ထိုအခါ လူအပေါင်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ ဖြစ်၏” ဟု ရေးသားထား၏။
တမန်တော်ဝတ္ထု 2:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ဘုရားသခင်က “နောက်ဆုံးသောနေ့ရက်များ၌ ငါ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ် သွန်းလောင်း၍ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ရူပါရုံကို မြင်၍ အသက်ကြီးသောသူတို့သည် အိပ်မက်များကို မက်ကြလိမ့်မည်။ Common Language Bible `အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။ Garrad Bible ဗျာ ဒိတ် တော် ကား၊ နောင် လာ လ တ္တံ့ သော ကာ လ တွင် လူ အ ပေါင်း တို့ အ ပေါ် သို့ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း သ ဖြင့် သင် တို့ သား သ မီး များ သည် တ ရား ဟော လျက် လူ ပျို တို့ သည် ရူ ပါ ရုံ မျှော် မြင် လျက်၊ လူ အို တို့ သည် အိပ် မက် လျက် နေ ရ ကြ လ တ္တံ့။ Judson Bible ဟောဖူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။ |
ထိုအခါ လူအပေါင်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ ဖြစ်၏” ဟု ရေးသားထား၏။
သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။
ယေရှုမိန့်တော်မူသော အသက်စမ်းရေသည် ယုံကြည်သောသူတို့ လက်ခံရရှိမည့် သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့အပေါ် သက်ရောက်စေတော်မမူသေးပေ။
ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်သည် လူမျိုးခြားများအပေါ်တွင်ပင် သွန်းလောင်းသည်ကို ပေတရုနှင့်ပါလာသော အရေပြားလှီးခြင်းမင်္ဂလာကို ခံယူကြသည့် ယုံကြည်သူတို့သည် အံ့ဩကြ၏။
သူတို့အထဲမှ အာဂဗုအမည်ရှိသောသူသည် ထ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ပြင်းထန်သောအစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်ဟု ဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ကြိုဟောလေ၏။ ထိုအစာခေါင်းပါးခြင်းသည် ကလောဒိမင်းလက်ထက်တွင် ဖြစ်ပွား၏။
ထိုနေ့ရက်များ၌ ငါ၏အစေခံအမျိုးသမီး၊ အမျိုးသားများအပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းသဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။
ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်တော်မူခြင်းခံရ၏။ ထို့နောက် ကတိထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ကို အဖဘုရားထံမှ ခံယူသည်နှင့်အညီ၊ ထိုသခင်သည် သင်တို့မြင်တွေ့ကြားသိသည့်အတိုင်း ဤသန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူပြီ။
ဤမျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို မိမိ၏မေတ္တာတော်နှင့် ပြည့်စေတော်မူသောကြောင့်ဖြစ်၏။
ဝိညာဉ်တော်သည် လူတစ်ယောက်အား အံ့ဖွယ်တန်ခိုးပြနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ပရောဖက်ပြုဟောပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာနှင့် အခြားဝိညာဉ်ထံမှ လာသောအရာတို့ကို ပိုင်းခြားနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းကိုလည်းကောင်း၊ အခြားတစ်ယောက်အား ထိုဘာသာစကားများ၏ အနက်ကို ပြန်နိုင်စွမ်းကိုလည်းကောင်း ပေးတော်မူ၏။
အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။
ဤနောက်ဆုံးသောနေ့ရက်များတွင်မူ ဘုရားသခင်သည် မိမိသားတော်မှတစ်ဆင့် ကျွန်ုပ်တို့အား စကားပြောတော်မူ၏။ ဘုရားသခင်သည် သားတော်ကို အရာအားလုံး၏ အမွေခံဖြစ်စေတော်မူပြီး ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူ၏။
သင်တို့၏ရွှေငွေများသည် အကြေးအညှိတက်၍ ပျက်စီးလေပြီ။ ထိုအကြေးအညှိသည် သင်တို့ကို တရားခွင်၌ စွပ်စွဲမည့် သက်သေဖြစ်ပြီး သင်တို့၏ကိုယ်ခန္ဓာကို မီးကဲ့သို့ လောင်ကျွမ်းပျက်စီးစေလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်များ၌ စည်းစိမ်ဥစ္စာများကို သိုထားကြလေပြီ။
ဦးစွာ သင်တို့အား သတိပေးလိုသည်မှာ နောက်ဆုံးသောနေ့ရက်များ၌ မထီမဲ့မြင်ပြုသူတို့သည် ပေါ်ပေါက်လာ၍ မိမိတို့၏တပ်မက်မှုများအတိုင်း ပြုမူကြလိမ့်မည်။