ ဝမ်းမြောက်သောစိတ်နှင့် ရက်ရောသောစိတ်တို့ဖြင့် မိမိတို့၏အစာကို စားသုံးကြခြင်း စသည်တို့ကိုပြုလုပ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အကြံစည်တော်ရှိသမျှကို သင်တို့အား ဟောပြောရာ၌ ကျွန်ုပ်သည် မတွန့်ဆုတ်ခဲ့သောကြောင့်ဖြစ်၏။
ထို့ကြောင့် သတိနှင့်နေကြလော့။ ကျွန်ုပ်သည် သုံးနှစ်တာပတ်လုံး နေထိုင်ခဲ့သည်တွင် နေ့ညမပြတ် မျက်ရည်ကျလျက် သင်တို့အား တိုက်တွန်းနိုးဆော်ခဲ့သည်ကို သတိရကြလော့။
အာနနိသည် ဇနီးသည်နှင့် သဘောတူလျက် ရောင်းရငွေတချို့ကို မိမိအတွက် ဖယ်ထားကာ ကျန်ငွေတချို့ကိုသာ ယူဆောင်ခဲ့ပြီးလျှင် တမန်တော်တို့ထံ အပ်လေ၏။
ထို့နောက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသော သတင်းကောင်းကို ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း နေ့စဉ်မရပ်မနား ဟောပြောသွန်သင်ကြ၏။
အများကောင်းကျိုးဖြစ်စေရန် ဝိညာဉ်ဆုကျေးဇူးကို ကျွန်ုပ်တို့ တစ်ဦးစီတိုင်းအား ပေးတော်မူ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံသို့ လာ၍ သင်တို့နားမလည်သော အခြားဘာသာစကားဖြင့် ပြောဆိုသော်လည်း ဗျာဒိတ်တော်ဖွင့်ပြခြင်း၊ အသိပညာမျှဝေခြင်း၊ ပရောဖက်ပြုခြင်း၊ သင်ကြားခြင်းတို့ဖြင့် မပြောဆိုလျှင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။
ကျွန်ုပ်ကိုယ်တိုင် ခံယူရရှိခဲ့သည့် အရေးကြီးဆုံးသောအရာကို သင်တို့အား ကျွန်ုပ်လက်ဆင့်ကမ်းခဲ့၏။ ထိုအရာမှာ ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံတော်မူသည့်အကြောင်း၊
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… သင်တို့အတွက် သခင်ဘုရား ပြုတော်မူသောအမှုကြောင့် ဝမ်းမြောက်ကြလော့။ သင်တို့ထံ ယခင်က ကျွန်ုပ် ရေးခဲ့သော အကြောင်းအရာများကို ယခုထပ်မံ၍ ရေးရခြင်းသည် ကျွန်ုပ်အတွက် အပန်းမကြီးပေ။ မှားယွင်းသောသွန်သင်မှုဘေးမှ သင်တို့ကို ပို၍ ကာကွယ်ရန် ဖြစ်၏။
ကျွန်ုပ်တို့သည် လူတိုင်းကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေ၍ ရင့်ကျက်သောသူများအဖြစ် ဘုရားသခင်ထံ ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ရှိသမျှသောဉာဏ်ပညာဖြင့် လူတိုင်းကို သွန်သင်လျက် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
အခွင့်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆင်သင့်ဖြစ်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အလွန်စိတ်ရှည်စွာ သွန်သင်၍ အပြစ်ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေးတိုက်တွန်းခြင်းတို့ကို ပြုလော့။