တမန်တော်ဝတ္ထု 2:17 - Garrad Bible17 ဗျာ ဒိတ် တော် ကား၊ နောင် လာ လ တ္တံ့ သော ကာ လ တွင် လူ အ ပေါင်း တို့ အ ပေါ် သို့ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း သ ဖြင့် သင် တို့ သား သ မီး များ သည် တ ရား ဟော လျက် လူ ပျို တို့ သည် ရူ ပါ ရုံ မျှော် မြင် လျက်၊ လူ အို တို့ သည် အိပ် မက် လျက် နေ ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Common Language Bible17 `အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible17 ဟောဖူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း17 ‘ဘုရားသခင်က “နောက်ဆုံးသောနေ့ရက်များ၌ ငါ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ် သွန်းလောင်း၍ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ရူပါရုံကို မြင်၍ အသက်ကြီးသောသူတို့သည် အိပ်မက်များကို မက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါ့ ထုံး ဖွဲ့ ချက် များ အ တိုင်း လျှောက် လိုက် ခြင်း၊ ဆုံး ဖြတ် ချက် များ ကို စောင့် ထိန်း လိုက် နာ ခြင်း ပြု ကြ ရ အံ့ သော ငှာ၊ ငါ လည်း စိတ် သ ဘော တစ် မျိုး ကို ပေး လျက်၊ စိတ် ဝိ ညာဉ် သစ် ကို သွင်း လျက်၊ ကျောက် ခဲ နှ လုံး ကို နုတ် ယူ၍၊ အ သား နှ လုံး ပေး သ နား သ ဖြင့်၊ သူ တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သူ တို့ ဘု ရား သ ခင် ဖြစ် မည်။
ဒါ ဝိဒ် မင်း မျိုး မှ စ သော၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ အ ပေါ်၌၊ ကျေး ဇူး တော် ရ လို၍၊ အ သ နား တော် ခံ သော သ ဘော ကို သွန်း လောင်း သ ဖြင့်၊ ၎င်း တို့ သည်၊ ထိုး ဖောက် ခဲ့ သော သူ့ ကို ရှု မြော်၍ ဧ က ပု တ္တ သား အ တွက် မြည် တမ်း သ ကဲ့ သို့ လည်း ကောင်း၊ သား ဦး အ တွက် ကြင် နာ သ ကဲ့ သို့လည်း ကောင်း၊ မြည် တမ်း ကြင် နာ ကြ လ တ္တံ့။
လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ရ သူ တို့ အ နက် ယုံ ကြည်၍ ပေ တ ရု နှင့် လိုက် လာ သူ တို့ သည် ဘာ သာ စ ကား ထူး ပြော ဆို လျက် ဘု ရား သ ခင့် ဂုဏ် တော် ချီး မြှောက် ကြ သည် ကို ကြား ရ သည် နှင့် လူ မျိုး ခြား တို့ အ ပေါ် သို့ လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ဆု ကျေး ဇူး ကို သွန်း လောင်း တော် မူ သည့် အ တွက် အံ့ သြ ကြ ရာ၊